Tuesday, January 27, 2026

နမ့်ခမ်းမြို့အတွင်း TNLA ဆက်ကြေးကောက်နေသည့်အပေါ် SSPP ဖြေရှင်းပေးရန် ဒေသခံများတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း TNLA တပ်ဖွဲ့မှ အခွန် (ဆက်ကြေး) ကောက်ခြင်းနှင့် ပတ်သက်ပြီး သျှမ်းပြည် သံဃာနှင့် ပြည်သူငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ရွှေလီမြစ်ဝှမ်း အဖွဲ့ခွဲက SSPP တပ်ဖွဲ့ထံ ညှိနှိုင်းဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။

တအာင်း(ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့သည် မဟာမိတ်များ ဖြစ်ကြသည့်အတွက် နမ့်ခမ်းမြို့မဈေးအတွင်း ဆက်ကြေးကောက်ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း သိရသည်။

“ကျနော်တို့အနေနဲ့တော့ ဒီကိစ္စတွေကို SSPP ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ ဘာကြောင့်လဲဆိုတော့ SSPP နဲ့ TNLA တို့က မဟာမိတ်တွေဖြစ်ကြတယ်။ ဒါကြောင့် ကျနော်တို့လဲ SSPP ဘက်က ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်တယ်” ဟု နမ့်ခမ်းမြို့မဈေးအတွင်း ဈေးသည် စိုင်းခမ်းဆိုင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

TNLA တပ်ဖွဲ့မှ နမ့်ခမ်းမြို့မဈေးအတွင်း ဆက်ကြေး ကောက်သဖြင့် ဈေးသူဈေးသားများ များစွာ အခက်ခဲရှိသည့်အတွက် ဈေးသူဈေးသားများက သျှမ်းပြည် သံဃာနှင့် ပြည်သူငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ရွှေလီမြစ်ဝှမ်း အဖွဲ့ခွဲများနှင့် အစည်းအဝေးပြုလုပ်ပြီး ၎င်းတို့အဖွဲ့မှနေပြီး SSPP ထံ ဒီဇင်ဘာ (၁၄) ရက်စွဲဖြင့် စာတင်ထားကြောင်း စုံစမ်းသိရှိရသည်။

“ခုချိန်ထိတော့ ဘာမှ အကြောင်းကြားလာတာ မရှိသေးဘူး။ ကျနော်တို့လဲ အရမ်းခက်ခဲနေတယ်။ လာကောက်တာလဲ သောင်းဂဏန်း မဟုတ်ပဲ သိန်းဂဏန်း ဖြစ်နေတော့ အရမ်းများတယ်။ ဈေးသည်တွေက ဘာမှ သိပ်မရောင်းရဘူး။ တစ်ခါတစ်လေကောက်ရင် ဘာမှမဖြစ်ဘူး။ ဒါက ရေရှည်ဖြစ်တဲ့အတွက် ကျနော်တို့အတွက်လဲ ခက်ခဲတယ်။ အခြေခံလူတန်းစားတွေပဲဖြစ်တဲ့အတွက် ကျနော်တို့အတွက် အခက်အခဲ အရမ်းဖြစ်တယ်” ဟု နမ့်ခမ်းဒေသခံ ဈေးသည်အမျိုးသား တစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့မဈေးကြီးအတွင်း TNLA လက်နက်ကိုင်တပ်ဖွဲ့မှ ဈေးဆိုင်များအား အတင်းအဓမ္မ ဆက်ကြေးကောက်ခံ ခြိမ်းခြောက်မှုများ ပြုလုပ်သဖြင့် ဒီဇင်ဘာ (၁၃) မှ (၁၇) ရက်ထိ ဈေးသူ ဈေးသားများက ဈေးပိတ်ထားပြီး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။


နမ့်ခမ်းမြို့သည် TNLA တပ်ဖွဲ့ထံ ဆက်ကြေး ပေးဆောင်ရသည့်အပြင် KIA တပ်ဖွဲ့ နှင့် SSPP တပ်ဖွဲ့ တို့ထံ ဆက်ကြေး ပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...
TangYan_Polling Station

တန့်ယန်း၊ မိုင်းရယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်စိစစ်မည်ဟု ခြိမ်းခြောက်

0
သျှမ်းပြည် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တွင် မဲရလဒ်ကွာဟမှု မတိမ်းမယိမ်းဖြစ်ပါက မဲပေးသူစာရင်း ပြန်လည်စိစစ်မည်ဟု စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့ ပါဝင်သည်။ ထိုသို့ ပြည်သူများ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...