သိန္နီမြို့အဝင် တံတားကြီးကျိုး

သျှမ်းပြည် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမပေါ် ရှိ သိန္နီမြို့အဝင် တံတား ယနေ့ (အောက်တိုဘာလ ၃၀ ရက်) နံနက်ပိုင်းအချိန်တွင် ကျိုးကျသွားပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

ယနေ့ (အောက်တိုဘာလ ၃၀) နံနက်ပိုင်းအချိန်တွင် လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမပေါ်ရှိ သိန္နီမြို့အဝင်မှ ကုန်သွယ်ရေးလမ်းကြောင်းအတွက် ဆက်သွယ်ထားသော တံတား (အဓိကကျသည့် တံတားကြီး) သည် ကျိုးကျသွားပြီဖြစ်ကြောင်း ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ ဒေသခံတစ်ဦးက ပြောသည်။

သိန္နီ တံတား

“ ဟုတ်တယ်။ တံတားက တကယ်ကျိုးသွားပြီ။ သွားလာလို့မရတော့ဘူး။ အခုတော့ အပြင်မထွက်ရဲတော့ဘူး “ ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

အလားတူ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင် တပ်သားတစ်ဦးကလည်း အဆိုပါ တံတားသည် စစ်ကောင်စီ၏ စစ်ကူနှင့် စစ်ထောက်ပို့များ သယ်ယူပို့ဆောင်ရေးမှာ အဓိကအသုံးပြုသည့် တံတားဖြစ်သည့်အတွက် ဖောက်ခွဲဖျက်စီးခဲ့ကြောင်း ၎င်းရဲ့ လူမှုကွန်ရက်ပေါ်၌ ရေးသားဖြန့်ဝေထားသည်။

တစ်ဖက်တွင် ကွတ်ခိုင်နှင့် နမ့်ဖတ်ကာကြားရှိ နမ့်ခိုင်စစ်ဆေးရေးဂိတ်တံတားအနီး စစ်ကောင်စီဂိတ်ကို ညီနောင်မဟာမိတ်တို့က တိုက်ခိုက်နေသည့်အတွက် ယခုလို ဖောက်ခွဲပစ်လိုက်ခြင်းဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။

လက်ရှိမှာ သိန္နီမြို့အတွင်း ပြည်ထောင်စုလမ်းမကြီးသည်လည်း ဖျက်ဆီးခံရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောသည်။

“ ဟုတ်တယ်။ တံတားက ကျိုးသွားပြီ။ အခု သန္နီမြို့ထဲမှာလည်း လမ်းတွေ ထူးထားတယ်။ ကားသွားလာလို့မရ “ ဟု ၎င်းကဆိုသည်။

ထို့အပြင် နောင်ချို-ကျောက်မဲ-လားရှိုး-မူဆယ်-ချင်းရွှေဟော် စသည့် လမ်းပိုင်းအား ဖြတ်သန်း သွားလာခွင့် တားမြစ်ထားဆဲဖြစ်ရာ မည်သူမဆို ယာဉ်ဖြင့်ဖြတ်သန်းသွားလာပါက စစ်တပ်ထောက်ပို့ယာဉ်အဖြစ် သတ်မှတ်၍ ပြင်းထန်စွာတိုက်ခိုက် ချေမှုန်းသွားမည် ဟု MNDAA မှ အောက်တိုဘာ ၂၇ ရက်၌ ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီတွင် MNDAA က ညမထွက်ရအမိန့်ထုတ်ပြန်၊ MNDAA နှင့် TNLAကြား စစ်ရေးတင်းမာနေ

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့တွင် ယနေ့ညမှ စတင်ကာ ည ၈ နာရီနောက်ပိုင်း အပြင်မထွက်ရန် ညမထွက်ရအမိန့်ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ရုတ်တရက် ထုတ်ပြန်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါအမိန့်သည် ကွတ်ခိုင်မြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ကြား တိုက်ပွဲများ...

ကွတ်ခိုင်မြို့နယ် TNLA တပ်စခန်းများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် MNDAA တိုက်ခိုက်

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်ရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်စခန်းနေရာများကို ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး စတင်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၄ ရက်) နံနက် ၁၀ နာရီခန့်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်ရှိ မုံးစီး၊ နမ့်ဖတ်ကာ၊...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်တပ်နှင့် SSPP တိုက်ပွဲဖြစ်ပြီးနောက် ရွာသားများကို စစ်တပ်ဖမ်းဆီးရိုက်နှက်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်နှင့် SSPP/SSA ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရွာသားများကို စစ်ကော်မရှင်တပ်ဘက်မှ ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း စုံစမ်းသိရသည်။ မတ်လ (၁၀) ရက် နေ့လယ်ပိုင်းတွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား တစ်နာရီကျော်ကြာ ထိတွေ့တိုက်ပွဲ...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...