သျှမ်း ပြည်နယ် သီပေါမြို့နယ် အတွင်း သျှမ်းလက်နက်ကိုင် အချင်းချင်းဖြစ်ပွားသည့် တိုက်ပွဲကြောင့် စစ်ဘေး ရှောင်များ ထပ်မံတိုးလာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က သတင်းထုတ်ပြန်ထားသည်။
သျှမ်းပြည်နယ် သီပေါမြို့နယ် တွန်ကျိုင်းကျေးရွာ တွင် ဒီဇင်ဘာ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ သျှမ်းပြည် ပြန် လည်ထူထောင်ရေးကောင်စီ RCSS/SSA နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တို့အကြား တိုက်ပွဲ များ ဖြစ်ပွားမှုကြောင့် ရွာပေါင်း ၁ဝ ရွာမှ လူဦးရေ ၁,၂ဝဝ ကျော် နေရပ်စွန့်ခွာနေရသည်ဟု UNOCHA ၏ ထုတ်ပြန် ချက်တွင်ရေးသားထားသည်။
အဆိုပါ နေရပ်စွန့်ခွာတိမ်းရှောင်ရသူ အများစုသည် ၂ဝ၁၈ ခုနှစ် အောက်တိုဘာလမှ စတင်၍ ယခုအကြိမ် အပါ အဝင် တိုက်ပွဲများကြောင့် အနည်းဆုံး နှစ်ကြိမ်ထက်မနည်း နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။
နေရပ်စွန့်ခွါတိမ်းရှောင်ရသူများသည် သီပေါမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံခဲ့ကြသည်။
နေရပ်စွန့်ခွာသူများအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲရေး ဦးစီးဌာန၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ အကူအညီများကို ပံ့ပိုးပေးခဲ့ကြောင်းသိရသည်။
ထို့အပြင် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် နေရပ်စွန့်ခွါတိမ်းရှောင်ရသူအားလုံးသည် ၄င်းတို့အိမ်များသို့ ပြန်သွား နို်င်ခဲ့ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သျှမ်းလက်နက်ကိုင် အချင်းချင်းဖြစ်သည့် တိုက်ပွဲကြောင့် သျှမ်းလက်နက်ကိုင် ၂ ဖွဲ့ ၏ ခေါင်းဆောင်များ ထိပ်တိုက်တွေ့ဆုံကာ အမြန်ဆုံးဆွေးနွေးကြရန်လည်း သျှမ်းပြည်သူများတောင်းဆိုနေကြသည်။