Tuesday, January 27, 2026

နမ့်ခမ်း ဈေးဆိုင်များထံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ က ဆက်ကြေးကောက်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဈေးဆိုင်များ ထံ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက ဆက်ကြေးလိုက်လံ ကောက်ခံနေကြောင်း သတင်းရရှိသည်။

နမ့်ခမ်းမြို့ရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ အအေးဆိုင်များ၊ စာရေးကိရိယာဆိုင်များ စသည့် ဆိုင်ဖွင့်ထားသည့် ဈေးသည်များထံ တိုင်းရင်းသားလက်နက်ကိုင်များက စာပို့ပြီး ဆက်ကြေးကောက်နေကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။

“မနေ့ညက ဖုန်းဆက်လာပြီး စားသောက်ဆိုင် တစ်ဆိုင်ကို (၄) သိန်းတောင်းတယ်။ ဆိုင်ရှင်တွေဘက်ကလည်း ခု ငွေ ရှာရတာ တအားခက်လို့ဆိုပြီး ပြန်တောင်းပန်တော့ (၂) သိန်းပေးရတယ်” ဟု နမ့်ခမ်းဒေသခံ အမျိုးသား တဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ ကာလသည် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ၊ နိုင်ငံရေး အခြေအနေကြောင့် ဈေးအရောင်းအဝယ် ခက်ခဲနေပြီး၊ ရှာဖွေစားသောက်ရန် အလွန်ခက်ခဲနေကြောင်း လည်း နမ့်ခမ်း ဒေသခံ အမျိုးသား တဦးက ပြောသည်။

“ သူတို့ တောင်တာ မပေးရင် ဆိုင်ပိတ်ရမယ်။ ဆိုင်မပိတ်ချင်တော့ လုံခြုံရေးအရ ရှိတယ်လေ။ တခုခု လာလုပ်ရင် ဘယ်လိုလုပ်မလဲ” ဟု ဈေးဆိုင်ဖွင့်ထားသည့် အမည်မဖော်လိုသူ တဦး က ပြောသည်။

သျှမ်းမြောက် နမ့်ခမ်းမြို့နယ် တွင် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အားလုံးနီးပါးက ဆက်ကြေး လှည့်ကောက်နေကြာင်း၊ တဖွဲ့တည်းမဟုတ်ကြောင်းလည်း အထက်ပါ ဆိုင်ရှင်က ပြောသည်။

“ တဖွဲ့တည်းမဟုတ်ဘူး။ ကချင်တပ်၊ ပလောင်(တအာင်း)တပ် ရှမ်းတပ်တွေရော ပါတယ်။ သူတို့တွေက လှည့်ကောက်နေတာ။ ပြည်သူတွေက ဒီကာလမှာ ပေးရတာခက်တယ်။ စီးပွားရေးမှ မဖြစ်တာ။ စီးပွားရေးဖြစ်ရင်တမျိုးပေါ” ဟု ဆိုင်ရှင် ကဆိုသည်။

ထိုနည်းတူ မူဆယ်-လားရှိုး ကားလမ်းမကြီးပေါ်တွင်လည်း ကားသမားများထံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက မကြာခဏ ဆက်ကြေးကောက်နေကြောင်း သိရသည်။

“ ကျနော်တို့ ကားသမားတွေ မကြာခဏ ဆက်ကြေးပေးရတယ်။ အဖွဲ့အစုံပေးနေရတယ်။ တခါတလေ ကားခတောင်မကျန်ဘူး။ တဖွဲ့ပေးပြီးလည်း နောက်တဖွဲ့ ပေးရတာပါပဲ” ဟု မူဆယ်ဒေသခံ ကားသမားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကားအမျိုးအစားပေါ်မူတည်ပြီး ဆက်ကြေးပေးရကြောင်း၊ ကားပေါ် ပစ္စည်း (၃)မျိုးတင်ပါက ကျပ်ငွေ တသိန်းပေးဆောင်ရကြောင်းသိရသည်။

ဆိုင်ခန်းများ၊ ကားသမားများ သည် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထံ တနှစ်လျှင် တကြိမ် အခွန်ဆောင် (ဆက်ကြေး) ပေးသွင်းရမည် ဆိုသည့် မူဝါဒရှိကြောင်း၊ တကြိမ်တခါဆောင်ပြီး ပါက ပြေစာဖြတ်ပိုင်းကို သိမ်းထားပြီး ပြန်ပြနိုင်ကြောင်း သိရသည်။

သို့ပေမယ့် သျှမ်းမြောက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ပေါင်းများစွာ တည်ရှိနေပြီး လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဆက်ကြေး (အခွန်ဆောင်)နေရသဖြင့် ပြည်သူများအတွက် ဝန်ထုတ်ပိုကြီးနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တရုတ်- အမေရိကန် ကျားဖြန့်အားပြိုင်မှုကြား ရုန်းထွက်ရန် ကြိုးစားနေသည့် စစ်အုပ်စုနှင့် EAOs များ

0
ကမ္ဘာ့အင်အားကြီး အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် မြန်မာနယ်စပ်မှ ကျားဖြန့်နှိမ်နင်းရေး လုပ်ငန်းများကို အပြိုင်အဆိုင် လုပ်ဆောင်လာနေပြီး အဆိုပါနိုင်ငံကြီးနှစ်ခု အားပြိုင်မှုတွင် ကြားမညှပ်ရေး စစ်အုပ်စုနှင့် လက်နက်ကိုင် အဖွဲ့အစည်းအချို့က ရုန်းထွက်ရန် ကြိုးစားနေကြကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။ တရုတ် - မြန်မာ နယ်စပ်တစ်လျှောက် အပါအဝင် ထိုင်း...

“၂၀၀၈ အခြေခံ ဥပဒေက ဖက်ဒရယ်ပုံစံ ဖြစ်လာအောင် ကျနော်တို့ တဖြည်းဖြည်းချင်း ပြုပြင်ပြီးတော့ လုပ်သွားရမယ့် အခြေအနေမှာ ရှိပါတယ်”

0
လာမည့် ၂၀၂၅ ဒီဇင်ဘာလနှင့် ၂၀၂၆ ဇန်နဝါရီလတို့တွင် ရွေးကောက်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားခဲ့ပြီးနောက် “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့ရမည့် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ” ဆွေးနွေးပွဲနှင့် “ငြိမ်းချမ်းရေး စကားဝိုင်း” Peace Talk 2025 တို့ကို...

NCA ဆက်လက်ဆွဲကိုင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်(၇)ဖွဲ့ မျက်နှာစုံညီ အစည်းအဝေး ကျင်းပ

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို ဆက်လက်ဆွဲကိုင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် (၇)ဖွဲ့တို့၏ မျက်နှာစုံညီ အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ကျင်းပနေကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၇ ရက်)မှ စတင်ပြီး မတ်လ ၁၉ ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး...

အပစ်ရပ် (၇) ဖွဲ့နှင့် NSPNC တို နေပြည်တော်မှာ အလွတ်သဘော တွေ့ဆုံ

0
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (NCA-S EAO)  ၇ ဖွဲ့ နှင့်အမျိုးသား စည်းလုံးညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးမှူး ကော်မတီNSPNC တို့ နေပြည်တော်တွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (မတ်လ ၂၈) ရက်တွင် NSPNC ၏ ဗဟိုဌာနရှိရာ နေပြည်တော်၌ တွေ့ဆုံခြင်းဖြစ်ပြီး NCA – S – EAO  (၇) ဖွဲ့ အနေဖြင့်သက်ဆိုင်သူ အားလုံးပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှု အခင်းအကျင်း တစ်ရပ် ပေါ်ပေါက်ရေးကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်း သိရသည်။ ထို့အပြင် ငြိမ်းချမ်းရေး အဆင့်ဆင့် နှင့် ဖက်ဒရယ် အခြေခံမူများ စသည့် အကြောင်းအရာအများကို ဆွေးနွေးဖြစ်ခဲ့ကြကြောင်းလည်း NCA – S – EAO (၇) က ထုတ်ပြန်ထားသည်။ အဆိုပါ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုတွင် NCA – S – EAO (၇) ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စဝ်စိုင်းငင်း (RCSS /SSA) ၊ ဒုတိယ အဖွဲ့ခေါင်းဆောင်များ ဖြစ်ကြသည့် စောမြရာဇာလင်း (ALP) နှင့်နိုင်အောင်မငေး (NMSP) ၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီး စောကျော်သန်းဌေး  (DKBA) ၊ ဗိုလ်မှူးကြီး စောကျော်ညွှန့်(KNU/KNLA-PC) ၊ ကျာဖူး (LDU) ဗိုလ်မှူးခွန်သိန်းမင်းသိန်း (PNLO) နှင့် အထောက်အကူပြု ကိုယ်စားလှယ် (၅) ဦး၊ စုစုပေါင်း(၁၂) ဦးဖြင့် NSPNC နှင့် တက်ရောက်ဆွေးနွေးနေကြောင်း သိရသည်။ ထို့နည်းတူပင် စစ်ကောင်စီ လက်အောက်ခံ NSPNC ဘက်မှ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့က တက်ရောက်ခဲ့ကြောင်း လည်း သိရသည်။ အပစ်ရပ် NCA – S – EAO နှင့် NSPNC တို့၏ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုသည် မတ်လ (၂၉) ရက်နေ့ အထိ ရှိမည်ဖြစ်ကြောင်းလည်း NCA – S –...

EAOs အဖွဲ့ (၇) ဖွဲ့နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုအတွက် အဆင်သင့်မဖြစ်ကြောင်း စစ်ကောင်စီ အကြောင်းပြန်

0
NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်တပ်ဖွဲ့ EAOs (၇) ဖွဲ့မှ ကမ်းလှမ်းသည့် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုအတွက် စစ်ကောင်စီဘက်မှ အဆင်သင့် မဖြစ်သေးဘူးဟု အကြောင်းပြန်ကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ ရက်တွင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေး နှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု...