သျှမ်းပြည်မြောက်ပိုင်းလမ်း ဘီးလှိမ့်ခွန်ကောက်ခံမှုများကြောင့်ဒေသခံများနှင့် ဒေသတွင်းကုန်သည်များအခက်တွေ့နေရ

သျှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် – မူစယ် ပြည်ထောင်စု ကားလမ်းပေါ် တွင် စက်တင်ဘာ ၂၉ ရက်နေ့ မနက်ပိုင်းက တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA မှ ဘီးလှိမ့်ခွန် (ဆက်ကြေး) ကောက်ခံမှု များ ပြုလုပ်ကြောင်းသိရသည်။

အဆိုပါ ဆက်ကြေး ကောက်ခံမှုသည် ကွတ်ခိုင်မြို့နယ် မန်ပိန်းရွာ စာသင်ကျောင်းရှေ့ နှင့် မူစယ်မြို့နယ် နမ့်အွန်ရွာတို့တွင်ကောက်ခံကြောင်း၊ အဆိုပါ ကောက်ခံမှုနှင့် ပတ်သတ်ပြီး ကားသမားများ မနှစ်သက်ကြသလို ဒေသခံ များကလည်း တပ်မတော်နှင့် ထိပ်တိုက်တွေ့ဆုံကာ တိုက်ပွဲ ဖြစ်ပွားမည် ကို စိုးရိမ်နေကြသည်။

“ စစ်ယူနီဖောင်းတွေ၊ သေနတ်ကိုယ်စီတွေ နဲ့ ထိုင်ခုံကို လမ်းမှာဘေးမှာ စနစ်တကျ ထိုင်ပြီးကောက်နေကြတာ။ လာတဲ့ကားတိုင်းကောက်တယ်။ နှစ်တိုင်း နီးပါး ကောက်တယ်။ မပေးလို့လည်း မရဘူး။ မြောက်ပိုင်းလမ်း ပြေးရတာ အရင်လို မဟုတ်တော့ဘူး” ဟု လားရှိုး မူစယ် ကားပြေးဆွဲနေသည့် ကားသမား စိုင်းအေးမောင် က ပြောပြသည်။

TNLA လက်နက်ကိုင် အတွက် နှစ်စဉ် အကောက်ခွန် အတွက်ကောက်ခံကြောင်း၊ ခရီးသည် တင်ကားများ ၊ ကုန် တင်ကားများ ခရီးသည်တင်ကားများကို ကားအမျိုးအစားပေါ် မူတည်ပြီး ကားသေးများကို တစီးလျှင် တသိန်း၊ ၁၂ ဘီး နှင့် အထက် ကို ကားတစီးလျှင် ၃သိန်းမှ ၅သိန်း ပေးဆောင်ရကြောင်း အိမ်စီးကားကို တစီးလျှင် ၂ သောင်း ခန့် ဆောင်ရကြောင်း ကားသမား အသိုင်းအဝန်းက ပြောပြသည်။

TNLA ၏ အကောက်ခွန် ဌာန မှ တနှစ်စာ ဘီးလှိမ့်ခွန် ကောက်ခံခြင်းဖြစ်ပြီး၊ ငွေပေးပြီးသည့် ကားများ ကို အခွန်ပေးဆောင်ပြီး ဖြတ်ပိုင်း ပြပါက နောက်ထပ် ပေးဆောင်ရန် မလိုအပ်ကြောင်းလည်း TNLA လက်နက်ကိုင် အဖွဲ့က ပြောသည်။

“ ဒီလမ်း က အရင်လို မဟုတ်တော့ဘူး။ လက်နက်ကိုင်တွေလည်း ပေါ်တင် ငွေကောက်လာတယ်။ နောက် တိုက်ပွဲတွေလည်း ခဏခဏ ဖြစ်။ လုံခြုံမှု မရှိတဲ့လမ်းပဲ။ တိုက်ပွဲ တွေဖြစ်လာမှာပဲ ကြောက်နေရတာ။ ” ဟု ကားသမား စိုင်းအေးမောင်က ဆိုသည်။

ယခုရက်ပိုင်း TNLA မှာ ငွေကောက်ခံမှုကြောင့် တချို့ကားသမားများ ကားရပ်နားထားကြသလို၊ တချို့ကားများမှာလည်း အခြေအနေကြည့်ကာ ပြေးဆွဲနေရကြောင်း စိုင်းအေးမောင် က ပြောပြသည်။

“ ကားသမားတွေ တချို့ဆိုရင် ဆက်ကြေး ကောက်နေတဲ့ သတင်းကြားရင် ကားကို ရပ်ထားလိုက်တယ်။ ဆက်ကြေး ကောက်နေတဲ့ နေရာပတ်ဝန်းကျင်အိမ်တွေဆိုရင် တံခါးတွေ ပိတ်ထားကြတယ်။ ကျနော်တို့ က အိမ်စီးကားတွေဆိုပြီး မကောက်လောက်ဘူးထင်နေတာ။ အဲ့နေ့က ၂ သောင်းကျပ်ပေးလိုက်ရတယ်” ဟု မူစယ် မှ မန္တလေးသို့ သွားမည့် စိုင်းကျော် က ပြောသည်။

လက်နက်ကိုင် အဖွဲ့များသည် ဒေသခံ ပြည်သူများ၊ ကားသမားများထံ ဆက်ကြေးကောက်ပြီး ဒေသဖွံ့ဖြိုးမှုများ၊ လမ်းပန်းဆက်သွယ်မှု လုံခြံုမှုများ ပြုလုပ်ပေးခြင်းမရှိကြောင်း လည်း ကားသမားများက ပြောသည်။

“ သူတို့ တောင်းရင်ပေးတယ်။ တိုက်ပွဲတွေလည်း ဖြစ်ချင်ဖြစ်ကြတယ်။ လုံခြံုမှုလည်း မရှိ။ နောက်ဆုံးတော့ ပြည်သူတွေပဲ ခံနေရတယ်” ဟု ကားသမား စိုင်းအေးမောင် က ပြောသည်။

ကွတ်ခိုင်နှင့်မူစယ် ပြည်ထောင်စုလမ်းမပေါ် လက်နက်ကိုင် တပ်ဖွဲ့ ဆက်ကြေးပေါ်တင်ကောက်ခံလာခြင်းသည် ၂၀၁၁ ခုနှစ်နောက်ပိုင်း ပိုများလာကြောင်း လည်း ကားသမားများက ပြောပြသည်။

ထို့ပြင် စက်တင်ဘာ ၂၉ ရက် တွင် TNLA ဆက်ကြေးကောက်ခံသည့် ကွတ်ခိုင်မြို့နယ် မန့်ပိန်းကျေးရွာအနီးတွင် မြန်မာ့ တပ်မတော်နှင့် TNLA တို့ စစ်ရေး တင်းမာမှု ဖြစ်ပွားသဖြင့် ဒေသခံများ တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်သဖြင့် သိန်းနီမြို့သို့ စစ်ရှောင် ၁၀၀ ကျော်ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...