သျှမ်းပြည် အတွင်း တိုက်ပွဲ ရပ်တန့်ဖို့ တကိုယ်တော် ဆန္ဒပြ

သျှမ်းပြည်နယ် အတွင်း တိုက်ပွဲများ ရပ်တန့်ရန်နှင့် သျှမ်းပြည်ဝန်ကြီးချုပ် အနေဖြင့် စစ်ပွဲနှင့် ပတ်သက်ပြီး ဆောင်ရွက်ပေးရန် တကိုယ်တော် ဆန္ဒပြ မှု ကို သီပေါမြို့တွင် ပြုလုပ်ခဲ့သည်။

Photo SHAN- သျှမ်းပြည် အတွင်း တိုက်ပွဲ ရပ်တန့်ဖို့ တကိုယ်တော် ဆန္ဒပြသူ သီပေါ မြို့ ဒေသခံ ကိုညီလတ်

တကိုယ်တော် ဆန္ဒပြမှု ကို သီပေါ မြို့နယ် ရဲစခန်းတွင် မတ် ၂၄ ရက်နေ့တွင် ခွင့်ပြုမိန့်တင်ခဲ့ကြောင်း၊ ရဲစခန်း၏ ခွင့်ပြုမိန့်ဖြင့် ဆန္ဒပြခြင်းဖြစ်ကြောင်း တကိုယ်တော် ဆန္ဒပြသူ သီပေါ မြို့ ဒေသခံ ကိုညီလတ် က ပြောပြသည်။

တကိုယ်တော် ဆန္ဒ ပြသည့် ကိုညီလတ် သည် “ စစ်ပွဲကြောင့် သျှမ်းပြည်နယ်မြောက်ပိုင်း က ဒုက္ခရောက်နေပါတယ်။ တချက်လောက် စောင်းငဲ့ကြည့်ပေးပါ” “ သျှမ်းမြောက် မှာ စစ်ပွဲကြောင့် ပြည်သူတွေ ဒုက္ခရောက်နေပါတယ်။ စစ်ပွဲဖန်တီး သူတွေကို ကန့်ကွက်ရှုတ်ချပါ” ဆိုသည့် ပိုစတာများကိုင်ထားသည်။

“ ရခိုင် နှင့် သျှမ်းပြည်မှာ စစ်ပွဲတွေ ရပ်တန့်ဖို့ နှင့် ကချင်ပြည်နယ် မြစ်ဆုံ ဆည် မတည်ဆောက်ဖို့ အတွက် ဆန္ဒပြရခြင်းဖြစ်ပါတယ်” ဟုလည်း ကိုညီလတ် က ဆိုသည်။

သီပေါ မြို့နယ် ရဲတပ်ဖွဲ့ကို ခွင့်ပြုမိန့် စတင်သည့် အချိန်တွင် တကိုယ်တော် အနေဖြင့် တင်ပြခဲ့ကာ နောက်ပိုင်းတွင် သီပေါမြို့ ခံများက ပါဝင်မည်ဟုပြောဆိုကြသဖြင့် အများပြည်သူ ဟု ပြောင်းလဲ တင်ခဲ့သော်လည်း ဆန္ဒပြသည့် ရက်တွင် တကိုယ်တည်း သာဖြစ်ခဲ့သည်ဟုဆိုပါသည်။

“အစကတည်းက ကျနော် တကိုယ်တော် လုပ်ဖို့တင်တာပါ။ တခြားလူတွေ ပါချင်တယ်ဆိုတော့ ကျနော် အများပြောင်းပေးတယ်။ နောက် ပါဝင်မယ်လို့ ပြောပြီး မလာနိုင်တဲ့သူတွေကိုလည်းကျနော် ဘာမှ မပြောလိုပါဘူး” ဟု ကိုညီလတ် က ဆိုပြန်သည်။

နှစ်ပေါင်းများစွာ တိုက်ပွဲများဖြစ်ပွားကာ ဒေသခံပြည်သူများလည်း ထွက်ပြေး တိမ်းရှောင်နေရသဖြင့် တိုင်းပြည် ဂုဏ်သိက္ခာ၊ သျှမ်းပြည် ဂုဏ်သိက္ခာ နှင့် တိုင်းရင်းသားလက်နက်ကိုင် ဂုဏ်သိက္ခာလည်း ထိခိုက်သည်ဟု သူက ပြောသည်။

“တိုင်းရင်းသားလက်နက်ကိုင် တွေ ရဲ့ ခံစားချက်တွေ ယုံကြည်ချက်တွေကိုလည်း လေးစားပါတယ်။ ဒါပေမယ့် သေနတ်နဲ့ တိုက်နေတာ အဆင်မပြေတော့ဘူး။ ဗျူဟာတွေ ပြောင်းစေချင်ပါတယ်” ဟု တကိုယ်တော် ဆန္ဒပြသူ ကိုညီလတ်က ပြောသည်။

ဆက်လက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အနေဖြင့် ပြည်သူများကို မတရား မဖမ်းဆီးရန်၊ နိုင်ငံတော် သမ္မတ ဦးဝင်မြင့် နှင့် သျှမ်းပြည် ဝန်ကြီးချုပ်ကိုလည်း စစ်ပွဲနှင့် ပတ်သတ်ပြီး အသံထွက်ရန် ကိုညီလတ်က တောင်းဆိုလိုက်သည်။

“ ကျနော် အမျိုးသမီးတွေ ကလေးတွေ ပြေးနေတာ မခံစားနိုင်တော့ဘူး။ သျှမ်းပြည် ဝန်ကြီး ချုပ်အနေနဲ့ အသံထွက်ဖို့လိုအပ်တယ်။ ပြည်သူတွေဒုက္ခ ရောက်အောင် မလုပ်ပါနဲ့ လို့ ပြောစေချင်တယ်။ စစ်ရှောင်တွေကိုလည်း ဥပက္ခာ မပြုစေချင်ဘူး။ တလေးတစား လာကြည့်စေချင်ပါတယ်” ဟု ကိုညီလတ်က ထပ်လောင်းပြောသည်။

သျှမ်းပြည်နယ် တွင် ၂၀၁၈ ခုနစ် နှောင်းပိုင်းမှ စပြီး ယနေ့ထိ တိုက်ပွဲများ တင်းမာနေကြပြီး ဒေသခံ ပြည်သူများ အိုးအိမ်စွန့်ခွာက စစ်ဘေးရှောင်နေရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သီပေါတွင် အသက်၁၄နှစ် ညီမဝမ်းကွဲအား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူကို SSPP သေဒဏ်ပေး

0
သျှမ်းပြည် သီပေါမြို့နယ်တွင် အသက်(၁၄) နှစ်အရွယ် ညီမဝမ်းကွဲတော်စပ်သူကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသားတစ်ဦးအား ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တရားရုံးတစ်ခုမှ သေဒဏ်ပေးကာ ကွပ်မျက်လိုက်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၄) ရက် နေ့လယ်ပိုင်းတွင် သီပေါမြို့နယ် စံဖိတ်ကျေးရွာအုပ်စု၊ လွယ်ကျိုင်းကျေးရွာရှိ အသက်(၂၄) နှစ်အရွယ်ရှိ...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

မြန်မာ အာဏာသိမ်း သမ္မတ ထိုင်းလွှတ်တော်သို့ ရောက်ရှိစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦး အော်ဟစ် ဆန္ဒပြ

0
ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် အာဏာသိမ်း သမ္မတ ဦးမင်းအောင်လှိုင် ယနေ့ ဩဂုတ်လ ၇ ရက် (သောကြာနေ့) က ထိုင်းလွှတ်တော်သို့ ရောက်ရှိလာစဉ် ထိုင်းလွှတ်တော်အမတ်တစ်ဦးက "ငြိမ်းချမ်းရေးအတွက်၊ လူသားချင်းစာနာမှုအတွက်" (For peace, for humanity) ဟု ကျယ်လောင်စွာ ကြွေးကြော်၍ ပြင်းပြင်းထန်ထန်...

သီပေါ ဇက်ကူးဆိပ်တွင် စက်လှေနှင့်အတူကား နစ်မြှုပ်ပြီး စက်လှေစီးရန်ကြောက်နေ

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် တာလုံကျေးရွာရှိ ဇက်ကူးဆိပ်တွင် စက်လှေတစီးနစ်မြှုပ်ခဲ့ပြီး လူ ၅ဉီးပျောက်ဆုံးမှုကြောင့် ဒေသခံများ စက်လှေစီးရန် ကြောက်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင် ၁၉ ရက်) နံနက် ၂ နာရီခွဲတွင် တာလုံဇက်ကူးဆိပ်၌ ကားတစ်စီးအား မြစ်ဖြတ်ကူးရန် တင်ဆောင်နေစဉ် ဇက်ကြိုးပြတ်တောက်သွားခဲ့သဖြင့် ဇက်ပေါ်ပါလာသူ ၇...

ချင်းမိုင် တရုတ်ကောင်စစ်ဝန်ရုံးရှေ့ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများ ရုန်းရင်းဆန်ခတ်ဖြစ်၊ ဆန္ဒပြသူ ၂ဉီးဒဏ်ရာရ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့တွင် ယနေ့ (ဇူလိုင် ၆ ရက်) နံနက်က ပြုလုပ်ခဲ့သော ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်များနှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ လူ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ မြန်မာနိုင်ငံအတွင်းရှိ တရုတ်ရင်းနှီးမြှုပ်နှံမှု သတ္တုတွင်းများမှ ထွက်ရှိသော အဆိပ်သင့်ဓာတုပစ္စည်းများက နယ်စပ်ဖြတ်ကျော်ကာ...