တောင်ကြီးတွင် စွန့်ပစ်ထားသည့် အလောင်းတစ်လောင်း တွေ့ရှိ

သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ ၊မြို့မရပ်ကွက် စဝ်စံထွန်းလမ်းထဲတွင် အသတ်ခံထားရသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယမန်နေ့ အောက်တိုဘာလ ၁၆ရက်နေ့ ည ၁၁ နာရီအချိန်တွင် မြိုမရပ်ကွက် စဝ်စံထွန်းလမ်းထဲတွင် အသတ်ခံထားရသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားအလောင်းကို ကားတစ်စီးဖြင့်လာပစ်ချသွားခဲ့ပြီး အဆိုပါ အမျိုးသားရုပ်အလောင်းကို အမှတ် ၁နှင့်၂ ရဲစခန်းမှ ညတွင်းချင်း မှတ်တမ်းယူကာ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

“သေဆုံးနေတဲ့ အမျိုးသားအလောင်းမှာ နားရွက်တစ်ဖက်လည်း မရှိတော့ဘူး။ ကြိုးတုတ်ထားတဲ့ အရာတွေလည်း တွေ့တယ်၊ မီးလောင်ထားတဲ့ ဒဏ်ရာတွေကော၊ ဓားနဲ့ ထိုးသွင်းထားတဲ့ ဒဏ်ရာတွေကော ကြောက်ဖို့ကောင်းတယ်။”ဟု တောင်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နေ့လည်ပိုင်းအချိန်တွင် အမှတ်၁ နှင့်၂ ရဲစခန်းမှာ စိန်ပန်းရဲဌာန ရုံးမှတဆင့် စီစီတီ ဗွီမှတ်တမ်းမှ ခြေရာခံလိုက်နေပြီး ကားနှင့် လာချသွားသည့် တရားခံကို ရှာဖွေမတွေ့ရှိသေးကြောင်း သိရသည်။

ယခင်က လူသတ်အလောင်းစွန့်ပစ်မှု ဖြစ်ရပ်မျိုးသည် နယ်စပ်ဒေသတွင်သာ အဖြစ်များခဲ့ပြီး တောင်ကြီးတွင် ဖြစ်လေ့ဖြစ်ထ မရှိခဲ့ဖူးကြောင်း ဒေသခံများက ပြောသည်။

“လမ်းထိပ်သွားရင်တောင် ဂရုစိုက်ပြီး သွားလာသင့်တယ်။ခေတ်ကာလက အရင်လိုမကောင်းတော့ဘူး။ တောင်ကြီးမှာက လူစုံလာတော့ ပိုဆိုးတာပေါ့၊အရင်လို မအေးချမ်းတော့ဘူး။”ဟု ဒေသခံ အသက် ၅၀ ဝန်းကျင် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ယနေ့ (အောက်တိုဘာလ ၁၇) ရက်နေ့မနက်ပိုင်းတွင်လည်း အောင်ပန်းမြို့အဝင် မင်္ဂလာကန်တွင် အသက် ၂၅ နှစ်အရွယ် ကိုထက်ကျော်၏ ရုပ်အလောင်းကိုတွေ့ရှိခဲ့သည်ဟု သိရသည်။

အဆိုပါ ကိုထက်ကျော်သည် အောင်ပန်းမြို့ ညောင်ပင်ထောင် ရပ်ကွက်မှ လူငယ်တစ်ဦးဖြစ်ပီး ပျောက်ဆုံးနေသည်မှာ သုံးရက်ရှိပြီဖြစ်ကာ ယခုကဲ့သို့ သေဆုံးလျက်ပြန်လည်တွေ့ရှိရသည်ဟု သိရသည်။

ယခုလက်ရှိတောင်ကြီးမြို့တွင် ခိုးဆိုးလုယက်မှုများ နေ့စဉ်နှင့်အမျှ ခပ်စိပ်စိပ်ဖြစ်လာပြီး လုယက်မှု ၊ ပြန်ပေးဆွဲမှုများပါ မကြာခဏ ကြားလာရသောကြောင့် အများပြည်သူများ အသွားလာဂရုစိုက်သင့်ကြောင်း ဒေသခံများက အသိပေးတိုက်တွန်းထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...

တောင်ကြီးတွင် Kpay ပြေစာအတုပြပြီး ငွေလိမ်လည်ထုတ်ယူမှုရှိနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Kpay ပြေစာအတုပြပြီး ‌ငွေလိမ်လည်ထုတ်ယူသူ များလာသဖြင့် ဈေးဆိုင်အချို့ အခက်တွေ့နေရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှ ဈေးဆိုင်တွင် လူရှုပ်နေချိန်ကို အခွင့်ကောင်းယူကာ ငွေသွင်းပြေစာအတုများကို ဆိုင်ရှင်အားပြ၍ ငွေကျပ် သိန်း(၃၀) ထုတ်ယူသွားခဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

ရွာငံတွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွား ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု ဖြင့်နေထိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ မှစပြီး ရွာငံမြို့နယ်တွင် အုပ်စုဖွဲ့ ဓားပြတိုက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလာနေပြီး ရွာငံမြို့ပေါ်နှင့် ကျေးရွာများတွင် ဓားပြတိုက်ခံရ၍ ငွေသား ကျပ်သိန်းတစ်ရာနှင့် ရွှေထည်များသွးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အဆိုပါ...

တောင်ကြီးတွင် အီးစီးကရက် မှောင်ခိုရောင်းဝယ်မှု ကြီးထွားနေဆဲ ၊ ဈေးနှုန်းနှစ်ဆမြင့်တက်

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် အီးစီးကရက် (E- cigarette) နှင့် ပတ်သက်ပြီး အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း မှောင်ခိုရောင်းဝယ်မှုများ ဆက်လက်ရှိနေပြီး ဈေးနှုန်းများလည်း ယခင်ထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့တွင် အီးစီးကရက် ရောင်းချသူများနှင့် သုံးစွဲသူများကိုပါ ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့်...

မိန်းကလေးငယ်ကို ကျပ်တစ်သိန်းဖြင့် လူကုန်ကူးခဲ့သည့် ပွဲစားများ

0
“အဓိက အလုပ်ရှာရင်းနဲ့ ရောင်းစားခံရတာပေါ့ကွာ။ သူတို့ကို အလုပ်ရှာပေးမယ်၊ လစာကောင်းကောင်းပေးမယ် ပြောပြီး ရောင်းစားလိုက်တာ”ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဉီးက ပြောသည်။ ပြီးခဲ့သည့် ဇွန် ၁၃ရက် တွင် တောင်ကြီးမြို့နေ အသက် (၁၆)နှစ် အရွယ်နှင့် အသက် (၁၇)နှစ်အရွယ် မိန်းကလေး နှစ်ဉီးသည် အလုပ်ရှာဖွေရန် ရွှေညောင်မြို့သို့...