နမ့်ခမ်းမြို့နယ် TNLA ငွေကောက်ခံမှု ပမာဏများပြား ပြည်သူများ ဒုက္ခရောက်နေရ

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ ငွေကောက်ခံမှု ပမာဏ များလာသည့်အတွက် ပြည်သူများ ဒုက္ခရောက်နေရကြောင်း သတင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် TNLA သည် နမ့်ခမ်းမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရဌာနမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များကို ဟိုနားကျေးရွာသို့ခေါ်ကာ ၎င်းတို့ ဆက်ကြေး (အခွန်ကောက်) ယူမည့်အကြောင်းကို အကြောင်းကြားသည့် အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။

“အဲ့နေ့မှာ ကျနော်တို့ကို ဆိုင်ခန်းပိုင်ရှင်တွေ၊ ပွဲရုံတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို ခေါ်ပြီးတော့ သူတို့ဆီ အခွန်ဆောင်ရမယ့်အကြောင်း အစည်းအဝေးလုပ်တယ်၊ အစိုးရဌာနက တာဝန်ရှိသူတချို့လည်း ဖိတ်သွားတာ၊ သူတို့အခွန်ကောက်မယ့်အကြောင်း အစိုးရကို အသိပေးတဲ့သဘောပေ့ါ” ဟု ၎င်းအစည်းအဝေးသို့ တက်ရောက် ရသည့် နမ့်ခမ်းမြို့မှ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက ပြောသည်။

TNLA က ၎င်းတို့ ကောက်ခံသည့် အခွန်သည် ပြည်သူတို့၏ စီးပွားရေးနှင့် ဝင်ငွေပေါ် မူတည်ကြောင်း ပြောသော်လည်း ဒီဇင်ဘာ လဆန်းပိုင်းတွင် TNLA အမှတ်တံဆိပ်ဖြင့် အခွန်ဆောင်ရန် ပေးလာသော အကြောင်းကြား စာမှာ အနိမ့်ဆုံး ၁၀ သိန်းဝန်းကျင်မှ ကျပ်သိန်း ၁၀၀ အထိ ပေးဆောင်ရကြောင်း ဒေသခံများက ပြောသည်။

“အဝတ်အထည် ဆိုင်ခန်းတွေဆိုရင် ကျပ်သိန်း ၂၀ လောက်ပေးဆောင်ရတယ်လို့ ပြောတယ်၊ တချို့ပွဲရုံတွေက သိန်းပေါင်း ၁၀၀ အထိ ပေးရတယ်တဲ့၊ ကျနော်တို့လို ဆိုင်သေးသေးလေးဖွင့်ထားတာကိုလည်း သူတို့က ၅ သိန်းတောင်းတာ၊ ရောဂါနဲ့ နိုင်ငံရေးကြောင့် ဘာတစ်ခုမှ အဆင်မပြေတဲ့အချိန် အခုလို အခွန်ပါဆောင်ရတော့ ထွက်ပြေးချင်စိတ်တောင်ပေါက်တယ်” ဟု နမ့်ခမ်းမြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဒီဇင်ဘာလ ပထမပတ်မှ စတင်ကာ TNLA တို့က နမ့်ခမ်းမြို့မဈေးအတွင်း ၎င်းတို့၏ လိပ်စာကဒ်ဝေကာ အခွန်ဆောင်ရန် ပြည်သူများကို ဖိအားပေး တောင်ဆိုမှုများရှိနေသည့်အတွက် တချို့က ဆိုင်ခန်းပိတ်လိုက်ရကြောင်း သိရသည်။

“အခွန်ဆောင်ရမယ့် လိပ်စာကတ်တွေကို လာဝေသွားတယ်၊ အကြောင်းကြားစာရောပေါ့၊ သူတို့တောင်းတဲ့ ပမာဏကများလွန်းတော့ မပေးနိုင်ဘူးလေ၊ အဲ့ကြောင့်တချို့က ဆိုင်ပိတ်ပြီး ရှောင်နေရတာမျိုးတွေရှိတယ်” ဟု နမ့်ခမ်းမြို့မဈေးအတွင်းမှ ဈေးဆိုင်ပိုင်ရှင် အမျိုးသမီး တစ်ဦးက ပြောသည်။

နမ့်ခမ်းမြို့နယ်အတွင်း အခွန်ကောက်ခံခြင်းနှင့် ပတ်သက်ပြီး TNLA ကို ဆက်သွယ်မေးမြန်းရာ ပြည်သူတို့ တတ်နိုင်သည့် ပမာဏဖြင့်သာ အခွန်ကောက်ခံခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဘယ်လောက်ကောက်လဲဆိုတာကျတော့ ကျနော်တို့ အခွန်ကောက်ဌာနကပဲ စီစဉ်ဆောင်ရွက်တာပါ၊ ပြီးတော့ ပြည်သူတွေ တတ်နိုင်တဲ့ ပမာဏလာက်ပဲကောက်တာပါ၊ ကျနော်တို့ ကောက်တဲ့အခွန်ကြောင့် ပြည်သူတွေ အခက်တွေ့အောင် မလုပ်ပါဘူး” ဟု TNLA ပြောခွင့်ရ ဗိုလ်မှူး မိုင်းအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA သည် နမ့်ခမ်းမြို့နယ်အတွင်းသာမက ၎င်းတို့ သွားလာလှုပ်ရှားသည့် နေရာတိုင်း တစ်နှစ်လျှင် တစ်ကြိမ် အခွန်ဆောင်ရမည်ဖြစ်ကြောင်းလည်း မိုင်းအိုက်ကျော်က ပြောသည်။

“နမ့်ခမ်းမြို့မှ မဟုတ်ပါဘူး၊ တခြား ကျနော်တို့ လှုပ်ရှားတဲ့ နယ်မြေတွေမှာလည်း အခွန်ကောက်ပါတယ်၊ တချို့က ကျနော်တို့ တပ်ဖွဲ့ကို ကူညီချင်လို့ ကိုယ်တိုင်လာဆောင်ပေးတာ ရှိသလို တချို့ကလည်း တောင်းမှ ပေးတာမျိုးတွေရှိပါတယ်” ဟု မိုင်းအိုက်ကျော်က ပြောသည်။

နမ့်ခမ်းမြို့သည် မြန်မာ – တရုတ် နယ်စပ်မြို့ ဖြစ်သော်လည်း ကိုဗစ်ရောဂါကူးစက်မှု မြင့်မားခြင်းနှင့် နိုင်ငံရေး ရှုပ်ထွေးမှုများကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် တခြားသော စီးပွားရေးလုပ်ငန်းများလည်း ရပ်တန့်ရသည့်အတွက် ဝင်ငွေမရှိဖြစ်နေချိန်တွင် TNLA က အခွန်ဆောင်ရန်ပြောလာသည့်အတွက် အခက်အခဲများစွာ ရှိနေကြောင်း ဒေသခံများက ပြောဆိုနေကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...

နမ့်ခမ်းယမ်းပေါက်ကွဲမှု သောက်သုံးရေနှင့် စိုက်ခင်း အဆိပ်သင့်နိုင်

0
သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်တွင် ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သောက်သုံးရေ နှင့် စိုက်ခင်းများ အဆိပ်သင့်လာမည်ကို ဒေသခံများစိုးရိမ်ကြကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၃၁ ရက်) နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက် ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် TNLA သိုလှောင်ထားသည့် ယမ်းများ မတော်တဆပေါက်ကွဲမှုများ...

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...