နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး တိုက်ပွဲမဖြစ်သော်လည်း စစ်ရှောင် အိမ်မပြန်ရဲသေး
SHAN -
သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် တိုက်ပွဲများ မဖြစ်သော်လည်း ပြည်သူများ မိမိနေရပ်ကို လက်ရှိအချိန်ထိ မပြန်နိုင်သေးကြောင်းစုံစမ်းသိရှိရသည်။ နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် မတ်လပိုင်းက သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့ထိ နေရပ်ကို မပြန်နိုင်သေးကြောင်းသိရသည်။ “တိုက်ပွဲမဖြစ်ပေ့မဲ့...
တောင်ကြီးမြို့ စစ်ကောင်စီမှ အကြမ်းဖက်ရိုက်နှက်၊ ငွေများသိမ်းယူ
SHAN -
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီ မှ ညအချိန်လမ်းသွားလာသူများကို လိုက်လံစစ်ဆေးပြီး အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ ငွေများသိမ်းယူခြင်းများလည်း ပြုလုပ်နေကြောင်း ကြုံတွေ့နေရသည့် တောင်ကြီး ပြည်သူများက ပြောသည်။ စစ်ကောင်စီ မှ အာဏာသိမ်းပြီးနောက် မနက် ၄နာရီမှ ည ၈နာရီ အထိ ည မထွက်ရ အမိန့်...
ကျိုင်းတုံ ဈေးသည်အမျိုးသမီး သေနတ်ပစ်သတ်ခံရ
SHAN -
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် ယမန်နေ့ (မေ ၉ )ရက် မနက် ၄နာရီ တွင် ဈေးသည် အမျိုးသမီးတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ကျိုင်တုံမြို့ ယမန်နေ့ မနက် ၄နာရီ ခွဲခန့်တွင် ကျိုင်းတုံမြို့-မိုင်းယန်းလမ်းတွင် အသက် (၅၁)နှဏ် အရွယ်ရှိ အမျိုးသမီး တဦး...
သျှမ်းတပ် (၂)တပ် လှုပ်ရှားသည့် နောင်ချိုမြို့နယ် တိုက်ပွဲဖြစ် ဒေသခံ (၃၀၀)ကျော်တိမ်းရှောင်နေရ
SHAN -
သျှမ်းတပ် ၂ဖွဲ့ လှုပ်ရှားရာ နယ်မြေဖြစ်သည့် သျှမ်းမြောက် နောင်ချိုမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားကာ ဒေသခံ(၃၀၀) ကျော် ထွက်ပြေး တိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ နောင်ချိုမြိုနယ် နားမွန်ကျေးရွာ နှင့် နားယုတ်ကျေးရွာ တွင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး တပ်မတော်(RCSS) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)တို့...
စစ်ကျွန်ပညာရေးအောက် သျှမ်းတက္ကသိုလ်ကျောင်သားများ မတက်
SHAN -
စစ်အာဏာရှင် အမိန့်ဖြင့် ဖွင့်လှစ်မည့် တက္ကသိုလ်ကျောင်းကို သျှမ်းလူငယ်တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများက သွားတက်မည် မဟုတ်ကြောင်း သျှမ်းပြည်လူငယ်များက ပြောဆိုလိုက်သည်။ မြန်မာတဝှမ်းရှိ တက္ကသိုလ်ကျောင်းများကို မေ ၅ရက် ပြန်ဖွင့်လှစ်နိုင်ရန် အတွက် စစ်အာဏာရှင် အစိုးရ က ကြေညာချက် ထုတ်ပြန်ခဲ့သော်လည်း သျှမ်းပြည်ရှိ တက္ကသိုလ်များတွင် ကျောင်းသားများ သွားရောက်မှု မရှိသလောက်နီးပါးကြောင်း၊...
သီပေါမြို့ စစ်ဘေးရှောင် အမျိုးသမီးအတွက် လစဉ်သုံးပစ္စည်း လိုအပ်နေ
SHAN -
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့ပေါ်ရောက်ရှိနေသည့် စစ်ဘေးရှောင် အမျိုးသမီးများအတွက် လစဉ်သုံးပစ္စည်းများ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။ ဧပြီလ ၅ ရက်နေ့မှစပြီး တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲပြင်ထန်းမှုကြောင့် စစ်ဘေးရှောင် (၁၃၀၀)ကျော် ထွက်ပြေးတိမ်းရှောင်လာပြီး၊ ထိုထဲတွင် အမျိုးသမီးအများစုဖြစ်နေကြောင်း စစ်ဘေးရှောင် ကူညီပေးနေသည့် သူများက ပြောသည်။ “ အခု အလိုအပ်ဆုံးကတော့ အမျိုးသမီးသုံးပစ္စည်း။...
ကွတ်ခိုင်မြို့နယ် စစ်ကောင်စီ နှင့် လက်နက်ကိုင်တပ်ပေါင်းစု တိုက်ပွဲ ဆက်လက်ပြင်းထန်
SHAN -
သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့ စစ်ကောင်စီ နှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု တို့သည် ယနေ့ (မေ ၇)ရက် နေ့လည် ၂နာရီ မှစတင်ကာ တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင သတင်းရရှိသည်။ ကွတ်ခိုင်မြို့နယ် နမ့်ခုံကျေးရွာ အနောက်ဘက် အနီးတဝှိက် စစ်ကောင်စီ အုပ်စု နှင့်...
SHAN -
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်း (၂၁၂ တပ်) အနီး၌ ယမန့်နေ့ ( မေ ၆ )ရက် မနက်ပိုင်း တွင် စစ်ကောင်စီမှ လူငယ် ၃ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “ လူငယ် ၃ဦးကို မနေ့က...
ကျောက်မဲမြို့ လူငယ်(၂)ဦးကို စစ်ကောင်စီ ဖမ်းဆီးသွား၊ မိသားစုဝင်နှင့် အဆက်အသွယ် မရသေး
SHAN -
သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် အာဏာသိမ်း စစ်ကောင်စီ မှ လူငယ်(၂)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားရာ ယနေ့ အချိန်ထိ သတင်း တစုံတရာမကြားသည့်အပြင် မိသားစုဝင်များနှင့် အဆက်အသွယ်မရသေးကြောင်း စုံစမ်းသိရသည်။ စစ်ကောင်စီ ဖမ်းဆီးသွားသည့် သူများမှာ အသက် (၁၇)နှစ်အရွယ် ရဲမင်းပိုင်း နှင့် အသက် (၂၇)နှစ်အရွယ် ကျော်ဇင်ဗိုလ်...
သီပေါမြို့ပေါ်ရောက်လာသည့် ပြည်သူ့စစ် ဘယ်သူ့အတွက်လဲ
SHAN -
ပြည်သူ့လုံခြုံရေး ကို တာဝန်ယူမည် ဟု ပြောဆိုပြီး သီပေါမြို့ပေါ်သို့ သျှမ်းပြည်မြောက်ပိုင်းမှာ သမိုင်းဝင် အထင်ကရ ပြည်သူ့စစ်တပ်ဖွဲ့တစ်ဖွဲ့ ရောက်ရှိ လာပြီး လူထု လုံခြုံရေးအတွက် အာဏာသိမ်းတပ်နှင့် ဆွေးနွေးခဲ့သည်။ သူတို့ရောက်ရှိလာတာ တစ်ပတ်နီးပါးရှိပါပြီ။ သီပေါမြို့ ဒေသခံအတွက် သူခိုး၊ ရန်သူများကို ကာကွယ်ပေးရန် လုံခြုံရေး အပြည့်အဝပေးရန် နှင့်...





