တာချီလိတ်က အမျိုးသမီးအလောင်းဖျောက်မှု အရှုပ်တော်ပုံ

သျှမ်းပြည် တာချီလိတ်မြို့တွင် အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်တစ်ဦး သေဆုံးမှုတွင် အလောင်းဖျောက်ရန် ပူးပေါင်းကြံစည်ခဲ့သူ အမျိုးသားတစ်ဦးကို ဖမ်းဆီးရမိထားကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ အသက် ၂၁ နှစ် အရွယ်ရှိ အမျိုးသမီးငယ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်တွင် တာချီလိတ်မြို့ရှိ Sky Club မှအပြန် အမျိုးသားတစ်ဦးနှင့် ပျောက်ဆုံးသွားခဲ့ပြီး၊ ဖေဖော်ဝါရီလ ၁၆ ရက်တွင် စောင်ဖြင့်ပတ်ထားသည့် သေဆုံးနေသော ရုပ်အလောင်းကို အရှေ့မြို့ပတ်လမ်း တစ်နေရာတွင် တွေ့ရှိခဲ့သည်။

ထို့နောက် သေဆုံးနေသည့် အမျိုးသမီး အလောင်းကို သွားရောက်သယ်ဆောင်ခဲ့သည့် တာချီလိတ်မြို့ရှိ စစ်တပ်လက်အောက်ခံ သက်ဆိုင်ရာ ရဲတပ်ဖွဲ့များမှ မိသားစုဝင်များထံ အကြောင်းကြားခြင်းမရှိဘဲ မီးသင်္ဂြိုဟ်ခဲ့သည်။

ထိုအမျိုးသမီးအလောင်း ဖျောက်ပစ်ရာတွင် ပူးပေါင်းကြံစည်သူ အဖြစ် ပါဝင်ခဲ့သည့် အမျိုးသားတစ်ဦးကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၂၄ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သေဆုံးသူနှင့် နီးစပ်သည့် ဆွေမျိုးတစ်ဉီးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“အဲ့ဒီ အမျိုးသမီးသေဆုံးတဲ့ ဖြစ်စဉ်မှာက ၃ ယောက်ရှိတယ်၊ အခုတစ်ယောက်က သူ့ကို ဝိန်းကျောက်ဘက်မှာ ဖမ်းမိတယ်တဲ့။ မိတာက တစ်ယောက်ပဲ မိထားသေးတယ်၊ ဒီတစ်ယောက် ဖမ်းခံရပြီး အဲ့အမျိုးသမီးသေဆုံးတဲ့ ပုံတွေ ထပ်ထွက်လာတာ။ ကားပေါ်တင်တဲ့ ပုံတွေလည်း ထွက်လာတယ်”ဟု သေဆုံးသူနှင့် နီးစပ်သည့် ဆွေမျိုးတစ်ဉီးက ပြောသည်။

ပူးပေါင်းကြံစည်သူအဖြစ် ရဲတပ်ဖွဲ့ဖမ်းဆီးထားသည့် အမျိုးသားသည် အသက် (၂၅) နှစ်ဝန်းကျင် စိုင်းဇော်ပိုင် ဆိုသူ ဖြစ်ပြီး တာချီလိတ်မြို့ ပါလျှံ(၁) ၊ ရန်အောင်မြေ ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသူကို ဆက်လက်စစ်ဆေးခဲ့ရာ အလောင်းဖျောက်ဖျက် ကျူးလွန်ရာတွင် ဉာဏ်လင်းထက် (ခ) အားစန်းကော နှင့် မိခင်ဖြစ်သူ ဒေါ်နန်းကိန်ခမ်း ဆိုသူ တရားခံနှစ်ဦး ထပ်မံပါဝင်ပြီး လက်ရှိတွင် ထွက်ပြေးလွတ်မြောက် နေဆဲဖြစ်ကြောင်း သေဆုံးသူနှင့် နီးစပ်သည့် ဆွေမျိုးတစ်ဉီးက ဆက်ပြောသည်။

“သူတို့ထပ်စစ်မေးတော့ ၂ ယောက်ရှိတယ်တဲ့။ နှစ်ယောက်က သူတို့လည်း မဖမ်းမိသေးဘူး။ ထိုင်းဘက်ပြေးသွားတယ် ပြောတယ်။ သူ့ချစ်သူဆိုတဲ့ တစ်ယောက်နဲ့ အဲ့ကောင်လေးရဲ့ အမေနဲ့။ အဲ့ကောင်လေးက သူ့ကို ကားပေါ်ခေါ်တင်တဲ့ CCTV ပုံတွေလည်း ထွက်လာတယ်”ဟု သေဆုံးသူနှင့် နီးစပ်သည့် ဆွေမျိုးတစ်ဉီးက ပြောသည်။

ထိုအမျိုးသမီး သေဆုံးမှုနှင့် ပတ်သက်ပြီး အမှုမှန်ပေါ်ထွက်စေရန်နှင့် အလောင်းဖျောက် ပြစ်မှုကျူးလွန်သည့် တရားခံများကို သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိရောက်စွာ အရေးယူနိုင်မည်ကို မျှော်လင့်မိကြောင်း သေဆုံးသူနှင့် နီးစပ်သည့် ဆွေမျိုးတစ်ဉီးက ပြောသည်။

“သူ့အတွက်လည်း အကောင်းဆုံးတော့ အမှုမှန် ပေါ်ထွက်လာစေချင်တယ်။ သူလည်း အဲ့လို ရက်ရက်စက်စက်နဲ့ ဆုံးသွားရတာဆိုတော့ အမြန်ဆုံး အမှုမှန်နဲ့ သက်ဆိုင်ရာတွေကလည်း တရားခံတွေကို အဘက်ဘက်ကနေ တတ်နိုင်သလို အရေးယူစေချင်တယ်”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ အမှုအခင်းနှင့် ပတ်သက်ပြီး သေဆုံးသူ၏ မိသားစုကို ဆက်သွယ်သိရှိသည်အထိ မစောင့်ခဲ့ဘဲ ရဲတပ်ဖွဲ့မှ အလောင်းဖျောက် မီးသင်္ဂြိုဟ်လိုက်သည့် ကိစ္စအပေါ် မြို့ခံများမှ အကြီးအကျယ် ဝေဖန်မှုများ ရှိနေသည့်အပြင် လက်ရှိ ပစ်မှုကျူးလွန်ပြီး ထွက်ပြေးလွတ်မြောက်နေသည့် တရားခံ သားအမိ ၂ ဦးသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း ပြောဆိုသုံးသပ်မှုများလည်း ရှိနေသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်း-မြန်မာနယ်စပ်ရှိ တာချီလိတ်မြို့တွင် တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာသည့်အပြင် အပြစ်မဲ့ ပြည်သူများ ပျောက်ဆုံးခြင်း၊ ပြန်ပေးဆွဲခံရခြင်း စသည့် ပြစ်မှုကျူးလွန်ခြင်း အမျိုးမျိုးကို ခံနေရသည့် အပြင် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ထိရောက်စွာ အရေးယူပေးနိုင်ခြင်း မရှိ‌ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

တာချီလိတ်မြို့ စက်သုံးဆီ ရောင်းချမှုကို ပြန်လည်ကန့်သတ်

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် စက်သုံးဆီ ရောင်းချမှုကို  ယာယီ အကန့်အသတ်ဖြင့် ပြန်လည်ပြုလုပ်လာကြောင်း သတင်းရရှိသည်။  သျှမ်းပြည် အရှေ့ပိုင်းအတွက် လိုအပ်သည့် စက်သုံးဆီများကို ထိုင်းနိုင်ငံဘက်မှ အဓိက တင်သွင်းလျက်ရှိနေ သော်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် စက်သုံးဆီတင်သွင်းမှု နှောင့်နှေးနေသဖြင့် စက်သုံးဆီလက်ကျန်များကို မျှတစွာခွဲဝေရောင်းချနိုင်ရန် ယာယီ ကန့်သတ် ရောင်းချ...

တာချီလိတ်မြို့တွင် ရေကြီးရေလျှံလို့ ဈေးဆိုင်အချို့ ပိတ်သိမ်းထားရ

0
သျှမ်းပြည်အရှေ့ပိုင်း ၊တာချီလိတ်မြို့တွင် မိုးအနည်းငယ်ရွာသည်နှင့် ရေတက်လာကာ ရေကြီးရေလျှံမှုကြောင့် ဈေးဆိုင် အချို့ပိတ်ထားကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဇွန်လ (၁)ရက်တွင် တာချီလိတ်မြို့တွင် မိုးဆက်တိုက် ရွာသွန်းခဲ့သောကြောင့် တာလောရပ်ကွက်ရှိ တာလောဈေးနှင့် သစ်တောရုံးလမ်း နှင့် မကာအိုခမ်း လမ်းကြားဘက်တွင် ရေတက်လာပြီး သွားလာရခက်ခဲကြောင်း သိရသည်။ “တာလောဈေးဘက်ဆို ဈေးဆိုင် တော်‌တော်များများ...

တာချီလိတ် ရေကြီးရေလျှံဖြစ်ပွား

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ရေကြီး‌ ရေလျှံမှု ကြုံတွေ့နေကြောင်း စုံးစမ်းသိရသည်။ တာချီလိတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းခြင်း နှင့် တောင်ကျရေကြောင့် ဆန်ဆိုင်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့် မြန်မာ - ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား အနီးတဝိုက်တွင်...

တာချီလိတ် ဘိန်းစာရွက်ရည်‌ ရောင်းသည့် ဆိုင်များ ဖမ်းဆီးခံရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်မြို့တွင် ဘိန်းစာရွက်ရည် (ကရထွမ့်)‌ ရောင်းချသည့် ဆိုင်များကို စစ်ကော်မရှင် လက်အောက်ခံ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ ဇွန်လ (၂၈) ရက် နေ့လည် ၂ နာရီဝန်းကျင်တွင် တာချီလိတ်မြို့ ရန်အောင်မြေ ရပ်ကွက်၊ ပါလျံရပ်ကွက်၊ မယ်ခေါင်ရပ်ကွက် နှင့်...