Thursday, January 29, 2026

မိုးဗြဲဒေသခံ (၂)ဦး သေနတ်ပစ်ခတ်ခံရ၊ ဒဏ်ရာပြင်းထန်

သျှမ်း-ကယား( ကရင်နီပြည်) နယ်စပ် သျှမ်းတောင် မိုးဗြဲမြို့တွင် ယမန် (ဇွန် ၂)ရက် ည ၇နာရီခွဲ ဝန်းကျင်တွင် စစ်ကောင်စီ တပ်သားသည် အရပ်သား (၂)ဦးကို သေနတ် ဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇွန် ၂)ရက် ည (၇)နာရီတွင် မိုးဗြဲမြို့တွင်း လမ်းလျှောက်သွားလာနေသည့် အသက် (၃၅)နှစ် အရွယ်ရှိ အမျိုးသား (၂)ဦးကို စစ်ကောင်စီ အုပ်စု က တစုံတရာ မေးမြန်းခြင်းမပြုဘဲ သေနတ်ဖြင့် ပစ်ခတ်မှုပြုလုပ်ကာ အရပ်သား (၂)ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်း အမည်မဖော်လိုသည့် မိုးဗြဲဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ စနိုက်ပါ (Sniper )နဲ့ပစ်တယ်လို့ယူဆလို့ရတယ်။ ဒဏ်ရာကတော့ ပါး ကျည်ဖောက်ဝင်တယ်။ နောက်တယောက်က ချိုင်းအောက် ကျည်ဆန်ဝင်တယ်။ ဒဏ်ရာတွေက ပြင်းတယ်။ အခုထိတော့ အသက်ရှင်နေသေးတယ်” ဟု မိုးဗြဲဒေသခံကပြောသည်။

စစ်ကောင်စီ အုပ်စု လမ်းသွားလမ်းလာများကို သေနတ်ပစ်ခတ်သည့်အချိန်သည် ည(၇)နာရီအချိန်သာရှိသေးကြောင်း၊ ညမထွက်ရ အမိန့်အချိန်မဟုတ်ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီ အုပ်စုသည် အရပ်သားပြည်သူများကို ရန်သူသဖွယ်ပြုမူပြီး ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်နေသည့်ပုံစံဖြစ်နေကြောင်း လည်း မိုးဗြဲဒေသခံများက ပြောဆိုလိုက်သည်။

ထိုသေနတ်ပစ်ခံရသည့်သူသည် သာမာန်ပြည်သူများဖြစ်ပြီး၊ လက်နက်ကိုင်အဖွဲ့အစည်းနှင့်ဆက်စပ်မှု မရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲမြို့ပေါ် စွန့်ပြီးထွက်ပြေးနေရသည့်စစ်ရှောင်များ စားနပ်ရိက္ခာ နှင့် မိုးကာအရေးပေါ်လိုအပ်

0
သျှမ်းပြည် မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့မှ အထူးစစ်ဆင်ရေး ပြုလုပ်မည်ဟုဆိုသောကြောင့် မြို့ပေါ်ရှိ ပြည်သူများအား မြို့ကိုစွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်နေပေးရန် ကြေညာခဲ့ပြီးနောက် သောင်းနှင့်ချီ ပြည်သူဦးရေများ အလုံးအရင်း ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်တွင် ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူဦးရေ ၃ သောင်း ဝန်းကျင်အနက် အချို့မှာ...

သျှမ်း – ကရင်နီ နယ်စပ် တိုက်ပွဲပြင်းထန် စစ်ရှောင်များ ဆေးဝါးနှင့် စားနပ်ရိက္ခာ ပိုကြပ်တည်းလာ

0
သျှမ်း - ကရင်နီ နယ်စပ် ဖယ်ခုံမြို့နယ်တွင် တိုက်ပွဲပြင်းထန်မှုကြောင့် ဆေးဝါး နှင့် စားနပ်ရိက္ခာ သယ်ယူရန်ခက်ခဲလာရာ စစ်ရှောင်များ ဆေးဝါး နှင့် စားနပ်ရိက္ခာများ ပိုကြပ်တည်းလာကြောင်း စုံစမ်းသိရသည်။ ဖယ်ခုံမြို့နယ် စစ်ဘေးရှောင်စခန်း ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်မှစပြီး ပင်လောင်း၊ ဖယ်ခုံ နှင့် မိုးဗြဲ မြို့နယ်တွင်...

မိုးဗြဲမြို့ တိုက်ပွဲဆက်လက်ပြင်းထန်၊ ပြည်သူများ ထပ်မံထွက်ပြေးနေရ

0
သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့အတွင်း စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည့်အတွက်ကြောင့် ပြည်သူများ ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ (၅) ရက်မှ စပြီး စစ်ကောင်စီသည် မိုးဗြဲမြို့အတွင်း စစ်ကြောင်းထိုးဝင်လာပြီး တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက်ကြောင့် မြို့တွင်းရှိ ပြည်သူများတစ်ချို့...

မိုးဗြဲမြို့ အရပ်သားတစ်ဦး မြေမြှုပ်မိုင်း နင်းမိ၊ ဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ PDF တပ်ဖွဲ့မှ နယ်မြေရှင်းလင်းချိန်တွင် အရပ်သားတစ်ဦး မြေမြှုပ်မိုင်း နင်းမိကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (စက်တင်ဘာ ၁၂) ရက် ည ၄ နာရီခွဲဝန်းကျင်တွင် မိုးဗြဲမြို့ ပွဲကုန်း (၂) ရပ်ကွက် ခရစ်ယာန်ကျောင်း ဘောလုံးကွင်းထဲတွင် PDF တပ်ဖွဲ့တို့က...

မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ တိုက်ပွဲ စစ်ကောင်စီဘက်က သေဆုံးမှုများပြားရှိ

0
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၀ ဦး အထက် သေဆုံးမှုရှိကြောင်း သိရသည်။ ယမန်နေ့ ဇူလိုင် ၂၅ ရက်တွင် မိုးဗြဲမြို့ထဲ စစ်ကောင်စီက စစ်ကြောင်း ထိုးဝင်လာကြောင်း၊ ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီ တပ်ဆွဲထားသည့် ဆောင်နန်းခဲကျေးရွာထဲတွင် PDF...