ကွတ်ခိုင် စစ်ကောင်စီ တပ်စခန်း မီးရှို့ခံရ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့တွင် စစ်ကောင်စီ နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစု တို့ တိုက်ပွဲတွင် စစ်ကောင်စီ၏ စခန်း တစ်ခု မီးရှို့ခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ မေ (၅) ရက်တွင် ည ၈ နာရီ ဝန်းကျင်အချိန်ခန့်တွင် လားရှိုး - ကွက်ခိုင်လမ်းမပေါ်ရှိ စစ်ကောင်စီ၏...
သီပေါမြို့ ၈၈ မျိုးဆက် ( ငြိမ်း/ပွင့်) မှ ဦးဒေါ်လာ ကို စစ်ကောင်စီ ဖမ်းဆီးသွား
SHAN -
သျှမ်းပြည် မြောက်ပိုင် သီပေါမြို့ ၈၈မျိုးဆက် (ငြိမ်း/ပွင့်) မှ ဦးဒေါ်လာ ကို စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်း အဖွဲ့အစည်း မှ ဦးဒေါ်လာ (ခ) ဦးထွန်းရွှေကို မေ (၃)ရက် ညနေပိုင်းတွင် စစ်ကောင်စီ...
စစ်ကျွန်ပညာရေးအောက် ကျောင်းမတက်ရန် လူငယ်များအရှိန်မြင့်လှုပ်ရှားမှု
SHAN -
“ ကျောင်းအပ်မယ်ဆိုရင် ဒီကလေးတွေ မမေ့ပါနဲ့”ဆိုသည့် စစ်ကောင်စီ လက်ချက်ကြောင့် ကျဆုံးသွားသော ကျောင်းသားပုံပါစာရွက်ကို သျှမ်းပြည်နယ်အနှံ့ တွင် လက်ကမ်းစာစောင် ဖြန့်ဝေနေတာကိုတွေ့မြင်ရသည်။ ဇွန်လအတွင်း စစ်ကောင်စီမှ ကျောင်းများ ပြန်ဖွင့်နိုင်ရန် ပညာရေးဝန်ထမ်းများကို စတင်ဖိအားပေးနေသည်။ ထို့ကြောင့် ကျောင်းများ ပြန်ဖွင့်မည်ဆိုပါက မိဘများအနေဖြင့် မိမိသား၊သမီးကို ကျောင်းမအပ်ရန် အတွက် “...
ကွတ်ခိုင်မြို့ လက်နက်ကြီး၊ လက်နက်ငယ် ဆက်တိုက်ကြားရ၊ စစ်ရေး ပြင်းထန်နေဆဲ
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ တွင် စစ်ကောင်စီ နှင့် တိုင်းရင်သားလက်နက်ကိုင်တပ်ပေါင်းစုတို့ စစ်ရေးလှုပ်ရှားမှု သည် ယနေ့ မေ (၅) ရက် ညနေပိုင်း အချိန်ထိ လက်နက်ကြီး ဆက်တိုက်ပစ်ခတ်ကာ စစ်ရေး ပြင်းထန်နေဆဲ ဟု စုံစမ်းသိရသည်။ ကွတ်ခိုင်မြို့ အနီးတဝှိက် တွင် ယမန်နေ့ (မေ...
မူဆယ်မြို့ လက်လုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွား
SHAN -
သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့( မေလ ၅ ) ရက် မနက် ၇ နာရီခွဲ၌ လက်လုပ်မိုင်း ပေါက်ကွဲမှု ၃ကြိမ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မူဆယ်မြို့ မနက်ပိုင်း တွင် စစ်အာဏာရှင်အလိုမရှိ လူထု သပိတ်ပြုလုပ်ရာတွင် စစ်ကောင်စီ တပ်ဖွဲ့ က လိုက်ဖြိုခွင်းမှုပြုလုပ်သဖြင့်...
ကွတ်ခိုင်မြို့ အနီး တိုက်ပွဲပြင်းထန်နေ
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်ဘန်ကျေးရွာအနီးတွင် ယနေ့ ( မေ ၄)ရက် ညနေ ၃နာရီမှ စတင်ကာ လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်း ရရှိသည်။ အဆိုပါ တိုက်ပွဲသည် အကြမ်းဖက် စစ်ကောင်စီ နှင့် ကိုးကန့် (MNDAA)၊ တအာင်း (ပလောင် )...
နမ့်စန်မြို့ အစိုးရ ဌာနများရှိသည့်နေရာ ဗုံးလန့်မှုဖြစ်
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ့်စန်မြို့နယ်ရှိ အစိုးရ ဌာနဆိုင်ရာ ရုံးများရှိရာ နေရာများတွင် ယနေ့ (မေ ၄)ရက် မနက် ၉ နာရီဝန်းကျင်တွင် ဗုံးရှိသည်ဟု စာတန်းပါရှိသော ပါဆယ်ထုပ် တွေ့ရှိသဖြင့် လမ်းများပိတ်ထားကြောင်း သတင်းရရှိသည်။ “ရုံးတက်နေတဲ့သူတွေကို သတိပေးတဲ့ ပုံစံဖြစ်မယ်ထင်တယ်။ ခုထိတော့ စစ်ဆေးနေတုန်းပဲလို့ သိရတယ်။ လမ်းတော့...
နမ္မတူမြို့နယ် မန်လီကျေးရွာ နေအိမ်များ ပြာကျသည့်အထိ မီးရှို့ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း နမ္မတူမြို့နယ် မန်လီကျေးရွာအတွင်း တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဖြစ်ပွားမှု အနီးတွင် အရပ်သား နေအိမ် (၄၀)ကျော် မီးရှို့ဖျက်ဆီးခံရကြောင်း သတင်းရရှိသည်။ နမ္မတူမြို့နယ် မန်လီကျေးရွာ တွင် မေလ (၂) ရက် ညနေပိုင်းအထိ ဒေသခံနေအိမ် (၄၄) အိမ် မီးရှို့ခံရကြောင်း၊ မီးရှို့ခံရချိန်တွင် မန်လီဒေသခံများ စစ်ဘေးရှောင်နေရသည့်အချိန်ဖြစ်နေကြောင်း...
ဟိုပုံးမြို့နယ် နေအိမ်ခဏပြန်လာသည့် NLD ကိုယ်စားလှယ်လောင်း တဦး ဖမ်းဆီးခံရ
SHAN -
သျှမ်းပြည် တောင်ပိုင်း ဟိုပုံးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးခွန်ကျော်အေး ကို ယမန်နေ့ (မေ ၃)ရက် ည ၁၀နာရီကျော် တွင် အကြမ်းဖက်စစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရရှိသည်။ ဦးခွန်ကျော်အေးသည် စစ်တပ်မှ နိုင်ငံတော် အာဏာကို သိမ်းယူပြီးနောက်ပိုင်း ရှောင်ပုန်းနေထိုင်ခဲ့ရာမှ ၎င်း၏...
CDM ပြုလုပ်သည့် ပညာရေးဝန်ထမ်းများ လုပ်ငန်းခွင်သို့ ပြန်မဝင်ပါက ၅၀၅ (က)ဖြင့်ဖမ်းဆီးမည်ဟု ခြိမ်းခြောက်
SHAN -
သျှမ်းပြည်အတွင်း စစ်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုပြုလုပ်နေသည့် ပညာရေးဝန်ထမ်းများကို ရာဇာသတ်ကြီး ပုဒ်မ ၅၀၅ (က)ဖြင့် တရားစွဲဆို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြောဆိုနေသဖြင့် တချို့ ပညာရေးဝန်ထမ်းများ စိုးရိမ်စိတ်များဖြင့် လုပ်ငန်းခွင် ပြန်ဝင်နေရကြောင်း စုံစမ်းသိရသည်။ အကြမ်းဖက် စစ်ကောင်စီ မှ ကျောင်းများ ပြန်လည်ဝင်ရန် နည်းမျိုးစုံ ကြိုးစားနေပြီး၊...





