ငြိမ်းချမ်းရေးဖြစ်စဉ်ဆောင်ရွက်နေချိန် ပဋိပက္ခ ပိုဖြစ်ပွားနေ

စစ်ပွဲများရပ်တန့်ဖို့ ငြိမ်းချမ်းရေးဖြစ်စဉ် ဆောင်ရွက်နေသော်လည်း ပဋိပက္ခများပို ဖြစ်ပွားနေသည် ဟု WLB အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) က ပြောသည်။

အဆိုပါ ပြောဆိုချက်သည် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် ဒီဇင်ဘာ ၉ ရက်နေ့တွင် ၁၉ နှစ်ပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ပြည်တွင်းစစ်ကြီး အပြီးသတ်ချုပ်ငြိမ်းရန် ရည်ရွယ် ၍ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ဆောင်ရွက်နေသော်လည်း လက်တွေ့မှာ ပဋိပက္ခချုပ်ငြိမ်းရေး ကို ဖြေရှင်းနိုင်ခြင်းမရှိသည့်အပြင် ပိုဖြစ်ပေါ်စေရန် တွန်းအားပေးနေသည်ဟု အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာ နိုုင်ငံ) က သုံးသပ်ပြောဆိုလိုက်သည်

ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် လက်နက်ကိုင် ပဋိပက္ခ များ၏ ဓားစာခံ အဖြစ်ခံနေရသော အမျိုးသမီးထု၏ ကိုယ်စား ပြုမှုသည် ဆုံးဖြတ်ချက်ချမှတ်သည့်နေရာများတွင် လုံလောက်စွာ ရှိမနေကြောင်း၊ ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တန်းတူရေး ကို အခြေမခံသည့်အပြင် အားလုံးပါဝင်မှု မရှိဘဲ ဆောင်ရွက်ပါက ဟန်ပြ ငြိမ်းချမ်ေးရး သာ ဖြစ်မည်၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး အလှမ်းဝေးနေဦးမည် ဟု လည်း အမျိုးသမီးများအဖွဲ့ (မြန်မာနိုင်ငံ) က ထောက်ပြပြောဆိုလိုက်သည်။

စစ်ပွဲကြောင့် အမျိုးသမီးများမုဒိမ်းမှုကျင့်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ ညှင်းပန်းနှိပ်စက်ခံရခြင်း၊ အတင်းအဓမ္မ လုပ်အားစေခိုင်းခံရခြင်း၊ ပေါ်တာဆွဲခံရခြင်း၊ အခြားလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရခြင်းတို့မှ ယနေ့ကာလထိ ခံစားနေရသည် ဟု အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ ၁၉ နှစ်ပြည့်ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထို့အပြင် ၂၀၁၈ ခုနစ်တွင် သျှမ်းပြည်နယ် အတွင်း မြန်မာတပ်မတော် နှင့်တိုင်းရင်းသားဖြစ်သည့် တိုက်ပွဲသာမက တိုင်းရင်းသားအချင်းချင်းသာဖြစ်သည့် တိုက်ပွဲများကလည်း ရှိနေသဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုက ပိုများလာ ကြောင့် သျှမ်းအမျိုးသမီးရေးရာ ဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေး ( SWAN)၏ စစ်တမ်း ကောက်ချက် အရ သိရသည်။

“ ဒီနှစ်အတွင်း သျှမ်းပြည်နယ်မှာ တိုက်ပွဲတွေ ပိုများလာတယ်။ တိုက်ပွဲတွေက ရွာ အနီးတဝှိက်မှာ ဖြစ်နေတဲ့ အတွက် လက်နက်ကိုင်တွေက ရွာသားတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်တယ်။ အဲ့မှာ အမျိုးသမီးပါတယ်။ ဒေသခံတွေရဲ့ လွတ်လပ်မှုကို ပိတ်ပင်ထားတယ်” ဟု SWAN မှ သတင်းပြန်ကြားရေးနှင့် မှတ်တမ်းတင်ရေး မှ နန်းခမ်းအွန် က ပြောသည်။

ဆက်လက်ပြီး လက်ရှိ တိုင်းရင်းသားနယ်မြေမှာ ဖြစ်ပွားနေသည့် တိုက်ပွဲများရပ်ဆိုင်မှသာ အရပ်သားပြည်သူများ၊ အမျိုးသမီးများ၏ ဘဝလုံခြုံမှု၊ ဒေသဖွံ့ဖြိုးမှုများ၊ ကလေးပညာရေး၊ လယ်ယာစိုက်ပျိုးရေးများ ကောင်းမွန်စွာ လုပ်ဆောင်နိုင်မည် ဟု နန်းခမ်းအွန် က ပြောသည်။

ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ကို တည်ဆောင်နိုင်ရန် အတွက် တိုင်းရင်းသား ဒေသအသီးသီး တွင် စစ်ပွဲများရပ်တန့်ရန် အမျိုးသမီး များအဖွဲ့ချုပ် (မြန်မာ နိုင်ငံ) က တောင်းဆိုလိုက်သည်။

စစ်ပွဲများအတွင်း ခံစားခဲ့ရသည့် ပြည်သူများ၏ ဘဝ ရပ်တည်ရှင်သန်နိုင်ရန် အတွက် တိုင်းရင်းသားဒေသ အသီးသီးတွင် တိုးချဲ့ထားသည့် အစိုးရတပ်မတော် များ နောက်ဆုတ်ပေးရန် လည်း တောင်းဆိုထားသည်။

အမျိုးသမီးများသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း(၇၀) ကျော်ကြာ ပြည်တွင်းစစ်ကြီး၏ ဆိုးဒဏ် ကိုခါးစည်းခံ လာရသည့်မှာ ယနေ့ထိဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...

တာချီလိတ်က အမျိုးသမီးအလောင်းဖျောက်မှု အရှုပ်တော်ပုံ

0
သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုတွင် အလောင်းဖျောက်ရန် ပူးပေါင်းကြံစည်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တာချီလိတ်မြို့ရှိ Sky...

ပျောက်ဆုံးနေသည့် အမျိုးသမီးအကြောင်း ရဲစခန်းသွားတိုင်ကြားချိန် အလောင်းဖျောက် မီးသင်္ဂြိုလ်ပြီးနေ

0
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် အမျိုးသမီးငယ်တစ်ဦး ရက်အတော်ကြာ ပျောက်ဆုံးခဲ့ပြီးနောက် မိသားစုမှ ရဲစခန်းသို့ အမှုဖွင့်ရန် သွားရောက်တိုင်ကြားချိန်မှ ၎င်းအမျိုးသမီးအလောင်း မီးသင်္ဂြိုလ်ပြီးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦးသည် ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၁၃ ရက်) တွင် တာချီလိတ်မြို့ (Sky...

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...

“၁၀၂၇ စစ်ဆင်ရေး”အောက်က အမျိုးသမီးများ၏ အိပ်မက်ဆိုး

0
“အဲ့နေ့က ကျမတို့ ကျည်ထိပြီး သေပြီထင်ခဲ့တာ။ အိမ်ရှေ့မှာ လက်နက်ကြီး တစ်လုံးကျတယ်၊ ပြီးတော့ မိုးကလည်းရွာ။ လက်နက်ကြီးသံကြား သမီးက တစ်ဖက်၊ ၇ လအရွယ် သားငယ်လေးက တစ်ဖက်နဲ့ အရဲစွန့်ပြီး ထွက်ပြေးရတာ”ဟု *နန်းလောဝ်ခမ်းတစ်ယောက် စစ်ဘေးရှောင်ခဲ့ရသည့် အကြောင်းအား ပြန်ပြောနေသည်။ *နန်းလောဝ်ခမ်း ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထိုအဖြစ်အပျက်သည်...