Wednesday, January 28, 2026

ပင်လုံဈေးမီးလောင်မှာ စိုးရိမ်သဖြင့် ကုန်ပစ္စည်းများ နေအိမ်သို့ ပြောင်းရွှေ့

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့မဈေး မီးလောင်မည်ကို စိုးရိမ်သဖြင့် ဈေးသည်များက ကုန်ပစ္စည်းများကို နေအိမ်သို့ ပြန်လည်သယ်ဆောင်နေရကြောင်း စုံစမ်းသိရှိရသည်။

မြန်မာပြည်အနှံ့ယခုရက်ပိုင်း မြို့မဈေးတွင် ဗုံးပေါက်ခြင်း၊ မီးလောင်းခြင်းများဆက်တိုက်ဖြစ်နေသဖြင့် ပင်လုံဒေသခံများလည်း ဈေးမီးလောင်မည် ကို စိုးရိမ်မှုများစွာရှိနေကြသည်။

ထို့အပြင် ယမန်နေ့ (ဇွန် ၁)ရက် ည (၁၀)နာရီဝန်းကျင်တွင် ပင်လုံမြို့မဈေး အနီးတဝှိက် စစ်ကောင်စီ၏ ကားများ ရောက်ရှိလာသဖြင့် ဈေးဆိုင်ခန်းပိုင်ရှင်များ စိုးရိမ်မှုက ပိုလာပြီး ညအိပ်မပျော်သည့်အဆင့် ဖြစ်ခဲ့ရကြောင်း အသက် ၂၈နှစ် အရွယ် ဈေးသည် တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“မီးလောင်မှာကြောက်တယ်။ ဗုံးလာထောင်မှာလည်း ကြောက်တယ်ပေါ့နော်။ မနေ့ညက သတင်းအမျိုးမျိုးကြားရတော့ အသိတွေကို လိုက်မေးကြည့်တာ ဘယ်သူမှ အိပ်မပျော်ဘူး။ သတင်းကြားတော့ ဘယ်သူမဆို ဈေးထဲ ကိုယ့်ပစ္စည်းကို စိတ်ပူကြတယ်” ဟု အသက် ၂၈နှစ် အရွယ် ဈေးသည် တစ်ဦး က ပြောသည်။

ထို့ကြောင့် ယနေ့ (ဇွန် ၂)ရက် မနက်ပိုင်း ဈေးသည်တစ်ချို့သည် တန်ဖိုးကြီး ကုန်ပစ္စည်းများကို နေအိမ်သို့ ပြောင်းရွှေ့ထားခြင်း၊ ဈေးထဲတွင် အနည်းအကျဉ်းသာ ထားတော့ကြောင်း ကုန်စုံရောင်းသည့် အမျိုးသမီး တဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ဒီနေ့တော့ တစ်ချို့လည်း တန်ဖိုးကြီးတဲ့ ပစ္စည်းတွေ အိမ်မှာ သိမ်းထားကြပြီ။ ဆိုင်မှာ အနည်းအကျဉ်းပဲ ပစ္စည်းတွေ ထားကြတော့တယ်။ တစ်ချို့ဆိုင်တွေဆိုရင်လည်း ပစ္စည်းတွေ အဆင်သင့်ထုတ်သိမ်းထားတာရှိတယ်။ပြောလို့မရဘူး အခုအခြေနေက ဖြစ်လာရင်လည်း ချက်ချင်းသယ် ပြန်လို့ရအောင် အဆင်သင့်လုပ်ထားတယ်။” ၎င်း ဈေးသည် ကဆိုသည်။

သို့ပေမယ့် ယနေ့ ပင်လုံမြို့မဈေးသည် ဈေးများ မူလအတိုင်း အရောင်းအဝယ်ပြုလုပ်ကြသည်ကို သိရှိရသည်။

မေ (၂၈) ရက်တွင်လည်း ပင်လုံမြို့ရှိ အမှတ် (၂) အခြေခံ ပညာအလယ်တန်းကျောင်းခွဲ ဝန်းအတွင်း ဗုံး (၂) လုံး ပေါက်ကွဲသံ ကြားရပြီး ၊ မေ (၃၁) ရက်ည ၁၁ နာရီဝန်းကျင်ခန့်တွင် လွိုင်လင်မြို့ရှိ အမှတ် (၂) မူလတန်းကျောင်းမှာ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ (၁) နေ့မှစတင်ပြီး စစ်တပ်မှ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ဆန္ဒပြမှုများ ဖြစ်ခြင်း၊ အကြမ်းဖက်မှုများ ဖြစ်ခြင်း၊ ဗုံးပေါက်ကွဲမှုဖြစ်ပွားခြင်း၊ ဈေးမီးလောင်ခြင်း နှင့် စာသင်ကျောင်းများ ရပ်ကွက်ရုံးများ မကြာခဏ မီးလောင်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။

“ရွှေဘိုဈေးမီးလောင်တော့ ကျမတို့လည်း စိုးရိမ်ပြီး ပစ္စည်းတွေ အိမ်မှာ ထားထားတာရှိတယ်။ သတိဝိရီယ ထားထားတာတယ်” ဟု ပင်လုံဈေးသည် တစ်ဦး ကပြောသည်။

ရွှေဘိုဈေးမီးလောင်အပြီးတွင် သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မဈေးရှိ ကုန်သည်များသည်လည်း ကုန်ပစ္စည်းများကို နေအိမ်သို့ ပြောင်းရွေ့ခဲ့ကြောင်း သတင်းရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...

ပင်လုံမြို့ သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် (၄) ဦး သေဆုံး

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ခြင်းကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁ နာရီခွဲကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၁) ဈေးအရှေ့ဘက်ရှိ...

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

0
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။ မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့...

ဆီဆိုင် စစ်ကောင်စီဂိတ် ကုန်ပစ္စည်းသယ်သူများဖမ်းဆီးစစ်ဆေး၊ ကုန်ပစ္စည်းများသိမ်းယူ

0
သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ စစ်ကောင်စီဂိတ်တွင် ကုန်ပစ္စည်းသယ်ဆောင်သည့် ဒေသခံများကို ဖမ်းဆီးပြီး သယ်ဆောင်လာသည့် ကုန်ပစ္စည်းများကို သိမ်းဆည်းထားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်မှ စ၍ မြို့အဝင်အထွက်ကို တင်းကြပ်စွာ စစ်ဆေးမှုပြုလုပ်နေပြီး စားသောက်ကုန်ပစ္စည်းများတင်ဆောင်ခွင့်ကိုလည်း ကန့်သတ်ထားသည်။ ထို သတ်မှတ်ထားသည့် ကန့်သတ်ချက်ကျော်တင်ဆောင်လာသည့် ပြည်သူများကို ဖမ်းဆီးထားပြီး ကုန်ပစ္စည်းများကိုပါ...

ထွက်ပြေးသည့် လားရှိုး အဆင့်မြင့် ဆက်သွယ်ရေးတပ်မှူး ဒုဗိုလ်မှူးကြီး ညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံရ

0
သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။ သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ...