နမ္မတူမြို့နယ် ပန်လုံ တိုက်ပွဲရပ်တန့်သော်လည်း ကျေးရွာအတွင်း လက်နက်ကိုင်ရှိနေဆဲ

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအုပ်စုအတွင်း တိုက်ပွဲရပ်နားထားသော်လည်း လက်နက်ကိုင်များ ကျေးရွာထဲတွင် ရှိနေသေးသဖြင့် ဒေသခံများ စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲကြောင့် ပန်လုံကျေးရွာအုပ်စုရှိ ဒေသခံများ လားရှိုးဘုန်းကြီးကျောင်းသို့ (၁) လနီးပါး ထွက်ပြေးတိမ်းပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။

“ တိုက်ပွဲကတော့ တိတ်သွားပြီ။ ကျနော်တို့ နေရပ်ပြန်ပေမယ့် ကြောက်တော့ကြောက်နေရသေးတယ်။ရွာထဲမှာ လက်နက်ကိုင် အဖွဲ့တွေကတော့ ရွာထဲမှာ သွားလာနေသေးတယ်” ဟု အသက် (၆၀)အရွယ်ရှိ ပန်ဟတ်ကျေးရွာ ဒေသခံတဦး က သျှမ်းသ့တော်ဆင့်ကို ပြောသည်။

ကျေးရွာထဲသို့တိုင်းရင်းသားလက်နက်ကိုင်အုပ်စု သွားလာလှုပ်ရှားမှုရှိနေသေးပြီး၊ မသင်္ကာသည့်အိမ်များကိုဝင်ရောက် စစ်ဆေးမှု ပြုလုပ်ကြောင်း၊ ပန်ဟတ်ကျေးရွာရှိ နေအိမ် (၂)လုံး ဝင်ရောက်စစ်ဆေးခံရကြောင်းလည်း ၎င်း အမျိုးသားက ပြောသည်။

“ မသင်္ကာတဲ့အိမ်တွေ ဝင်စစ်တယ်။ ပန်ဟတ်ဒေသခံက ၂ အိမ်လောက် ဝင်စစ်ပြီး အကုန်ဝင်ရှာဖွေသွားတယ်။ အိမ်ပြတင်းပေါက်တွေ အကုန်ပျက်တယ်။ တခြားအိမ်တွေလည်း ဝင်စစ်တာရှိတယ်။ TNLA လို့ ပြောတယ်” ဟု အထက်ပါ ပုဂ္ဂိုလ် ကဆိုသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာအတွင် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ များ သွားလာလှုပ်ရှားနေသည်ဟုလည်း ဒေသခံများက ပြောသည်။

ထို့အပြင် နမ္မတူမြို့နယ်အတွင်း တိုင်းရင်းသားအချင်းချင်းဖြစ်ပွားနေသည့် တိုက်ပွဲရပ်တန့်နေသော်လည်း ဒေသခံများအနေဖြင့် တိုက်ပွဲအတွင်း ထောင်ထားသည့် မိုင်းကို နင်းမိမှာကို စိုးရိမ်သဖြင့် တောင်ယာကို မသွားရဲသေးကြောင်းလည်း ပန်လုံကျေးရွာတွင်နေထိုင်သည့် အမျိုးသားတစ်ဦး ကပြောသည်။

“ သေနတ်သံ တိတ်သွားပေမယ့် ရွာထဲ လှုပ်ရှားနေတာတော့ ရှိသေးတယ်။ တောင်ယာတွေ သွားတဲ့ချိန်မှာ ကျနော်တု့ိ မိုင်းတွေ သွားနင်းမိမှာ စိုးရိမ်ကြတယ်။ အသွားအလာလည်း စိုးရိမ်ရတယ်” ဟု ၎င်း အမျိုးသားက ဆိုသည်။

TNLA အနေဖြင့် လုံခြုံရေးအရ ဝင်ရောက်စစ်ဆေးမှုရှိကြောင်း၊ ဝင်ရောက်စစ်ဆေးမှုများကို မပြုလုပ်ခင်တွင် သက်ဆိုင်သူများကို ခွင့်တောင်းပြီးမှဝင်ရောက်စစ်ဆေးလျက်ရှိကြောင်း ဇွန် (၂)ရက်တွင် TNLA ပြန်ကြားရေး ဗိုလ်မှူး မိုင်းအိုက်ကျော်က သျှမ်းသံတော်ဆင့်ကို တရားဝင်ဖြေဆိုခဲ့သည်။

သို့သော် ယနေ့သတင်းနှင့် ပတ်သက်ပြီး ဗိုလ်မှူး မိုင်းအိုက်ကျော်ကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း မရရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

ကွတ်ခိုင်တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို MNDAA စည်းရုံး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ် တိုက်ပွဲအတွင်း ထွက်ပြေးပုန်းအောင်းနေသည့် TNLA တပ်သားများကို လက်နက်အပ်ရန်နှင့် ဆေးဝါးကုသမှုခံယူရန် MNDAA ဘက်မှ လိုက်လံစည်းရုံးနေကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၂ ရက်မှ စတင်ပြီး ကွတ်ခိုင်မြို့နယ်အတွင်းရှိ မုံးစီး၊ ကာလိုင်၊ မိုင်းယုလေး၊ ရှုခင်းသာ၊ ၃၈ မိုင် စသည့် ကျေးရွာအုပ်စုများတွင်...