မိုင်းဆတ် မူးယစ်ဆေးဝါးသုံးစွဲသူများ သောင်းကျန်းနေ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ သောင်းကျန်းနေကြောင်း စုံစမ်းသိရသည်။

လက်ရှိ မိုင်းဆတ်မြို့လယ်ခေါင်တွင် မူးယစ်ဆေးများကို ပေါ်တင်သုံးစွဲလာပြီး နေ့လည်ပိုင်းအချိန်၌ အုတ်တံတိုင်းကျော်ကာ ပစ္စည်းများ ပေါ်တင်ဝင်ရောက်ခိုးယူနေကြောင်း မိုင်းဆတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“မြို့လယ်ခေါင်မှာလည်း မူးယစ်ဆေးဝါးတွေ သုံးနေတာ။ မြို့ထဲမှာ ပေါ်တင်သုံးနေတာ။ ပြီးတော့ နေ့လည်အချိန်မှာတောင် အုတ်တံတိုင်း ကျော်ပြီးတော့ ပစ္စည်းတွေ ပေါ်တင်ဝင်ခိုးနေတာ။ ခြံထဲရှိတဲ့ အသီးအရွက်တွေ၊ အိမ်ထဲက ရှိတဲ့ ပစ္စည်းတွေကိုဝင် ခိုးနေတာ” ဟု ၎င်းက ပြောသည်။

မိုင်းဆတ် မြို့ပေါ်တွင် မူးယစ်သုံးစွဲမှု အခြေနေဆိုးရွားလာပြီး တာဝန်ရှိသူ ရဲများကလည်း ဝင်ရောက်ဖမ်းဆီးမှုမရှိကြောင်း သိရသည်။

ထိုကြောင့် ပြည်သူများသည် မိမိလုံခြုံရေးအတွက် မူးယစ်ဆေးဝါးသုံးစွဲသူများကို ကိုယ်တိုင်ဖမ်းဆီးနေရပြီး ရဲစခန်းကို ပို့ပေးနေရကြောင်း ဩဂုတ် ၂၆ ရက်တွင် မူးယစ်ဆေးဝါးသုံးစွဲသူ (၁၃) ဦးကို ပြည်သူများ ကိုယ်တိုင်ဖမ်းဆီးပြီး ရဲစခန်းသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။

မူးယစ်ဆေးဝါးသုံးစွဲသူများ သောင်းကျန်းနေ

“ပြည်သူတွေကပဲ ကိုယ်တိုင်ဝင်ဖမ်းပြီးတော့ ရဲစခန်းကို ပို့ပေးနေတယ်လို့ကြားရတယ်။ မြို့ထဲမှာ မူးယစ်ဆေးဝါးသုံးတဲ့သူပေါ်တင်ရှိနေတာတောင် သက်ဆိုင်ရာက လာဖမ်းတာတွေ မရှိဘူးတဲ့။ ရောင်းနေတဲ့သူတွေကိုလည်း သူတို့က မဖမ်းဘူး” ဟု မိုင်းဆတ်ဒေသခံ အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထိုအပြင် မိုင်းဆတ်မြို့နယ် ကျေးရွာဘက်တွင်လည်း အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူးများကိုယ်တိုင်က မူးယစ်ဆေးဝါးသုံးစွဲနေပြီး အသက် ၁၅ နှစ် အရွယ်ကလေးတွေလည်း ပါဝင်နေကြောင်း သိရသည်။

ထိုသို့ မူးယစ်ဆေးဝါးသုံးစွဲမှုများလာသည့်အတွက် ရှေ့ဆက်လူငယ်အရင်းမြစ်များ ဆုံးရှုံးနိုင်သောကြောင့် ပြည်သူများ ဝိုင်းဝန်းပြီး တားမြစ်ရန် နှင့် မူးယစ်ဆေးဝါးရောင်းချသူများကို ဖမ်းဆီးရန်လိုအပ်ကြောင်း မိုင်းဆတ်မြို့ ဒေသခံ လူငယ်အမျိုးသား တစ်ဦးက ပြောသည်။

“အခုမိုင်းဆတ်မှာ မူးယစ်ဆေးဝါးသုံးသူက အသက် ၁၅ နှစ်အရွယ်တွေလည်းရှိတယ်။ လူငယ်တွေအများဆုံးဖြစ်တယ်။ ဒီလိုဖြစ်နေရင် ကျနော်တို့ လူငယ်အရင်းမြစ်တွေ ပျောက်ဆုံးသွားနိုင်တယ်။ ပိုဆိုးတာက ကျေးရွာဘက်က အုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်မှူးတွေလည်း ဆေးတွေသုံးနေတယ်လို့ကြားတယ်။ ဒီလိုမရှိအောင် ရောင်းတဲ့သူတွေ၊ သုံးတဲ့သူတွေကို ဖမ်းဖို့ လိုတယ်” ဟု ၎င်း လူငယ် အမျိုးသား က ထပ်လောင်းပြောသည်။

မိုင်းဆတ်မြို့သည် ဇွန်လ မှ စပြီး မူးယစ်ဆေးဝါးသုံးစွဲမှု များလာကြောင်းသိရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ သျှမ်းပြည်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု တစ်ဖန်ပြန်ကြီးထွားလာနေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...