ဆီဆိုင် စစ်ကောင်စီဂိတ် ကုန်ပစ္စည်းသယ်သူများဖမ်းဆီးစစ်ဆေး၊ ကုန်ပစ္စည်းများသိမ်းယူ

သျှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့ စစ်ကောင်စီဂိတ်တွင် ကုန်ပစ္စည်းသယ်ဆောင်သည့် ဒေသခံများကို ဖမ်းဆီးပြီး သယ်ဆောင်လာသည့် ကုန်ပစ္စည်းများကို သိမ်းဆည်းထားကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်မှ စ၍ မြို့အဝင်အထွက်ကို တင်းကြပ်စွာ စစ်ဆေးမှုပြုလုပ်နေပြီး စားသောက်ကုန်ပစ္စည်းများတင်ဆောင်ခွင့်ကိုလည်း ကန့်သတ်ထားသည်။

ထို သတ်မှတ်ထားသည့် ကန့်သတ်ချက်ကျော်တင်ဆောင်လာသည့် ပြည်သူများကို ဖမ်းဆီးထားပြီး ကုန်ပစ္စည်းများကိုပါ သိမ်းဆည်းထားကြောင်း ဒေသခံ အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ ဈေးဆိုင် ဖွင့်ထားတဲ့သူဆို ပိုဆိုးတယ်။သူတို့ က အဝေးကြီးကနေလာပြီး ဈေးလာသုံးကြတာ။ သူတို့ကုန်ပစ္စည်းသယ်လာတာများလို့ဆိုပြီး စစ်တပ်ဂိတ်က ပေးမဖြတ်ဘူး။ လူတွေကို ဖမ်းပြီး အချုပ်ခန်းထဲ ထည့်တယ်။ နောက်နေ့ ပြန်လွှတ်ပြီး ကုန်ပစ္စည်းကျတော့ ပြန်မပေးတော့ဘူး။ PDFကို ထောက်ပံ့မှာစိုးလို့ထင်တယ်။” ဟု ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆီဆိုင်မြို့အတွင်းတွင် စစ်ရှောင်များ သုံးပုံ နှစ်ပုံခန့် ပြန်လာကြပြီး သဘာဝဘေးနှင့် စစ်ဘေးကြောင့် အလုပ်ကိုင်ရှားပါးကာ အလှူရှင်ကိုသာ အားထားနေရသည်။

ထို အလှူရှင်များအနေဖြင့် စစ်ဘေးရှောင်ထက် ရေဘေးသင့်သူကို ပို၍အာရုံလှူဒါန်းမှုတွေပြုလုပ်လာခြင်းကြောင့် စစ်ရှောင်ဘက်တွင် ပို၍ခက်ခဲ အကြပ်တည်းများဖြင့် ရင်ဆိုင်နေရကြောင်း အဆိုပါအမျိုးသမီးက ထပ်လောင်းပြောသည်။

ထို့ကဲ့သို့ အစစ်ဆေးတင်းကျပ်ကာ ကုန်ပစ္စည်းများကို ကန့်သတ်ထားမှုကြောင့် ဆီဆိုင်မြို့အတွင်း ဝေးလံသည့် ကျေးရွာများရှိ ဒေသခံများမှာ စားသောက်ကုန်လောက်ငှမှု မရှိတော့ကာ စားဝတ်နေရေးအတွက် ပိုမိုခက်ခဲလာကြောင်း ဆီဆိုင်မြောက်ဘက်ကျေးရွာမှ အမျိုးသမီးတစ်ဉီး ကသျှမ်းသံတော်ဆင့်ကိုပြောသည်။

PNO တပ်သား

“ ရွာသမားတွေက သီနှံပေါ်တဲ့ချိန်ဆို တော်တော်များများက တနှစ်စာ စားသောက်ကုန် ဝယ်ကြတယ် ။အခု ပေးမဝယ်တော့ စားသောက်ကုန်တွေ ပြတ်လပ်လာတယ်။ ခရီးဝေးတော့ ကပိုင်စက်၊ ဆိုင်ကယ်မရှိတဲ့လူဆို သူများနောက် လိုက်ရတယ် ။တခါတလေ သူများဆီလူကြုံမှာရင်လဲ အရင်က မှာလို့ရတယ် ။ ခုချိန်ခြေနေက သူများနဲ မှာရင် သူများ မဝယ်ပေးရဲဘူး ။စားရေးသောက်ရေးက ပိုခက်ခဲ့ လာတယ်။” ဟု ၎င်းက ဆိုသည်။

ထို့အပြင် PNOထံ စစ်မှုမထမ်းသည့် နေအိမ်များကို တစ်အိမ်လျှင် ကျပ်ငွေ ၁၃ သိန်းကောက်ခံနေသဖြင့် သဘာဝဘေးနှင့် စစ်ရေးကြားတွင် ဒေသခံများ အလူးလဲခံနေရသည်ကြောင်း ၎င်းအမျိုးသမီးက ထပ်ဆင့်ပြောသည်။

ဆီဆိုင်မြို့ကို ဖြတ်ပြီး အခြားဒေသသို့သွားမည့် ကုန်တင်ကားများသည် တောင်ကြီးမီးသတ်ရုံးတွင် ဖောင်ဖြည့်ပြီး(ရပခ) ကိုတင်ပြပြီးမှ ဖြတ်သန်းသွားလာလို့ရကြောင်းသိရသည်။

ဆီဆိုင်မြို့တွင် ပအိုဝ်းအမျိုးသားလွတ်မြောကရေး တပ်မတော် ( PNLO/PNLA)၊ KNDF၊ PDF ပူးပေါင်းတပ်ဖွဲ့ နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) ၊စစ်ကောင်စီတို့ ပူးပေါင်းတပ်ဖွဲ့များသည့် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မြို့ခံအများပြား စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။

အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ညောင်ရွှေ PNO က စစ်သားသစ်အတွက် ငွေကောက်၊ ပိုင်ဆိုင်မှုရောင်းပြီး ပေးဆောင်နေရ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်ရှိ ကျေးရွာများကို ပအိုဝ်းပြည်သူ့စစ် (PNO) မှ တပ်သားသစ် အစားထိုးရန်အတွက် တအိမ်လျှင် ကျပ်သိန်းနှင့်ချီသော ငွေကြေးများကို အတင်းအဓမ္မ ကောက်ခံနေကြောင်း နေရပ်ပြန်စစ်ဘေးရှောင်များထံမှ သိရသည်။ ညောင်ရွှေမြို့နယ် လင်လံ (တောင်) ကျေးရွာအုပ်စုရှိ တောင်ပို့ကွဲ၊ ဟိုပန်၊ နမ့်ပွန်နှင့် ထီရိ စသည့် ကျေးရွာများတွင်...

ဆီဆိုင်တွင် PNO ကားဖြင့် အတိုက်ခံရပြီး အမျိုးသားတဉီး သေဆုံး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် ပအိုဝ်းပြည်သူ့စစ်(PNO) မောင်းလာသည်ကားနှင့် ဆိုင်ကယ်တိုက်မိဖြစ်ပွားကာ အမျိုးသားတဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ ဆေးရုံသို့ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀)ရက်ည နေ (၅)နာရီဝန်းကျင်တွင် ဆီဆိုင်မြို့နယ် ဆမ်ဆိုင်ရွာနှင့် ကွန်ကောင်းမူးရွာကြားတွင် တောင်ယာမှ ဆိုင်ကယ်ဖြင့်...

ပုံးအင်း ဒေသခံများ ဝင်ငွေ ပုံမှန်မရှိချိန် စစ်တပ်နှင့် PNO ခေါင်းစဉ်မျိုးစုံ လစဉ်ကြေးတောင်း

0
စပါးစိုက်ပျိုးမှုကို အားထားရသည့် သျှမ်းပြည်တောင်ပိုင်း ပုံးအင်းဒေသတွင် သဘာဝဘေးဒဏ်ကြောင့် စပါးစိုက်ပျိုးမှုနှုန်း တနှစ်ထက် တနှစ် ကျဆင်းလာပြီး ဝင်ငွပုံမှန်မရှိသည့်ကြား စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO)က ခေါင်းစဉ်မျိုးစုံဖြင့် လစဉ်ကြေး တောင်းခံနေကြောင်း သတင်းရရှိသည်။ ပုံးအင်းဒေသေသည် စပါးစိုက်ပျိုးမှုကိုသာ အဓိက အသက်မွေးဝမ်းကြောင်းပြုနေသော်လည်း သဘာဝဘေးဒဏ်၊ ကုန်စျေးနှုန်းဒဏ်ကြောင့် မြေသြဇာများ စျေးမြှင့်တက်လာခြင်းနှင့်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

PNO က အင်းလေးရွာသားတစ်ဦးကို ဖမ်းဆီး ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် (PNO) က ရွာသားတစ်ဦးကို ကျပ်ငွေ ဆယ်သိန်းဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ အင်းလေးတောင်ဘက်ခြမ်းရှိ PNO ဂိတ်တွင် ဒေသခံများနှင့် ခရီးသွားလာသူများကို အစစ်ဆေးတင်းကြပ်ထားပြီး သံသယရှိသူများကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး ငွေတောင်းနေကြောင်း သိရသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်တွင် ဒေသခံအမျိုးသားတစ်ဦးသည်...