Tuesday, January 27, 2026

မိုင်းဆတ်မြို့ လင်မယားနှစ်ဦး ရန်ဖြစ်စကားများရာမှ သေဆုံးမှုထိဖြစ်

သျှမ်းပြည် မိုင်းဆတ်မြို့အတွင်း နေထိုင်သည့် လင်မယားနှစ်ဦးသည် စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ၎င်း၏ဇနီးကို ဓားဖြင့်သတ်လိုက်ပြီး အလောင်းကိုရေချောင်းထဲပစ်ချခဲ့ကြောင်း စုံစမ်းသိရသည်။ 

သတ်ခံရသည့် အမျိုးသမီး

ယမန်နေ့ (အောက်တိုဘာလ ၁၁ ရက်) နံနက်ပိုင်းတွင် မိုင်းဆတ်မြို့ ဟိုနားကျေးရွာအတွင်း နေထိုင်ကြသည့် လင်မယားနှစ်ဦးသည် ရန်ဖြစ်စကားများရာမှ ခင်းပွန်းဖြစ်သူက ၎င်း၏ဇနီးကို သတ်ဖြင့် အလောင်းကိုရေချောင်းထဲပစ်ချခဲ့ကြောင်း မိုင်းဆတ်မြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ သူတို့လင်မယားအချင်းချင်း ရန်ဖြစ်စကားများတာ ခဏခဏကြားနေရတယ်။ အဲ့ကြောင့် သူ့မိန်းမကလည်း အိမ်ကနေ ခဏခဏထွက်ပြေးလေ့ရှိတယ်။ ဒီတစ်ခေါက် သူ့မိန်းမပြန်လာတဲ့အချိန် ရန်ထပ်ဖြစ်ကြတာ။ သူ့သမီးလည်း တခြားရွာမှာ အိမ်ထောင်ကျနေတာလေ။ အဲ့နဲ့ ရွာကလူတွေက သူ့တို့သမီးဖုန်းဆက်ပြီး လာကြည့် ခိုင်းတာ။ ရောက်လာတဲ့အချိန်မှာ သူ့အဖေကတော့ သူ့အမေကိုသတ်ပြီး ရေချောင်းထဲ သွားပစ်နေပြီ “ ဟု ၎င်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လူသတ်မှုကျူးလွန်ခဲ့သည့် အမျိုးသားတစ်ဦးသည် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲပြီး သတိလက်လွတ်ရာမှ ၎င်း၏ဇနီးကို ဓားဖြင့်ခုတ်သတ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုသည်။

လက်ရှိမှာ လူသတ်မှုကျူးလွန်သူ အမျိုးသားတစ်ဦးကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားခဲ့ပြီး ဖြစ်ကြောင်း၊ ယခုလို လူသတ်မှုဖြစ်စဉ်သည်  အဆိုးရွားဆုံးဖြစ်စဉ်တခုဖြစ်ကြောင်းလည်း ဒေသခံတစ်ဦးက ဆက်ပြောသည်။

“ ရွာသူကြီးနဲ့ ရဲတပ်ဖွဲ့က တရားခံကိုဖမ်းသွားပြီ။ အလောင်းကိုလည်း သွားသယ်တယ်။ ရွာကလူတွေ သွာမကြည့်ဖို့၊ ဓာတ်ပုံမရိုက်ကြဖို့ တားထားတယ်။ ရွာမှာဒီလိုဖြစ်စဉ်က တခါမှမကြုံဖူးဘူး “ ဟု ၎င်းကဒေသခံတစ်ဦးက ထပ်လောင်းပြောသည်။

လူသတ်မှုကျူးလွန်သူသည် ဦးသူရိန် ဟု နာမည်ရပြီး သေဆုံးသွားသည့် ၎င်း၏ဇနီးမှာ အသက် ၆၀ နှစ်အရွယ်ရှိ ဒေါ်နန်းကြာ ဖြစ်ကြောင်း သိရသည်။

ဟိုနားကျေးရွာသည် မိုင်းဆတ်မြို့၏ မြောက်ဘက်အရပ်တွင် တည်ရှိပြီး ၁၀ မိုင်ခန့် ကွားဝေးသည်။

အလားတူ ဇွန်လ ၆ ရက်တွင်လည်း ကျိုင်းတုံမြို့နယ် မိုင်းခွန်ကျေးရွာအုပ်စုရှိ ပန်လီရွာအတွင်း နေထိုင်သည့် သားအမိ ၂ ဦးသည် အချင်းချင်းစကားရာမှ သားအရင်းဖြစ်သူမှ မိခင်ဖြစ်သူကို ရိုက်သတ်ခဲ့ဖူးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

0
သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့်...

တောင်ကြီးတွင် စွန့်ပစ်ထားသည့် အလောင်းတစ်လောင်း တွေ့ရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ၊မြို့မရပ်ကွက် စဝ်စံထွန်းလမ်းထဲတွင် အသတ်ခံထားရသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ အောက်တိုဘာလ ၁၆ရက်နေ့ ည ၁၁ နာရီအချိန်တွင် မြိုမရပ်ကွက် စဝ်စံထွန်းလမ်းထဲတွင် အသတ်ခံထားရသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားအလောင်းကို ကားတစ်စီးဖြင့်လာပစ်ချသွားခဲ့ပြီး အဆိုပါ အမျိုးသားရုပ်အလောင်းကို အမှတ်...

ဘန်ကောက်တွင် မြန်မာနိုင်ငံသားလင်မယားရန်ဖြစ်သည်ကို ဝင်တားပေးသည့် ထိုင်းအလုပ်ရှင် သေဆုံး

0
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဘန်ခေ့ (Bang Khae ) နယ်မြေတွင် မြန်မာနိုင်ငံသားလင်မယားနှစ်ဦး စကားများရန်ဖြစ်သည်ကို သေနတ်ဖြင့် ဝင်ရောက်ဟန့်တားပေးရန်ကြိုးစားခဲ့သည့်ထိုင်းအလုပ်ရှင်တစ်ဦး သေနတ်ထိမှန်သေဆုံးသွားကြောင်း ထိုင်းသတင်းဌာတစ်ခုဖြစ်သည့် Khaosod-English တွင်ဖော်ပြထားသည်။ အသက် ၂၃ နှစ်အရွယ် စိုင်းဟန်ဆိုသည့် မြန်မာနိုင်ငံသားမှ ၎င်း၏အမျိုးသမီးဖြစ်သူအား နာကျင်အောင်ပြုလုပ်ရန်ကြိုးစားသည့်အချိန် အလုပ်ရှင်ဖြစ်သူအသက် ၇၀...

သိန္နီမြို့မဈေးလူသတ်မှု မသင်္ကာသူအဖြစ် MNDAA ဖမ်းဆီးသွားသည့် စည်ပင်ဝန်ထမ်း ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံး

0
သျှမ်းပြည် သိန္နီမြို့မဈေးထဲ ဖြစ်ပွားခဲ့သည့် လူသတ်မှုအတွက် ကိုးကန့်တပ်ဖွဲ့ MNDAA မှ မသင်္ကာသူအဖြစ် ဖမ်းဆီးသွားသည့် စည်ပင်ဝန်ထမ်း အမျိုးသားတစ်ဦး ရိုက်နှက်စစ်ဆေးခံရပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၂) ရက် ညပိုင်းတွင် သိန္နီမြို့ရှိ မြို့မဈေး (ဈေးဟောင်း) ၌ ငါးခြောက်ရောင်းချသည့် အသက် (၅၀)...

မိုင်းဆတ်မြို့ ယာယီတံတား ရေတိုက်စားမှုကြောင့် ထပ်မံကျိုးကျ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ရှိ ဆိုက်ခေါင်တံတား ရေတိုက်စားမှုကြောင့် ယာယီတံတား ထပ်မံကျိုးကျ သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုကြောင့် မိုင်းဆတ်-တာချီလိတ်သွားသည့် ဆိုက်ခေါင်တံတားကျိုးကျသွားပြီး ယာယီတံတားဖြင့် ပြည်လည်တည်ဆောက်ခဲ့သည်။ ထိုယာယီတံတားသည် (အောက်တိုဘာလ ၁၇ ရက်) တွင် ထပ်မံကျိုးကျသွားကြောင်း မြို့နယ်ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ မိုင်းဆတ်မြို့ ယာယီတံတား...