Friday, April 19, 2024

အမျိုးသမီးတစ်ဦး အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ

Must read

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့တွင် အမျိုးသမီး တစ်ဦးကို စစ်အာဏာသိမ်း ဆန့်ကျင်မှုကြောင့် မိုင်းတုံမြို့ တရားရုံးက အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ကြောင်း သတင်းသိရသည်။

ယမန်နေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင် အမိန့်ချလိုက်ခြင်းဖြစ်ပြီး အမှုရင်ဆိုင်ကာလ ၃ လကျော်မှ အမိန့် ချလိုက်ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူမကို စစ်အာဏာသိမ်း ဆန့်ကျင်မှု လှုပ်ရှားမှု ရှိတယ်ဆိုပြီးတော့ ပြီးခဲ့တဲ့ နွေဦးတော်လှန်ရေး အစကတည်းက ခဏခဏခေါ် သတိပေးခံရတယ်၊ ဒါပေမယ့် သြဂုတ်လ အစပိုင်း ကနေစပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု နဲ့ သူ့ကို တရားစွဲလိုက်တယ်၊ မနေ့ကတော့ အလုပ်ကြမ်း နဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချလိုက်တာပဲ” ဟု အထက်ပါ အမျိုးသားက ပြောသည်။

မညိုမီအောင

အလုပ်ကြမ်း နှင့် ထောင်ဒဏ် (၁) နှစ်ချမှတ်ခံထားရသည့် အသက် (၄၁) နှစ် မညိုမီအောင်သည် သား (၃) ဦး မိခင်လည်း ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၁၃ ရက်တွင်လည်း မိုင်းတုံမြို့မှ NLD ပါတီ၏ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ရွေးကောက်ပွဲဝင်ရောက် ယှဥ်ပြိုင်ဖူးသည့် ဖခင်ဖြစ်သူ နှင့် CDM လှုပ်ရှားမှုမှာ ပါဝင်ထားသည့် ကျောင်းဆရာမ သမီးဖြစ်သူတို့ကို စစ်ကောင်စီမှ လာရောက်စစ်ဆေးပြီး ဖမ်းဆီးသွားကြောင်း သတင်းသိရသည်။

လက်ရှိတွင် မိုင်းတုံမြို့တွင်း ဖမ်းဆီးခံထားရသူ စုစုပေါင်း ၈ ဦး ရှိနေပြီး မိုင်းတုံမြို့မ ရဲစခန်းမှ အချုပ်ခန်းထဲတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်းလည်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article