Tuesday, January 27, 2026

မိုင်းဆတ်မြို့ ယာယီတံတား ရေတိုက်စားမှုကြောင့် ထပ်မံကျိုးကျ

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့ရှိ ဆိုက်ခေါင်တံတား ရေတိုက်စားမှုကြောင့် ယာယီတံတား ထပ်မံကျိုးကျ သွားကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မိုးရွာသွန်းမှုကြောင့် မိုင်းဆတ်-တာချီလိတ်သွားသည့် ဆိုက်ခေါင်တံတားကျိုးကျသွားပြီး ယာယီတံတားဖြင့် ပြည်လည်တည်ဆောက်ခဲ့သည်။

ထိုယာယီတံတားသည် (အောက်တိုဘာလ ၁၇ ရက်) တွင် ထပ်မံကျိုးကျသွားကြောင်း မြို့နယ်ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းဆတ်မြို့ ယာယီတံတား ရေတိုက်စားမှုကြောင့် ထပ်မံကျိုးကျ

“အောက်တိုဘာလ ၁၇ ရက်နေ့လည်မှာ ထပ်ကျိုးသွားတယ်။ လုပ်ထားတာလည်း ယာယီတံတား ဆိုင်ကယ်နဲ့ ကားအသေးသွားလို့ရအောင်လောက်ပဲ လုပ်ထားတာ။ ရေကရုတ်တရက်ထပ်ကြီးလာတော့ တံတားက မခံနိုင်တော့ ပြန်ကျိုးသွားတယ်” ဟု ၎င်းက ပြောသည်။

(အောက်တိုဘာလ ၁၇ ရက်) တံတားပြင်နေသည့် အလုပ်သမားတစ်ဦးသည် နေလည်ထမင်းစားနာချိန် ဆိုက်ခေါင်တံတားပေါ်တွင် လမ်းလျှောက်ရင်း ၎င်းတံတားကျိုးကျသည်ကို သိသိချင်း တံတားပေါ်ကနေ ခုန်ချလိုက်ပြီး ဦးခေါင်းဒဏ်ရာရကာ ယခင် မိုင်းဆတ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အောက်တိုဘာလ ၁၇ ရက်နေ့က တံတားပြင်သွားကြတာ အလုပ်သမားတွေနဲ့ နေ့လည်ထမင်းစားနားနေချိန် အမျိုးသားတစ်ယောက်က တံတားပေါ်ကို လမ်းလျှောက်ရင်း ကျိုးကျသွားတာ သူသိသိချင်း ခုန်းချလိုက်တာ ခေါင်းနဲ့ကျောက်ခဲတိုက်မိတာ ၃ ချက်တောင် ချုပ်ရတယ်။ အခု‌တော့ မိုင်းဆတ်ဆေးရုံမှာပဲ။ တံတားကို ကောင်းကောင်းပြန်လုပ်ရင် တစ်လလောက်ကြာမယ်” ဟု ၎င်းက ပြောသည်။

မိုင်းဆတ်မြို့နှင့် တာချီလိတ်မြို့ကြားတွင် လမ်းတံတားများ ပျက်စီးမှုကြောင့် ကားများသည် ယခုအချိန် သွားလာ၍ မရသည့်အတွက် ကုန်ပစ္စည်းများကို ဆိုက်ခေါင်တံတားအနီးတွင် ဖောင်များဖြင့်ပစ္စည်းများကို သယ်ယူနေရကြောင်း မိုင်းဆတ်မြို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဆိုက်ခေါင်တံတား စတင်ပြတ်တောက်သွားပြီးနောက် အခြေခံစားသောက်ကုန်များ ဈေးနှုန်းပိုမိုမြင့်တက်လာပြီး ကုန်ပစ္စည်းများနှင့် ကူးသန်းရောင်းဝယ်မှုလုပ်ငန်းကို ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီမြို့ကိုသာ အဓိက အားကိုးနေထိုင်ရသည်ဟု ဒေသခံအမျိုးသမီးက ပြောသည်။

“တံတားပြန်ပျက်တော့ စားသောက်ဖို့ ပစ္စည်းတွေသယ်ဖို့တွေ ခက်ခဲတယ်။ စားသောက်ကုန်နဲ့ စီးပွားရေးလုပ်ငန်းတွေဆို တာချီလိတ်မြို့ကိုပဲ အားကိုးပြီး နေထိုင်ရတယ်။ ရုတ်တရက်ပြန်ကျိုးလိုက်တော့ ကုန်တွေကို ဖောင်နဲ့သယ်ရတယ် သယ်ခလည်း ဈေးများတယ်။ တစ်နေ့ထက်တစ်နေ့ ပိုခက်ခဲလာတယ်”ဟု ၎င်းက ပြောသည်။

သျှမ်းပြည်အရှေ့ပိုင်းတွင် သစ်တောများ အလွန်အကျွံ ခုတ်ယူခြင်း၊ သတ္တုများ အလွန်အကျွံ တူးဖော်ခြင်းနှင့် တောတောင်တွင် သစ်ပင်များမရှိတော့သဖြင့် မိုးရွာသွန်းသည်အခါ မြေကြီးမှ ရေစုပ်ယူမှု မရှိတော့သဖြင့် ယခုကဲ့သို့ ရေကြီးရေလျှံမှု ဖြစ်ပွားလာရခြင်းဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်စောင့်ကြည့်လေ့လာသူများက ဆိုသည်။

အလုပ်သင် သတင်းထောက် နန်းဆိုင်ခမ်း ရေးသားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့အဝင် တံတားကြီးကျိုး

0
သျှမ်းပြည် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမပေါ် ရှိ သိန္နီမြို့အဝင် တံတား ယနေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက်ပိုင်းအချိန်တွင် ကျိုးကျသွားပြီဖြစ်ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၃၀) နံနက်ပိုင်းအချိန်တွင် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမပေါ်ရှိ သိန္နီမြို့အဝင်မှ ကုန်သွယ်ရေးလမ်းကြောင်းအတွက် ဆက်သွယ်ထားသော တံတား (အဓိကကျသည့် တံတားကြီး)...

မိုင်းဆတ်မြို့ လင်မယားနှစ်ဦး ရန်ဖြစ်စကားများရာမှ သေဆုံးမှုထိဖြစ်

0
သျှမ်းပြည် မိုင်းဆတ်မြို့အတွင်း နေထိုင်သည့် လင်မယားနှစ်ဦးသည် စကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ၎င်း၏ဇနီးကို ဓားဖြင့်သတ်လိုက်ပြီး အလောင်းကိုရေချောင်းထဲပစ်ချခဲ့ကြောင်း စုံစမ်းသိရသည်။  ယမန်နေ့ (အောက်တိုဘာလ ၁၁ ရက်) နံနက်ပိုင်းတွင် မိုင်းဆတ်မြို့ ဟိုနားကျေးရွာအတွင်း နေထိုင်ကြသည့် လင်မယားနှစ်ဦးသည် ရန်ဖြစ်စကားများရာမှ ခင်းပွန်းဖြစ်သူက ၎င်း၏ဇနီးကို သတ်ဖြင့် အလောင်းကိုရေချောင်းထဲပစ်ချခဲ့ကြောင်း မိုင်းဆတ်မြို့...

အမျိုးသမီးတစ်ဦး အလုပ်ကြမ်း နှင့် ထောင်ဒဏ် ၁ နှစ်ချမှတ်ခံရ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့တွင် အမျိုးသမီး တစ်ဦးကို စစ်အာဏာသိမ်း ဆန့်ကျင်မှုကြောင့် မိုင်းတုံမြို့ တရားရုံးက အလုပ်ကြမ်းဖြင့် ထောင်ဒဏ် ၁ နှစ် ချမှတ်လိုက်ကြောင်း သတင်းသိရသည်။ ယမန်နေ့ အောက်တိုဘာ ၂၀ ရက်နေ့တွင် အမိန့်ချလိုက်ခြင်းဖြစ်ပြီး အမှုရင်ဆိုင်ကာလ ၃ လကျော်မှ အမိန့်...

မိုင်းဆတ်မြို့နယ် သူခိုးများ ဖမ်းဆီးရန် ပြည်သူများ ကိုယ်ထူကိုယ်ထလုပ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်တွင် သူခိုး၊ ဓားပြ ပေါများလာသည့်အတွက်ကြောင့် ပြည်သူများ ကိုယ်တိုင် ဖမ်းဆီးနှိမ်နင်းရန် ရပ်ကွက်အလိုက် အဖွဲ့ ဖွဲ့စည်းနေကြောင်း စုံစမ်း သိရသည်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အတွင်း သူခိုး၊ဓားပြ ပေါများလာသော်လည်း တာဝန်ရှိ ရဲတပ်ဖွဲ့များက အလုပ်မလုပ်သောကြောင့် မိုင်းဆတ်မြို့ ရှိ ဒေသခံများက...

မိုင်းဆတ် မူးယစ်ဆေးဝါးသုံးစွဲသူများ သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် မူးယစ်ဆေးဝါးသုံးစွဲသူများ သောင်းကျန်းနေကြောင်း စုံစမ်းသိရသည်။ လက်ရှိ မိုင်းဆတ်မြို့လယ်ခေါင်တွင် မူးယစ်ဆေးများကို ပေါ်တင်သုံးစွဲလာပြီး နေ့လည်ပိုင်းအချိန်၌ အုတ်တံတိုင်းကျော်ကာ ပစ္စည်းများ ပေါ်တင်ဝင်ရောက်ခိုးယူနေကြောင်း မိုင်းဆတ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ “မြို့လယ်ခေါင်မှာလည်း မူးယစ်ဆေးဝါးတွေ သုံးနေတာ။ မြို့ထဲမှာ ပေါ်တင်သုံးနေတာ။ ပြီးတော့ နေ့လည်အချိန်မှာတောင် အုတ်တံတိုင်း...