Tuesday, January 27, 2026

သျှမ်းမြောက် ရွှေလီမြစ်ဝှမ်း ဒေသပြည်သူများ သျှမ်းတပ်(၂)တပ် ကြား စိုးရိမ်စိတ်ဖြင့်နေရ

သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသ(ထုန့်မောဝ်) အတွင်း နေထိုင်သည့် ပြည်သူများသည် သျှမ်းတပ်(၂)တပ် ကြား စိုးရိမ်စိတ်များစွာဖြင့် နေထိုင်နေရကြောင်း စုံစမ်းသိရသည်။

ရွှေလီမြစ်ဝှမ်း ဒေသ (ထုန့်မောဝ်) ရှိ မန့်ဟီးရိုးကျေးရွာအုပ်စုမှ ကျေးရွာ (၁၉ )ရွာတွင် လှုပ်ရှားနေသည့် သျှမ်းတပ်(၂)တပ်သည် ဒေသခံ ပြည်သူများကို အပြန်အလှန်ဖမ်းဆီးခြင်း ရှိပြီး၊ ထိုသျှမ်းတပ်(၂)တပ် တိုက်ပွဲဖြစ်ပွားမည်ကို လည်း ပြည်သူများက စိုးရိမ်စိတ်ဖြင့် နေထိုင်နေရကြောင်း သတင်းရရှိသည်။

“ သျှမ်းတပ်(၂)တပ်က ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်တာ စစ်ဆေးတာတွေရှိတယ်။ ဒီလိုဖမ်းဆီးတာတွေ မပြုလုပ်စေချင်ဘူး” ဟု ထုန့်မောဝ် ပြည်သူ့ကိုယ်စားပြု ကော်မတီ အဖွဲ့ဝင် တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

မေ (၃၁)ရက် တွင် ထုန့်မောဝ်ဒေသ နမ့်ခမ်းမြို့နယ် မန်းဆွယ်ကျေးရွာရှိ ရှမ်းလူငယ်အဖွဲ့အစည်း ( TYO) မှ အဖွဲ့ဝင် တစ်ဦး အပါအဝင် ဒေသခံ ၄ဦးကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) မှ ဖမ်းဆီးခဲ့သည်။

ထိုဖမ်းဆီးခဲ့ထဲမှ ဒေသခံ(၃)ဦးကို ယမန်နေ့(ဇွန် ၃)ရက်တွင် ပြန်လည်လွှတ်ပေးခဲ့ပြီး၊ လက်ရှိမှာ TYO အဖွဲ့ဝင် တစ်ဦ ဆက်လက်ဖမ်းဆီးခံထားရကြောင်းသိရသည်။

“ မနေ့က ၃ ယောက်ပြန်လွှတ်လာပေးတယ်။ ကျန်တစ်ယောက်ကိုတော့ တရားရုံးမှာ စစ်ဆေးအုံးမယ်တဲ့။ သူတို့က RCSS အတွက် ဆက်ကြေးကောက်ပေးတယ်ဆိုပြီးတော့ ဖမ်းဆီးသွားတယ်လို့ပြောတယ်” ဟု ထုန့်မောဝ် ပြည်သူ့ကိုယ်စားပြု ကော်မတီဝင် တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

သို့သော် ဖမ်းဆီးခံရသည့် မန်းဆွမ်း ကျေးရွာပြည်သူများသည် RCSS/SSA အတွက် ဆက်ကြေးကောက်ပေးခြင်း မရှိကြောင်း ဒေသခံများပြောပြချက် အရသိရသည်။

လက်ရှိ ဖမ်းဆီးခံထားရသည့် TYO အဖွဲ့ဝင် တစ်ဦးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် အတွက် TYO မှ ပြောရေးဆိုခွင့်ရှိသူ အမျျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျမတို့ ဒီ TYO အဖွဲ့ဝင်တစ်ဦးဖမ်းခံသွားရတယ်။ အမြန်လွှတ်ပေးစေချင်တယ်။ ပြောတာကြားနေရတာကတော့ ၃ ယောက်လွတ်ပေးမယ်။ ကျန်တစ်ယောက်ကို စစ်ဆေးအုံးမယ်လို့တော့ပြောတယ်။ ကျန်တဲ့တစ်ယောက်ကလည်း TYO အဖွဲ့သားပါ။ သူတို့ ထက်စစ်ဆေးအုံးမယ်လို့ကြားထားတယ်။” ဟု TYO အဖွဲ့ဝင် အမျိုးသမီးတစ်ဦးက ပြောသည်။

SSPP/SSAအနေဖြင့် TYO အဖွဲ့ဝင်ကို မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးသွားသည်ကို မသိရှိကြောင်း၊ သျှမ်းတပ် (၂)တပ်ကြားနေထိုင်ရသည့် ပြည်သူအနေဖြင့် ပြဿနာ များမဖြစ်စေချင်ကြောင်းလည်း ၎င်း အမျိုးသမီး က ပြောသည်။

“ ကျနော်တို့ ကော်မတီဘက်ကနေပြီးတော့ လူကိုပြန်လွှတ်လာပေးဖို့တောင်းဆိုပါတယ်။ သူတို့ဘက်က ပြန်မလွှတ်လာပေးသေးရင် ကျနော်တို့လည်း အရမ်းစိတ်ပူရတယ်” ဟု မူဆယ်မြို့နေပြည်သူတစ်ဦးကပြောသည်။

SSPP/SSA မှ ရွှေလီမြစ်ဝှမ်း (ထုန့်မောဝ်ဒေသ) ရှိ TYO အဖွဲ့ဝင်တစ်ဦး အပါအဝင် ဒေသခံ (၄)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့် ကိစ္စ အသေးစိတ်မသိရှိရသေးကြောင်း SSPP/SSA မှပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းဖုန်းဟန် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

ထုန့်မောဝ်ဒေသ အတွင်း သျှမ်းတပ် (၂)တပ် စစ်ရေးတင်းမာမှုရှိနေသဖြင့် ဒေသခံသံဃာတော်များနှင့် ပြည်သူများကလည်း စစ်ရေး မဖြစ်ပွားရန် စာရေး တောင်းဆိုထားသော်လည်း လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေသဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံပြည်သူများက စိုးရိမ်နေကြသည်။

“ ကျနော်တို့ကတော့ စစ်ဖြစ်မှာကိုကြောက်တယ်။ ခုတော့ မဖြစ်သေးဘူး။ နောက်ပြီးတော့ ဒီလူဖမ်းတာပေါ့နော်။ ဟိုဘက်ကလည်းဖမ်း၊ ဒီဘက်ကလည်းဖမ်းနေတာ။ ဒါတွေကို စိုးရိမ်းပြီးနေရတယ်” ဟု ထုန့်မောဝ် ဒေသခံတစ်ဦး က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် မူဆယ် – နမ့်ခမ်း စစ်ရှောင် (၈၀၀၀) ကျော် စားနပ်ရိက္ခာ အရေးပေါ် အကူအညီလိုအပ်

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ်အတွင်း စစ်ကောင်စီ မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ၁ လ နီးပါး ရှိလာပြီဖြစ်သည့်အတွက် စစ်ရှောင် ၈၀၀၀ ကျော် စားနပ်ရိက္ခာ အခက်အခဲ ဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ နမ့်ခမ်းမြို့နယ်တွင်းရှိ စစ်ရှောင်များသည် ကျောင်းခမ်းဘုန်းကြီးကျောင်း (၅၀၀) ကျော်၊ ကွန်ဟိုင်းဘုန်းကြီးကျောင်း မြောက်ဘက် (၈၈၀)...

နယ်မြေမတည်ငြိမ်မှုကြောင့် ဝမ်တင်းလီ စာသင်ကျောင်း ရပ်ဆိုင်းလိုက်ရကြောင်း ကြေညာ

0
သျှမ်းပြည် လဲချားမြို့နယ် လဲချား - မိုင်းနောင် ကားလမ်းပေါ်ရှိ ဝမ်တင်းလီကျေးရွာသစ်တွင် နယ်မြေဒေသ မတည်ငြိမ်မှုကြောင့် စာသင်ကျောင်းကို ရပ်ဆိုင်းလိုက်ရကြောင်း ကော်မတီက လူမှုကွန်ရက်ပေါ်၌ ကြေညာချက်အရ သိရသည်။ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်တွင် ဝမ်တင်းလီကျေးရွာမှ ကော်မတီတစ်ဦးက (Wan Mai Duen Le)...

သျှမ်းတပ် (၂) တပ် ကြောင့် လဲချားမြို့နယ် ရွာပျက်ထိဖြစ်လာ

0
သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ (၂) ဖွဲ့ တိုက်ပွဲဖြစ်ပွားမှုကြောင့် လဲချားမြို့နယ်အတွင်းရှိ ကျေးရွာဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် ရွာပျက်ဖြစ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလဆန်းပိုင်းမှ စတင်ကာ သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ (၂) ဖွဲ့ သည် တိုက်ပွဲဖြစ်ပွားကာ ယနေ့အချိန်ထိ စစ်ရေးတင်းမာနေကြောင်း၊ ထိုတိုက်ပွဲများကြောင့် ကျေးရွာပြည်သူများသည် လဲချားမြို့ပေါ် နှင့် ထိုင်းနိုင်ငံဘက်သို့...

လဲချားပြည်သူ မြေမြှုပ်မိုင်းကြောင့် ခြံသွားရန် စိုးရိမ်နေရ

0
သျှမ်းပြည် လွိုင်လင်ခရိုင် လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားပြီး မြေမြှုပ်မိုင်းများ ရှင်းလင်းပေးမှု မရှိခြင်းကြောင့် ဒေသခံ တောင်သူများ မိုင်းအန္တရာယ်ကို စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ ၉ ရက်မှ စ၍ လဲချားမြို့နယ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး...

သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မိုင်းနောင်မြို့ကျေးရွာအချို့ စစ်ရှောင်နေရ

0
သျှမ်းပြည် လဲချားမြို့နယ် နှင့် မိုင်းနောင်မြို့ နယ်စပ်အတွင်း သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားသောကြောင့် မိုင်းနောင်မြို့ရှိ မင်္ဂလာရန်အောင် ကျောင်းတိုက်မှာ စစ်ဘေးရှောင် (၁၀၀) ကျော် နေရပ်ပြန်ရန် အခက်အခဲ ဖြစ်နေကြောင်း စုံစမ်း သိရှိရသည်။ အဆိုပါ စစ်ရှောင်များသည် မိုင်းနောင်မြို့ ဝမ်တုံကျေးရွာ၊ လုံယန်းကျေးရွာ၊...