Monday, April 29, 2024

ဆက်ကြေး ကောက်

ကွက်ခိုင်မြို့နယ် TNLA တပ်သားများ ခရီးသွားပြည်သူထံ ဆက်ကြေးကောက်

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် နမ့်ကွတ် - နောင်ဆွေ ကားလမ်းမကြီးပေါ်တွင် တအာင်း (ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ က ခရီးသွားပြည်သူများထံ ဆက်ကြေးကောက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီ ၈)ရက် မနက် (၁၀)နာရီ ဝန်းကျင်မှ စတင်ပြီး လက်ရှိချိန်ထိ နမ့်ကွတ် -...

သျှမ်းလက်နက်ကိုင်များ ပြည်သူများထံ ဆက်ကြေး ပိုကောက်လာ

သျှမ်းလက်နက်ကိုင်တပ်ဖွဲ့များ နည်းမျိုးစုံဖြင့် ပြည်သူများထံ အခွန် (ဆက်ကြေး) ပိုကောက်လာကြောင်း ဒေသခံများ သတင်းပေးပို့ချက်အရ သိရသည်။ သျှမ်းပြည်တောင်ပိုင်းရှိ ဟိုပုံး - ကျောက်တန်း - ပင်လုံ လမ်းအသစ်မှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) မှ လမ်းသွားလမ်းလာပြည်သူများထံ အခွန်ကောက်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူများက ပြောပြသည်။ “ပြီးခဲ့တဲ့ ဥပုဿ်နေ့မှာ...

သျှမ်းမြောက်တွင် လက်နက်ကိုင်တပ်ဖွဲ့ အမည်ခံပြီး ငွေကြေးကောက်ခံမှုရှိနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်းမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အမည်ခံပြီး ပြည်သူများထံ ဖုန်းဆက်အကြောင်းကြားကာ ဆက်ကြေးတောင်းခံနေကြောင်း စုံစမ်းသိရှိရသည်။ ဇန်နဝါရီလပိုင်းက စတင်ပြီး SSPP နှင့် TNLA တို့တပ်ဖွဲ့ ကို အမည်ခံကာ ဖုန်းဆိုင်များ၊ ရွှေဆိုင်များကို ငွေတောင်းပြီး Kpay သို့မဟုတ် wave money မှ...

နမ့်ခမ်းမြို့အတွင်း TNLA ဆက်ကြေးကောက်နေသည့်အပေါ် SSPP ဖြေရှင်းပေးရန် ဒေသခံများတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း TNLA တပ်ဖွဲ့မှ အခွန် (ဆက်ကြေး) ကောက်ခြင်းနှင့် ပတ်သက်ပြီး သျှမ်းပြည် သံဃာနှင့် ပြည်သူငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ရွှေလီမြစ်ဝှမ်း အဖွဲ့ခွဲက SSPP တပ်ဖွဲ့ထံ ညှိနှိုင်းဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်...

TNLA ဆက်ကြေးကောက်မှုကြောင့် နမ့်ခမ်းမြို့မစျေး ပိတ်ထား

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ (TNLA) တပ်ဖွဲ့မှ ဆက်ကြေးကောက်မှုကြောင့် နမ့်ခမ်းမြို့မဈေးကို (၅)ရက် ပိတ်ထားမည်ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။ နမ့်ခမ်း မြို့မဈေးကြီးအတွင်း (TNLA) လက်နက်ကိုင်တပ်ဖွဲ့မှ ဈေးဆိုင်များအား အတင်းအဓမ္မ ဆက်ကြေးကောက်ခံ ခြိမ်းခြောက်မှုများ ပြုလုပ်နေသည့်အတွက် ဒီဇင်ဘာ ၁၃ မှ ၁၇ ရက်နေ့အထိ ဈေးသူ/သားများက ဈေးပိတ်ထားမည်ဖြစ်ကြောင်း...

နမ့်ခမ်းမြို့နယ် TNLA ငွေကောက်ခံမှု ပမာဏများပြား ပြည်သူများ ဒုက္ခရောက်နေရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ ငွေကောက်ခံမှု ပမာဏ များလာသည့်အတွက် ပြည်သူများ ဒုက္ခရောက်နေရကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် TNLA သည် နမ့်ခမ်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရဌာနမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များကို ဟိုနားကျေးရွာသို့ခေါ်ကာ...

နမ့်ခမ်းမြို့ ဈေးဆိုင်များထံ TNLA မှ လိပ်စာကဒ်ပေးပြီး ဆက်ကြေးသွားပေးသွင်းခိုင်း

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ယနေ့(ဇွန် ၂၄)ရက် မနက်ပိုင်းတွင် တအောင်း(ပလောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ လိပ်စာကဒ်၊ ဖုန်းနံပါတ်ပေးပြီး ဆက်ကြေးသွားသွင်းခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့ ယနေ့ (TNLA )တပ်သားများက အရပ်ဝတ်ဖြင့် နမ့်ခမ်းဈေး နှင့် ဈေးပတ်ဝန်းကျင်တွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများကို လိပ်စာကဒ်ကိုလိုက်လံပေးခဲ့ပြီး ပြည်သူများကို...

ထုန့်မောဝ်းဒေသ တခြားလက်နက်ကိုင်ဆက်ကြေးကောက်ခံမှု SSPP တားမြစ်ပေးရန် တောင်းဆို

သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသ (ထုန့်မောဝ်း)အတွင်း နေထိုင်သည့် သျှမ်းပြည်သူလူထုမှ နယ်မြေတွင်း ဖြစ်ပွားနေသည့် မူးယစ်ဆေးဝါးပြဿနာများနှင့် လက်နက်ကိုင်တစ်ချို့ ဆက်ကြေးကောက်နေသည့်အပေါ် ဖြေရှင်းပေးရန် SSPP/SSA တပ်ဖွဲ့ကို တောင်းဆိုလိုက်ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ( ဇွန်လ ၁၀) ရက် က ထုန့်မောဝ်ဒေသခံများ တွေ့ဆုံဆွေးနွေးမှုပြုလုပ်ခဲ့ကြပြီး မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာနှင့်...

နမ့်ခမ်း ဈေးဆိုင်များထံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ က ဆက်ကြေးကောက်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဈေးဆိုင်များ ထံ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက ဆက်ကြေးလိုက်လံ ကောက်ခံနေကြောင်း သတင်းရရှိသည်။ နမ့်ခမ်းမြို့ရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ အအေးဆိုင်များ၊ စာရေးကိရိယာဆိုင်များ စသည့် ဆိုင်ဖွင့်ထားသည့် ဈေးသည်များထံ တိုင်းရင်းသားလက်နက်ကိုင်များက စာပို့ပြီး ဆက်ကြေးကောက်နေကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။ “မနေ့ညက ဖုန်းဆက်လာပြီး စားသောက်ဆိုင် တစ်ဆိုင်ကို...

မိုးကုတ်ကျောက်တူးသူများထံ လက်နက်ကိုင်အဖွဲ့ ဆက်ကြေးကောက်နေ

မိုးကုတ်မြို့တွင် အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့ တဖွဲ့ မှ ကျောက်တူးနေသူများထံသည့် ငွေကြေး (ဆက်ကြေး) ကောက်ခံမှုပြုလုပ်နေကြောင်း စုံစမ်းသိရသည်။ ယနေ့(ဇန်နဝါရီ ၁၃)ရက်တွင် မိုးကုတ်မြို့နယ် ဘော်မားကျေးရွာ၌ မိရိုးဖလာ ကျောက်တူးလုပ်ငန်းလုပ်ကိုင်နေသည့် သူများထံ လက်နက်ကိုင်ဆောင်ထားသည့် အမည်မသိ လူတစု က ငွေကြေး(ဆက်ကြေး) တောင်းခံမှုများ ပြုလုပ် နေကြောင်း...

Latest news