Tuesday, January 27, 2026

နိုင်ငံတော်တားမြစ်ချက်ကျော်လွန်ပြီး စက်ရုံလည်ပတ်နေမှု နမ့်ခမ်းဒေသခံများ သမ္မတထံ စာပေးပို့ကန့်ကွက်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ရွှေလီမြစ်ကမ်းဘေး တွင် ဒေသခံလူထုနှင့် သက်ဆိုင်ရာ အာဏာပိုင်များအား အသိမပေးဘဲ လူထုကန့်ကွက်သည့်ကြား နိုုင်ငံတော်ကန့်သတ်ထားသည့်ကြားက စက္ကူစက်ရုံ လည်ပတ်နေသည့်အပေါ် နမ့်ခမ်းရပ်မိရပ်ဖပါ၀င်သည့် လူထုအဖွဲ့ ပူးပေါင်း ၆ ဖွဲ့က နိုင်ငံတော်သမ္မတထံ စာထပ်မံရေးသား ပေးပို့ခဲ့ကြောင်းသိရသည်။

Photo by Numkham Youth: ရွှေလီမြစ်ကမ်းနံဘေး ကြိုးတံတားဟောင်းနဲ့ကြိုးတံတားသစ်ကြားစက္ကူစက်ရုံ

စက္ကူစက်ရုံအား ကန့်ကွက်သည့်စာကို နို၀င်ဘာလ ၂၀ ရက်နေ့က သမ္မတ နှင့် လွှတ်တော်ထံ လိပ်မူပြီး လူထုအဖွဲ့ ၆ ဖွဲ့က ထပ်မံပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

နမ့်ခမ်းမြို့နယ် ရပ်မိရပ်ဖ အဖွဲ့ခေါင်းဆောင် ဆရာစိုင်းအောင်ဝင်းက – “တကယ်တော့ အစိုးရရဲ့ လမ်းဦးစီးဌာန က တားမြစ်ထားတယ် အစကတည်းက။ ရွှေလီတံတားအထက်ပိုင်း ၁ မိုင်နဲ့ အောက်ပိုင်း ၁ မိုင်မှာ ဘာစက်ရုံမှ မဆောက်ရဘူးဆိုတာ။ ဒါကိုသူတို့က မလိုက်နာဘူး။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း ဘယ်သူ့ကိုမှပြောဆိုအကြောင်းကြားတာမရှိဘဲ စက်ရုံတည်ဆောက်တယ်။ လူထုကကန့်ကွက်စာပေးပို့လို့- စက္ကူစက်ရုံကိုစမ်းသပ်လည်ပတ်ကြည့် မယ်ဆိုရင် လူထုကိုအသိပေးရမယ်။ သက်ဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်တွေ အစိုးရကိုအသိပေးရမယ်လို့ မနှစ်က နိုင်ငံတော်အစိုးရ ကနေ စက်ရုံကို စာပေးပို့ထားတယ်။ ဒါပေမယ့် စက္ကူစက်ရုံဘက်က လိုက်နာခြင်းမရှိဘဲ ဘယ်သူ့ ကိုမှအသိမပေးဘဲနဲ့ စမ်းသပ်တာလည်းမဟုတ်တော့ဘဲ လုပ်ငန်းတကယ်လည်ပတ်နေပြီ။ စက္ကူစက်ရုံကနေ လွှတ် တဲ့ ရေညှစ်ရေဆိုး ဓါတုရေတွေဟာ ရွှေလီမြစ်ထဲ စီးဝင်တယ်။ မြစ်ချောင်းကို ပျက်စီးစေတယ်။ လူထုကိုထိခိုက်တယ်။ သဘာဝ ကိုဆိုးကျိုးသက်ရောက်တယ် ။ ဒီဆိုးကျိုးတွေ တွေ့ရတယ်။ ဒီစက်ရုံကြောင့်လမ်းတွေပျက်စီးတယ်။ ဒါတွေကိုလူထုက သဘောမကျဘူး။ ဒါကြောင့်အကြိမ်ကြိမ်ဆန့်ကျင်ကန့်ကွက်ရတာဖြစ်တယ် ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါစက္ကူစက်ရုံသည် နမ့်ခမ်းမြို့နယ် ရွှေလီမြစ်ကူး ကြိုးတံတားသစ်နှင့် ကြိုးတံတားဟောင်းကြား ဟင်လုံ အုပ်စု ဟန်ကမ်းရွာ တွင်တည်ရှိသည်။ လွယ်လွမ်ပြည်သူ့စစ်ပိုင်စက်ရုံဖြစ်ကြောင်း၊ ၂၀၁၇ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ကြောင်း၊ မြန်မာ့မြှားဦး ကုမ္မဏီဟုအမည်တပ်ထားကြောင်း ဟန်ကမ်း ရွာဒေသခံ က ပြောသည်။

စက္ကူစက်ရုံကြောင့်ဒေသခံလူထုနှင့်သဘာဝပတ်ဝန်းကျင်အားထိခိုက်ပျက်စီးစေသဖြင့် လူထုမှ ၂၀၁၇ ခုနှစ် နို၀င်ဘာက မြို့နယ်အုပ်ချုပ်ရေးမှူးထံတကြိမ်၊ ၂၀၁၈ ခုနှစ် မတ်လ က သျှမ်းပြည်နယ်အစိုးရထံတကြိမ်၊ ၂၀၁၈ မေလကသမ္မတရုံးသို့တကြိမ်၊ ၂၀၁၈ နို၀င်ဘာလအတွင်း ခရိုင်အုပ်ချုပ်ရေးမှူးထံတကြိမ်နှင့် သမ္မတ ၊ လွှတ် တော် တို့ထံ တကြိမ် စာရေးသားပေးပို့ကာ ကွင်းဆင်းကြည့်ရှု စီစစ်ပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရ သည်။

တကယ်တော့ ဒီစက်ရုံဟာ တရုတ်ဘက်ကနေပြောင်းလာတဲ့စက်ရုံဖြစ်တယ်။ တရုတ်ဘက်ခြမ်းမှာ လုပ်တုန်း က သဘာဝပျက်စီးလို့ဆိုပြီးတရုတ်အစိုးရက နှင်ထုတ်တာ။ အခုတော့ ကျနော်တို့ဘက်မှာ လာထောင်တော့ ကျနော်တို့နိုင်ငံအစိုးရ မကူညီရင် ကျနော်တို့ နမ့်ခမ်းဒေသခံလူထုက ဆိုးကျိုးထိတော့မယ်လေ။ ဟန်ကမ်းရွာ လူထုရဲ့စားကျက်မြေမှာ ဘယ်သူ့ကိုမှအသိမပေးဘဲနဲ့စက်ရုံတည်ဆောက်လည်ပတ်နေတဲ့ ဒီစက္ကူစက်ရုံ နမ့်ခမ်း မှာထောင်မယ့် ပထမဆုံးစက္ကူစက်ရုံဘဲ ။ မူစယ်မှာတော့ များတယ်။ မူစယ်မှာလည်း လူထုက ဆိုးကျိုးတွေ ခံစားရလို့ အခု မူစယ်နဲ့နမ့်ခမ်းလူထု ပူးပေါင်းပြီး ဒီစက္ကူစက်ရုံတွေကို ဆန့်ကျင်ကန့်ကွက်သွားမှာ။ ” – ဟု မူစယ်ဒေသခံ စိုင်းအိုက်စိုင်းကလည်းပြောသည်။

ဒေသအာဏာပိုင်များနှင့် လူထုပူးပေါင်းအဖွဲ့များမှ ပြီးခဲ့သည့်အပတ်က စက်ရုံအားကွင်းဆင်း စစ်ဆေးရာတွင် ပြီးခဲ့သည့်နှစ်ကတည်းက အစိုးရထုတ်ထားပေးသည့် စမ်းသပ်လည်ပတ်ခွင့်လက်မှတ်ကိုသာပြနိုင်ခဲ့ကြောင်း ရပ်မိရပ်ဖ အဖွဲ့ကပြောသည်။

ဒေသခံလူထုမှ အလိုမရှိ၊ ဆန့်ကျင်ကန့်ကွက်သည့်ကြားမှ စက္ကူစက်ရုံ လည်ပတ်မှုမရပ်တန့်ပါက ဒေသခံလူထုစုပေါင်းကာဆန့်ကျင်ကန့်ကွက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းလည်း နမ့်ခမ်းမြို့နယ် လူထုအဖွဲ့ကပြောသည်။

အစိုးရထံ စာရေးသားပေးပို့သော နမ့်ခမ်းလူထုအဖွဲ့ ပူးပေါင်း ၆ ဖွဲ့မှာ နမ့်ခမ်းမြို့မိမြို့ဖ အဖွဲ့၊ နမ့်ခမ်းမြို့ ကျားဖြူပါတီ၊ လူမှုညီညွှတ်ရေးအသင်း၊ တောင်သူလယ်သမားများအဖွဲ့၊ ရှေးဟောင်းအမွေအနှစ်နှင့် သမိုင်းဝင်နေရာများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးအသင်း နှင့် ဟန်ကမ်းရွာလူထု တို့ဖြစ်ကြပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...
TNLA_ID Poster

TNLA မှတ်ပုံတင်မရှိလျှင် ‘ဂိတ်ဖြတ်သန်းခွင့်ရမည်မဟုတ်’ဟု နမ့်ခမ်းဒေသခံများ ခြိမ်းခြောက်ခံရ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဘက်မှ ဒေသခံများကို မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ ပြုလုပ်ခိုင်းပြီး မပြုလုပ်ပါက ၎င်းတို့၏ ဂိတ်များမှ ဖြတ်သန်းခွင့်မပြုဟု ပြောဆိုခြိမ်းခြောက်မှုများ ရှိနေကြောင်း စုံစမ်းသိရသည်။

နမ့်ခမ်းမြို့  ရွှေလီမြစ်အတွင်း ကလေးတစ်ယောက်ရေနစ်ပျောက်ဆုံး

0
TNLA ထိန်းချုပ်ထားသော သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်ရှိ ရွှေလီမြစ်ထဲတွင်  ရေဆော့ ကစားနေသည့် ကလေးတစ်ယောက် ရေနစ်ပျောက်ဆုံးနေကြောင်းသိရသည်။  နမ့်ခမ်းမြို့နယ် ဟိုဆိုင်းကျေးရွာရှိ ဟိုဆိုင်းချောင်းသာတွင် ဧပြီလ ၁၄ ရက် ညနေခင်းက ကလေးငယ် တစ်ဦး ရေနစ်ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ယနေ့ ဧပြီလ ၁၅ ရက်နေ့အထိ အလောင်းရှာမတွေ့သေးဟု...

နမ့်ခမ်းမြို့တွင် နေအိမ်တစ်လုံးမီးလောင်

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယနေ့မနက်ပိုင်းက နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့ပါသည်။ TNLA ထိန်းချုပ်ထားသော  နမ့်ခမ်းမြို့နယ်ရှိ ကွန်လုံကျေးရွာတွင် ဧပြီလ ၅ ရက် နံနက် ၁၀ နာရီအချိန်က နေအိမ်မီးလောင်ခြင်းဖြစ်ပြီး လူသူထိခိုက်သေဆုံးမှုတော့မရှိကြောင်း   နမ့်ခမ်းမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။ “ဒီမနက် ၁၀ နာရီ ဝန်းကျင် ကွန်လုံရွာမှာ...

နမ့်ခမ်းမြို့နယ် ကလေးပြန်ပေးဆွဲသည့် အဖွဲ့မှ အသေ တစ်ဦး၊ အရှင် (၂) ဦး ဖမ်းဆီးမိ

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်အတွင်း ကလေးငယ်ကို ပြန်ပေးဆွဲလုပ်သည့် အဖွဲ့အား အသေ တစ် ဦး၊ အရှင် (၂) ဦးကို တစ်နေ့တည်းအတွင်း ဖမ်းဆီးရမိကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၉) ရက် နံနက်ပိုင်း ၈ နာရီခွဲကျော်တွင် နမ့်ခမ်းမြို့နယ်၊ စာရေးတန်းရပ်ကွက် (ပွၵ့်ၸရေးတၢၼ်း) ၌...