Monday, January 26, 2026

ဟိုပန် UWSA မှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ချ

သျှမ်းပြည် ဟိုပန်မြို့နယ်ရှိ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တရားစီရင်ရေး ကော်မတီမှ လောင်းကစားအကြွေးကြောင့် လူသတ်မှုကျူးလွန်ခဲ့သူ အမျိုးသားတစ်ဦးကို သေဒဏ် ချမှတ်ခဲ့ကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဒီဇင်ဘာလ ၂၇ ရက်) နံနက်ပိုင်းတွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနားဟု ခေါင်းစဉ်တပ်ပြီး လောင်းကစားအကြွေးကြောင့် လူသတ်မှု ကျူးလွန်ခဲ့သည့် နောင်ချိုမြို့နယ်မှ အသက် (၂၄) နှစ်အရွယ်ရှိ စိုင်းအောင်လင်းဦး ဆိုသူအား လူအများ ရှေ့မှောက်တွင် သေဒဏ်ချမှတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ဖြစ်စဉ်ကတော့ ပြီးခဲ့တဲ့ ၂ လတုန်းက ဖြစ်တာ၊ ဟိုပန်မှာ အလုပ်လာလုပ်တဲ့လူ အချင်းချင်းပဲ အရက်မူးပြီး လုပ်ကြံကြတာ။ မနက်က အမှုသွား အမှုလာ ဖတ်ပြတာတော့ လောင်းကစားအကြွေးဆပ်ဖို့ ဖုန်းခိုးဖို့လုပ်ရင်း လူသတ်မှုဖြစ်သွားတယ်လို့ ပြောတယ်။ သေဒဏ်ချခံရတာက နောင်ချိုဘက်က” ဟု ဟိုပန်မြို့နယ် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပန်မြို့နယ်ရှိ UWSA လက်အောက်ခံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်တွင် သေဒဏ်ချခံရသည့် စိုင်းအောင်လင်းဦးသည် လောင်းကစားဝိုင်းတွင် ရှုံးနိမ့်ပြီး တရုတ်ယွမ် ၈၀၀ (မြန်မာကျပ်ငွေ ကာလပေါက်ဈေး ၄ သိန်းခွဲခန့်) နှင့် မြန်မာကျပ်ငွေ ၂ သိန်းခန့် အကြွေးတင်ခဲ့ကြောင်း ဆိုသည်။

အဆိုပါညပိုင်းတွင် စိုင်းအောင်လင်းဦးသည် သူငယ်ချင်းတစ်ဦးနှင့် အရက်အတူ သောက်ခဲ့ပြီးနောက် ၎င်း၏ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းကို ခိုးယူရန် အသင့်ယူဆောင်လာသည့် တူဖြင့် ဦးခေါင်းနှင့် လိင်အင်္ဂါနေရာကို အိပ်ပျော်နေစဉ် ထုရိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း UWSA ထုတ်ပြန်ချက်အရ သိရသည်။

၎င်းဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာလ ၁ ရက် နေ့လယ်ပိုင်းတွင် UWSA လက်အောက်ခံ ရဲတပ်ဖွဲ့မှ လူသတ်မှုကျူးလွန်သူ စိုင်းအောင်လင်းဦးကို သက်သေခံပစ္စည်းများနှင့်တကွ ဖမ်းဆီးရမိခဲ့ပြီး တရားစွဲဆိုခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

အလားတူ နိုဝင်ဘာလ (၁၄) ရက်တွင် ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်ထားသည့် ဟိုပန်မြို့တွင် တရားစီရင်ရေး အခမ်းအနား ကျင်းပပြီး ရွှေဆိုင်ဖောက်ထွင်းခိုးယူသူကို ထောင်ဒဏ် (၁၅) နှစ် လူအများရှေ့ ပြစ်ဒဏ်ချမှတ်ခဲ့ပြီး လူသတ်မှုကျူးလွန်သူတစ်ဦးကို သေဒဏ်ပေး၍ ချက်ချင်းကွပ်မျက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်တွင်လည်း ဟိုပန်မြို့တွင် ရာဇဝတ်မှု ကျူးလွန်ကြောင်း ဖော်ထုတ်ခံရသူ (၇)ဦးကို လူသတ်မှုအတွက် သေဒဏ်နှင့် မုဒိမ်းမှုကို ထောင်ဒဏ် (၁၅) နှစ်တို့ လူစုလူဝေးရှေ့မှောက် ပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

0
သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...