Wednesday, January 28, 2026

မိုင်းဆတ်မြို့တွင် မပေါက်ကွဲသေးသည့်မိုင်းတွေ့ရှိ

သျှမ်းရှေ့ မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြိုတွင် နိုင်ငံ့အာဏာသိမ်းခံရပြီးနောက် မပေါက်ကွဲသေးသည့် မိုင်းတစ်လုံးကို ပထမဆုံးအကြိမ်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့က ဇွန်လ(၇)ရက် မနက်(၈)နာရီခွဲဝန်းကျင်တွင် အထက(မိုင်းဆတ်)ကျောင်းအတွင်းရှိ ချင်းတွင်းဆောင်နှင့် သံလွင်ဆောင်ကြားတွင် ပလပ်စတစ်ဗူးဖြင့် ပြုလုပ်ထားပြီး စနက်တံမီးလောင်ကျွမ်းထားပြီး မပေါက်ကွဲသေးသည့် မိုင်းကို တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ချင်းတွင်းဆောင် နဲ့ သံလွင်ဆောင်နားမှာတွေ့တယ်၊ လူတစ်ဦးက အဲ့နားဖြတ်သွားရင် မီးလောင်နေတဲ့ စနက်တံကိုတွေ့ပြီး အော်ဟစ်လို့ ပထမဆုံးတော့ စနက်တံမီးကို ငြိမ်းလိုက်ရတယ်၊ အဲ့နောက်တော့ BE တပ်က လာပြီး သိမ်းသွားတာ” လို့ ၎င်းကပြောသည်။

မိုင်းဆတ်မြိုတွင် နိုင်ငံ့အာဏာသိမ်းခံထားရပြီးနောက် ယခုလို မိုင်းတွေ့ရှိခြင်းသည် ပထမဆုံးဖြစ်ကြောင်းနှင့် လက်ရှိတွင်လက်လုပ်မိုင်းပြုလုပ်သူကို ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းဆတ်မြို့ ယာယီတံတား ရေတိုက်စားမှုကြောင့် ထပ်မံကျိုးကျ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ရှိ ဆိုက်ခေါင်တံတား ရေတိုက်စားမှုကြောင့် ယာယီတံတား ထပ်မံကျိုးကျ သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုကြောင့် မိုင်းဆတ်-တာချီလိတ်သွားသည့် ဆိုက်ခေါင်တံတားကျိုးကျသွားပြီး ယာယီတံတားဖြင့် ပြည်လည်တည်ဆောက်ခဲ့သည်။ ထိုယာယီတံတားသည် (အောက်တိုဘာလ ၁၇ ရက်) တွင် ထပ်မံကျိုးကျသွားကြောင်း မြို့နယ်ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ မိုင်းဆတ်မြို့ ယာယီတံတား...

မိုင်းဆတ်မြို့ လင်မယားနှစ်ဦး ရန်ဖြစ်စကားများရာမှ သေဆုံးမှုထိဖြစ်

0
သျှမ်းပြည် မိုင်းဆတ်မြို့အတွင်း နေထိုင်သည့် လင်မယားနှစ်ဦးသည် စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ၎င်း၏ဇနီးကို ဓားဖြင့်သတ်လိုက်ပြီး အလောင်းကိုရေချောင်းထဲပစ်ချခဲ့ကြောင်း စုံစမ်းသိရသည်။  ယမန်နေ့ (အောက်တိုဘာလ ၁၁ ရက်) နံနက်ပိုင်းတွင် မိုင်းဆတ်မြို့ ဟိုနားကျေးရွာအတွင်း နေထိုင်ကြသည့် လင်မယားနှစ်ဦးသည် ရန်ဖြစ်စကားများရာမှ ခင်းပွန်းဖြစ်သူက ၎င်း၏ဇနီးကို သတ်ဖြင့် အလောင်းကိုရေချောင်းထဲပစ်ချခဲ့ကြောင်း မိုင်းဆတ်မြို့...

အမျိုးသမီးတစ်ဦး အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့တွင် အမျိုးသမီး တစ်ဦးကို စစ်အာဏာသိမ်း ဆန့်ကျင်မှုကြောင့် မိုင်းတုံမြို့ တရားရုံးက အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင် အမိန့်ချလိုက်ခြင်းဖြစ်ပြီး အမှုရင်ဆိုင်ကာလ ၃ လကျော်မှ အမိန့်...

မိုင်းဆတ်မြို့နယ် သူခိုးများ ဖမ်းဆီးရန် ပြည်သူများ ကိုယ်ထူကိုယ်ထလုပ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် သူခိုး၊ ဓားပြ ပေါများလာသည့်အတွက်ကြောင့် ပြည်သူများ ကိုယ်တိုင် ဖမ်းဆီးနှိမ်နင်းရန် ရပ်ကွက်အလိုက် အဖွဲ့ ဖွဲ့စည်းနေကြောင်း စုံစမ်း သိရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း သူခိုး၊ဓားပြ ပေါများလာသော်လည်း တာဝန်ရှိ ရဲတပ်ဖွဲ့များက အလုပ်မလုပ်သောကြောင့် မိုင်းဆတ်မြို့ ရှိ ဒေသခံများက...

မိုင်းဆတ် မူးယစ်ဆေးဝါးသုံးစွဲသူများ သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ သောင်းကျန်းနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ မိုင်းဆတ်မြို့လယ်ခေါင်တွင် မူးယစ်ဆေးများကို ပေါ်တင်သုံးစွဲလာပြီး နေ့လည်ပိုင်းအချိန်၌ အုတ်တံတိုင်းကျော်ကာ ပစ္စည်းများ ပေါ်တင်ဝင်ရောက်ခိုးယူနေကြောင်း မိုင်းဆတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “မြို့လယ်ခေါင်မှာလည်း မူးယစ်ဆေးဝါးတွေ သုံးနေတာ။ မြို့ထဲမှာ ပေါ်တင်သုံးနေတာ။ ပြီးတော့ နေ့လည်အချိန်မှာတောင် အုတ်တံတိုင်း...