နမ့်ခမ်းမြို့အတွင်း TNLA ဆက်ကြေးကောက်နေသည့်အပေါ် SSPP ဖြေရှင်းပေးရန် ဒေသခံများတောင်းဆို

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း TNLA တပ်ဖွဲ့မှ အခွန် (ဆက်ကြေး) ကောက်ခြင်းနှင့် ပတ်သက်ပြီး သျှမ်းပြည် သံဃာနှင့် ပြည်သူငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ရွှေလီမြစ်ဝှမ်း အဖွဲ့ခွဲက SSPP တပ်ဖွဲ့ထံ ညှိနှိုင်းဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း စုံစမ်းသိရသည်။

တအာင်း(ပလောင်) လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့သည် မဟာမိတ်များ ဖြစ်ကြသည့်အတွက် နမ့်ခမ်းမြို့မဈေးအတွင်း ဆက်ကြေးကောက်ခြင်းနှင့် ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းဖြေရှင်းပေးရန် တောင်းဆိုထားကြောင်း သိရသည်။

“ကျနော်တို့အနေနဲ့တော့ ဒီကိစ္စတွေကို SSPP ဖြေရှင်းပေးဖို့ တောင်းဆိုတယ်။ ဘာကြောင့်လဲဆိုတော့ SSPP နဲ့ TNLA တို့က မဟာမိတ်တွေဖြစ်ကြတယ်။ ဒါကြောင့် ကျနော်တို့လဲ SSPP ဘက်က ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်တယ်” ဟု နမ့်ခမ်းမြို့မဈေးအတွင်း ဈေးသည် စိုင်းခမ်းဆိုင် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

TNLA တပ်ဖွဲ့မှ နမ့်ခမ်းမြို့မဈေးအတွင်း ဆက်ကြေး ကောက်သဖြင့် ဈေးသူဈေးသားများ များစွာ အခက်ခဲရှိသည့်အတွက် ဈေးသူဈေးသားများက သျှမ်းပြည် သံဃာနှင့် ပြည်သူငြိမ်းချမ်းရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ရွှေလီမြစ်ဝှမ်း အဖွဲ့ခွဲများနှင့် အစည်းအဝေးပြုလုပ်ပြီး ၎င်းတို့အဖွဲ့မှနေပြီး SSPP ထံ ဒီဇင်ဘာ (၁၄) ရက်စွဲဖြင့် စာတင်ထားကြောင်း စုံစမ်းသိရှိရသည်။

“ခုချိန်ထိတော့ ဘာမှ အကြောင်းကြားလာတာ မရှိသေးဘူး။ ကျနော်တို့လဲ အရမ်းခက်ခဲနေတယ်။ လာကောက်တာလဲ သောင်းဂဏန်း မဟုတ်ပဲ သိန်းဂဏန်း ဖြစ်နေတော့ အရမ်းများတယ်။ ဈေးသည်တွေက ဘာမှ သိပ်မရောင်းရဘူး။ တစ်ခါတစ်လေကောက်ရင် ဘာမှမဖြစ်ဘူး။ ဒါက ရေရှည်ဖြစ်တဲ့အတွက် ကျနော်တို့အတွက်လဲ ခက်ခဲတယ်။ အခြေခံလူတန်းစားတွေပဲဖြစ်တဲ့အတွက် ကျနော်တို့အတွက် အခက်အခဲ အရမ်းဖြစ်တယ်” ဟု နမ့်ခမ်းဒေသခံ ဈေးသည်အမျိုးသား တစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့မဈေးကြီးအတွင်း TNLA လက်နက်ကိုင်တပ်ဖွဲ့မှ ဈေးဆိုင်များအား အတင်းအဓမ္မ ဆက်ကြေးကောက်ခံ ခြိမ်းခြောက်မှုများ ပြုလုပ်သဖြင့် ဒီဇင်ဘာ (၁၃) မှ (၁၇) ရက်ထိ ဈေးသူ ဈေးသားများက ဈေးပိတ်ထားပြီး ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။


နမ့်ခမ်းမြို့သည် TNLA တပ်ဖွဲ့ထံ ဆက်ကြေး ပေးဆောင်ရသည့်အပြင် KIA တပ်ဖွဲ့ နှင့် SSPP တပ်ဖွဲ့ တို့ထံ ဆက်ကြေး ပေးဆောင်ခဲ့ရကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...