Wednesday, January 28, 2026

နမ့်ခမ်းမြို့ ဈေးဆိုင်များထံ TNLA မှ လိပ်စာကဒ်ပေးပြီး ဆက်ကြေးသွားပေးသွင်းခိုင်း

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ယနေ့(ဇွန် ၂၄)ရက် မနက်ပိုင်းတွင် တအောင်း(ပလောင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ လိပ်စာကဒ်၊ ဖုန်းနံပါတ်ပေးပြီး ဆက်ကြေးသွားသွင်းခိုင်းနေကြောင်း စုံစမ်းသိရှိရသည်။

နမ့်ခမ်းမြို့ ယနေ့ (TNLA )တပ်သားများက အရပ်ဝတ်ဖြင့် နမ့်ခမ်းဈေး နှင့် ဈေးပတ်ဝန်းကျင်တွင် ဖွင့်လှစ်ထားသည့် ဆိုင်ခန်းများကို လိပ်စာကဒ်ကိုလိုက်လံပေးခဲ့ပြီး ပြည်သူများကို ဖုန်းဆက်ခိုင်းကာ အခွန်သွားရောက်ဆောင်ပေးရန် ပြောဆိုခဲ့ကြောင်း နမ့်ခမ်းမြို့ ဒေသခံတစ်ဦး ကပြောသည်။

“ သူတို့လိပ်စာကဒ်၊ ဖုန်းနံပါတ်တွေပေးတာ။ ဖုန်းဆက်ခိုင်းပြီးတော့ အခွန်သွားဆောင်ခိုင်းတာ။ သူတို့ အခုတလောက အခွန်ကို ပိုပြီးကောက်လာတယ်။ ဒီ (၂) နှစ်၊ (၃)နှစ် အတွင်းမှာ အခွန်ပိုကောက်လာတယ်။ ဆိုင်ခန်းတွေမှာ လိုက်ကောက်တာပါ။ ဟိုတစ်ပတ်က ဈေးထဲမှာကောက်တယ်” ဟု နမ့်ခမ်းမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

နမ့်ခမ်းမြို့တွင် တည်ရှိနေသည့် ဆိုင်ခန်းများကို လူမျိုးမရွေး အခွန်ဆောင်ပေးရကြောင်း သိရသည်။

ထို့အပြင် အိမ်အသစ်ဆောက်နေသည့် ပြည်သူများထံလည်း အခွန်လိုက်လံကောက်နေကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“ အိမ်သစ်ဆောက်ရင်လည်း သူတို့ ပိုက်ဆံလာကောက်တယ်။ ဆောက်ဖို့ပြင်နေတုန်း ဆက်ကြေးကလာကောက်ပြီ” ဟု ကြုံတွေ့သည့် နမ့်ခမ်းဒေသခံအမျိုးသားတစ်ဦး ကပြောသည်။

ထို နမ့်ခမ်းမြို့ဆက်ကြေးကောက်လာနေသည့် အပေါ်တွင် TNLA မှ ပြောခွင့်ရ ဗိုလ်မှူးမိုင်းအိုက်ကျော်က “ အခွန်ကတော့ ကျနော်တို့ အခွန်ဌာနက ကောက်ခံတာတော့ရှိတယ်။ ဒီအခုကောက်ခံမှုကတော့ ရှိ၊မရှိ ကျနော်အသေးစိတ်မသိရသေးဘူး။ သူတို့ပုံမှန်ကောက်တာနေတာတော့ရှိတယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဇွန် ၁၅ ရက်တွင် နမ့်ခမ်းမြို့သျှမ်း အမျိုးသမီးတစ်ဦးကို အခွန်မဆောင်သောကြောင့် တအောင်း(TNLA) မှနေအိမ်ထိလာရောက်ဖမ်းဆီးခေါ်ဆောင်သွားပြီး ၊နောက်ပိုင်းတွင် လူမှားဖမ်းသည်ဟု အကြောင်းပြကာပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမည်ဟု TNLA ဥက္ကဋ္ဌ ပြော

0
မိမိတို့ ထိန်းချုပ်ဒေသအတွင်းတွင် ရှိသော သျှမ်း၊ တအာင်း၊ ကချင်၊ ဗမာ၊ ဂေါ်ရခါး၊ ခိုလှုံလီရှော၊ လီဆူ၊ ကိုးကန့် နှင့် အခြားတိုင်းရင်းသားများစွာ စုပေါင်းနေထိုင်ကြခြင်းဖြစ်သောကြောင့် လူမျိုးတမျိုးနှင့်တမျိုး မေတ္တာတရားဖြင့် အတူနေထိုင်သွားရမှာဖြစ်သည်ဟု တအာင်းတပ် (TNLA)မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းက ပြောသည်။ ယနေ့ ဇန်နဝါရီ...

နမ့်ခမ်းမြို့တွင် စက်သုံးဆီသိုလှောင်ရုံတစ်ခု မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရ

0
သျှမ်းပြည် နမ့်ခမ်းမြို့တွင် စက်သုံးဆီ သိုလှောင်ထားသည့် ဂိုထောင်တစ်ခု မီးလောင်ကျွမ်းခဲ့ရာ လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၃ ရက်) ည ၈ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်း ရပ်ကွက်ရှိ စက်သုံးဆီ အမျိုးမျိုးနှင့်...