သျှမ်းမြောက်တွင် လက်နက်ကိုင်တပ်ဖွဲ့ အမည်ခံပြီး ငွေကြေးကောက်ခံမှုရှိနေ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်းမြို့နယ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ အမည်ခံပြီး ပြည်သူများထံ ဖုန်းဆက်အကြောင်းကြားကာ ဆက်ကြေးတောင်းခံနေကြောင်း စုံစမ်းသိရှိရသည်။

မူဆယ်

ဇန်နဝါရီလပိုင်းက စတင်ပြီး SSPP နှင့် TNLA တို့တပ်ဖွဲ့ ကို အမည်ခံကာ ဖုန်းဆိုင်များ၊ ရွှေဆိုင်များကို ငွေတောင်းပြီး Kpay သို့မဟုတ် wave money မှ တဆင့် ငွေလွှဲပေးရန် ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။

“တစ်ခါတလေ SSPP အဖွဲ့လို့ပြောတယ်။ တစ်ခါတလေ TNLA အဖွဲ့လို့ ပြောတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းမှာပဲ မူဆယ်က အသိတစ်ယောက် သိန်း (၃၀) ပေးရတယ်။ နမ့်ခမ်းမှာက (၅) သိန်း၊ ထပ်တစ်ယောက် ကျန်သေးတယ်။ သူတော့ မပေးလိုက်ရသေးဘူး” လို့ နမ့်ခမ်းဒေသခံ အမည်မဖော်လိုသူ တစ်ဦးက ပြောသည်။

မူဆယ်၊ နမ့်ခမ်းတွင် တိုင်းရင်းသားလက်နက်ကိုင်များစွာရှိပြီး ထိုအဖွဲ့များကို နှစ်စဉ်နှစ်တိုင်း ဆက်ကြေးပေးရပြီး လုပ်ငန်းကြီးပါက ငွေပမာဏ များစွာ ပေးရကြောင်း စုံစမ်းသိရှိရသည်။

“ဖုန်းဆက်အကြောင်းကြားတာက ဗမာလိုပြောတယ်။ ရှမ်းလိုလဲပြောတယ်။ ဘယ်အဖွဲ့လဲလို့ မေးရင် သိစရာမလိုဘူးလို့ ပြန်ပြောတာရှိတယ်” လို့ နမ့်ခမ်းဒေသခံ တစ်ဦးက ပြောသည်။

ထို တပ်ဖွဲ့အမည်ခံ ငွေကြေးလိမ်လည်တောင်းဆိုသည့်သူကို နေရပ်လိပ်စာ၊ အမည် အပြည့်အစုံ သိရှိထားပြီး ၎င်းကို လိုက်လံ ရှာဖွေနေကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆု က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ပြီးခဲ့တဲ့ ၂ နှစ် ၃ နှစ်ကလည်း ဒီလို ပြသာနာရှိခဲ့ဖူးတယ်။ ကျနော်တို့ တပ်ဖွဲ့မှာက တစ်နှစ်တစ်ကြိမ် ကောက်တာရှိတယ်။ ကောက်ရင်လည်း ကျနော်တို့ တံဆိပ်ပါရှိထားပြီးသားပဲ။ ဖုန်းဆက်ပြီး ငွေလွှဲပေးဖို့တော့ ပေါ်လစီ မရှိထားဘူး” ဟု ဗိုလ်မှူးကြီး စိုင်းဆု က ပြောသည်။

ယခုလို ဖုန်းဆက်ပြီး ငွေကြေးလိမ်လည်တောင်းဆိုခြင်းသည် မူဆယ်၊ နမ့်ခမ်းအပြင် သီပေါ၊ ကျောက်မဲ၊ နောင်ချို တို့တွင်လည်းရှိကြောင်း ၎င်းက ထပ်မံပြောဆိုသည်။

“ဖုန်းနဲ့ ငွေကြေးလိမ်လည်တောင်းဆိုတဲ့သူတွေဟာ ဘယ်အဖွဲ့မှ မဟုတ်ဘူး။ အဝေးမှာနေပြီး ဖုန်းဆက် ခြိမ်းခြောက်တာပါ။ သူတို့ကို မယုံကြည်ဖို့၊ မလွှဲပေးဖို့။ တကယ်လို့ ထပ်ပြီး ဖုန်းဆက်အကြောင်းကြားလာရင် ကျနော်တို့ကို အကြောင်းကြားလာပေးပါ။ ကျနော်တို့ဘက်လည်း သူတို့ကို လိုက်ရှာနေတယ်” လို့ ဗိုလ်မှူးကြီး စိုင်းဆု က ပြောသည်။

ယခုလို ဖြစ်စဉ်မျိုး ပြီးခဲ့သည့် နှစ်ကလည်း နမ့်ခမ်းမြို့ ရှိ ရွှေဆိုင် တစ်ဆိုင်မှ သိန်း (၃၀) လွှဲပေးခဲ့ရကြောင်း သိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...