Wednesday, January 28, 2026

တောင်ကြီးမြို့နယ်၊ NLD အလုပ်အမှုဆောင်ကော်မတီဝင် တစ်ဦး ဖမ်းဆီးခံရ

သျှမ်းပြည်တောင်ပိုင်း အေးသာယာမြို့နေ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ တောင်ကြီးမြို့နယ် မြို့နယ်အလုပ် အမှုဆောင် ကော်မတီ အဖွဲ့ဝင် တစ်ဦးကို စစ်ကောင်စီမှ လာရာက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်းသိရသည်။

ယမန်နေ့က ဇွန်လ ၆ ရက်နေ့ ည ၁၁ ခွဲဝန်းကျင်တွင် အေးသာယာမြို့နေ ရပ်ကွက် (၅) နေ ဦးတင်မြင့် (ဦးမော်စီ) အား ၎င်း၏နေအိမ်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကားသေး ၅စီး ကားကြီး ၁စီး ယူနီဖောင်း၊ လက်နက် အပြည့်ဖြင့် လာရောက်ဖမ်းဆီးသွားခဲ့ကြောင်း ဦးတင်မြင့် (ဦးမော်စီ) နှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူက ရွေးကောက်ပွဲမှာကတည်းက ပါတီအောင်နိုင်ရေးကို တစ်စိုက်မတ်မတ်လုပ်လာတဲ့သူဆိုတော့ အာဏာစ သိမ်းကတည်းက စစ်ကောင် သူ့ကိုမဲနေတာ၊ မနေ့ညမှာ သူတစ်ယောက် တည်းဖမ်းဖို့အတွက် လက်နက်အပြည့် အစုံနဲ့ စစ်သားတွေ၊ ရဲတွေက ရောက်လာတယ်၊ သူ့ကို ဝိုင်းထားပြီးတော့ သူ့ကို အကြမ်းဖက် ဖမ်းဆီးသွားတာ၊ ရိုက်နှက်တာလည်း ရှိတယ်” လို့ ဦးတင်မြင့်(ဦးမော်စီ) နှင့် နီးစပ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဦးတင်မြင့် (ဦးမော်စီ) သည် NLD တွင် မြို့နယ်အလုပ်အမှုဆောင်ကော်မတီ အဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး ပါတီအောင်နိုင်ရေးကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သူဖြစ်သည့်အတွက် အာဏာသိမ်းကတည်းက ထွက်ပြေးတိမ်းရှောင်နေခဲ့ပြီး နေအိမ်ကိုခဏပြန်လာစဉ် ယခုလိုဖမ်းဆီးခံရခြင်းဖြစ်ကြောင်းလည်း သိရသည်။

မည်သည့်နေရာခေါ်ဆောင်သွားသည်ကို ယခုချိန်ထိ မိသားစုဝင်များ မသိရသေးကြောင်းလည်း၎င်းက ဆက်ပြော သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးနှင့် ကလောမြို့နယ် ကြိုတင်မဲ ကြံ့ခိုင်ရေးပါတီ အပြတ်အသတ် အနိုင်ရ

0
သျှမ်းတောင်၊ တောင်ကြီးမြို့နယ်နှင့် ကလောမြို့နယ်တို့တွင် ယမန်နေ့ ဒီဇင်ဘာလ ၂၆ ရက်နေ့က ကြိုတင်မဲများ ရေတွက်ရာ ကြံ့ခိုင်ရေးပါတီက မဲထောင်ချီ အပြတ်အသတ် အနိုင်ရရှိကြောင်း သတင်းရင်းမြစ်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။ စစ်တပ် ပြုလုပ်သည့် ရွေးကောက်ပွဲ ကြိုတင်မဲများကို ရေတွက်ရာ တောင်ကြီးမြို့နယ်တွင် ပြည်သူ့လွှတ်တော် နေရာ အတွက်...

တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ မကြုံစဖူး တောင်ကျရေကြောင့်နေအိမ်ထဲထိ ရေဝင်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မကြုံစဖူး တောင်ကျရေကြောင့် နေအိမ်ထဲထိ ရေများဝင်ရောက်ပြီး ပျက်စီးမှုများစွာ ကြုံတွေ့နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၈ ရက်တွင် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများသည် မကြုံစဖူး နေအိမ်ထဲထိ ရုတ်တရက်ဝင်ရောက်ပြီး လမ်းများတွင် ကျောက်တုံး၊ သစ်တုံးနှင့်...

အေးသာယာ ရပ်ကွက် အုပ်ချုပ်ရေးမှူးက စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက် လူငယ်ကို အစားထိုးခေါ်ထည့်

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် အေးသာယာမြို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ စစ်မှုထမ်းမဲပေါက်သူထံ ပိုက်ဆံယူပြီး မဲမပေါက်သည့် လူငယ်ကို လူစားထိုးခေါ်ထည့် နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ နောက်ဆုံးပတ်မှ စပြီး စစ်မှုထမ်း အမှတ်စဉ် (၁၅)အတွက် အေးသာယာတွင် မဲနှိုက် နယ်မြေ (၈) (က) ရပ်ကွက်တွင် သုံးဦးမဲပေါက်ပြီး...

တောင်ကြီးမြို့နယ် ကျောက်နီအုပ်စုတွင် ကျေးရွာပိုင်စားကျက်မြေများကို စစ်တပ်သိမ်းဆည်း

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာအုပ်စုရှိ ကျေးရွာပိုင် စားကျက်မြေများကို စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။ အဆိုပါ သိမ်းဆည်းခံရသည့် စားကျက်မြေများသည် တောင်ကြီးမြို့နယ် ကျောက်နီကျေးရွာ၊ ရေပူကျေးရွာနှင့် သရက်ပင်လှကျေးရွာ စသည့် ကျေးရွာများမှ ပိုင်ဆိုင်သည့် စားကျက်မြေများ ဖြစ်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် စစ်ကောင်စီတပ်မှ သိမ်းဆည်းလိုက်ခြင်းကြောင့်...

ချင်းမိုင်တွင် မြန်မာအပါအဝင် တရားမဝင်အလုပ်သမား ၁၅ ဦး ဖမ်းဆီးခံရ

0
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ စားသောက်ဆိုင်တစ်ခုကို ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိများက ဝင်ရောက်စစ်ဆေးရာ တရားမဝင်အလုပ်လုပ်နေသော မြန်မာအပါအဝင် အလုပ်သမား ၁၅ ဦး ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၄ ရက်) က ချင်းမိုင်ခရိုင် ဟန်တုံးမြို့နယ် နောင်ခွဲကျေးရွာအုပ်စုရှိ စားသောက်ဆိုင်တစ်ခုကို ထိုင်းလူဝင်မှုကြီးကြပ်ရေး အရာရှိများက...