Wednesday, January 28, 2026

ကျောက်မဲမြို့ ဆံပင်ညှပ်ဆိုင် ဝန်ထမ်းတစ်ဦး ပုဒ်မ ၅၀၅ (ခ) ဖြင့် ဖမ်းဆီးခံရ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့တွင် ဇွန်လ (၂)ရက် ညနေပိုင်းက ဆံပင်ညှပ်ဆိုင်တွင် အလုပ်လုပ်နေသည့် လူငယ်တစ်ဦး ကို စစ်ကောင်စီ မှ ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ကျောက်မဲမြို့ အမှတ်(၃)ရပ်ကွက်ရှိ ဆံပင်ညှပ်ဆိုင်တွင် အလုပ်လုပ်နေသည့် အသက် (၃၀) အရွယ်ရှိ စိုင်းရွှေထွန်း ကို စစ်ကောင်စီ အုပ်စုမှ ဖုန်းဆက်ပြီး ၎င်းဖုန်းနံပတ်ကိုင်ဆိုင်သည့် စိုင်းရွှေထွန်းကို အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင် သွားကြောင်း စိုင်းရွှေထွန်း ၏ အမျိုးသမီး က သျှမ်းသံတော်ဆင့်ကို ပြောပြသည်။

“အဲ့နေ့(ဇွန်လ ၂ ရက်နေ့) က ညနေပိုင်းအချိန်မှာ အစ်ကိုက ဆိုင်မှာ ဧည့်သည်တွေကို ဆံပင်ညှပ်ပေးနေတုန်း ရဲ နဲ့ စစ်သားတွေက ဝင်လာပြီးတော့ အစ်ကို့ ဖုန်းကိုခေါ်တယ်၊ ဖုန်းမြည်သံကြားတော့ ဘယ်သူ့ဖုန်းလည်း မေးပြီး အစ်ကိုက ကျွန်တော့်ဖုန်းပါလို့ ပြန်ဖြေတော့ သေနတ်နဲ့ထောက်ပြီး ဖမ်းခေါ်သွားရော၊ အခု ၅၀၅ (ခ) နဲ့ အမှု ဖွင့်ပြီး သီပေါအကျဉ်းထောင်ကို ပို့လိုက်ပြီ“ ဟု စိုင်းရွှေထွန်း၏ အမျိုးသမီး က ဆိုသည်။

ဖမ်းဆီးခံရသူ စိုင်းရွှေထွန်းသည် ရပ်ရွာအကျိုးကို အားသွန်ခွန်စိုက် လုပ်ကိုင်တတ်သူ ဖြစ်ပြီး၊ အပေါင်း အသင်းများနှင့် လည်း ခွဲခြားဆက်ဆံ ပေါင်းသင်းသူမဟုတ်ကြောင်း၊ အလှူအတန်း ရက်ရောသူ တစ်ဦးဖြစ်ကြောင်းသိရသည်။

အကျဉ်းထောင်ရောက်နေသည့် စိုင်းရွှေထွန်း နှင့် သူ၏ မိသားစုတွေ့ဆုံခွင့် ရထားကြောင်း၊ စစ်ကောင်စီဘက်မှ စိုင်းရွှေထွန်းကို ခေါ်ဆောင်သွားသည့် ရက်တွင် ရိုက်နှက်မှုပြုလုပ်ခဲ့ပြီး၊ သီပေါ အကျဉ်းထောင်ထဲတွင် ရိုက်နှက်ခြင်းမရှိတော့ ကြောင်းလည်း ၎င်း၏ အမျိုးသမီးက ပြောသည်။

“ ဒီနေ့မနက် ကျမ ထောင်ဝင်စာသွားတွေ့တာ ဖုန်းလေးနဲ့တော့ နှစ်မိနစ်လောက် ဖုန်းပြောခွင့်ရတယ်၊ သူ့ကို စစ်သားတွေခေါ်သွားတုန်းကတော့ ရိုက်နက်တာ ရှိတယ်တဲ့၊ အခု သီပေါထောင်မှာတော့ ရိုက်နက်မှု မရှိသေးဘူးတဲ့၊ ဘယ်လိုပဲပြောပြော စိတ်ကတော့ပူနေမိတာ အမှန်ပါ၊ အမြန်ဆုံးလွတ်ပေးစေချင်ပါတယ်” ဟု ၎င်း၏ အမျိုးသမီး က ထပ်မံပြောသည်။

ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့ ညနေပိုင်း အချိန်တွင်လည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ဓာတ်ပုံရိုက် ဝါသနာပါသည့် ကိုမင်းမင်းအား ရဲနှင့် စစ်သားတွေက သေနတ်ဖြင့်ထောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်အာဏာ ရှင်ဆန့်ကျင်ရေး ဆန္ဒပြသည့် ဗီဒီယိုများကို Facebook ပေါ်တင်သည့် အကြောင်းပြချက်ဖြင့် ကျောက်မဲမြို့မရဲစခန်းမှ (ပ)၇၈/၂၀၂၁ ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့် ထားကြောင်းသိရသည်။

လက်ရှိတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သူများကို စစ်ကောင်စီ က နေ့စဉ် လိုက်လံဖမ်းဆီးပြီး လက်ရှိ အချိန်ထိ ကျောက်မဲမြို့မှ ဖမ်းဆီးခံရသူ (၁၂) ဦးရှိပြီဖြစ်ပြီး ၊ထိုသူများကို ပုဒ်မ ၅၀၅-(က) သို့မဟုတ် ၅၀၅ (ခ) ဖြင့် အမှုဖွင့်၍ သီပေါအကျဉ်းထောင်သို့ ပို့ဆောင်ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

0
သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့တိုက်ပွဲသည်...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးကို TNLA ပြန်လွှတ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး ပြန်လွှတ်လာကြောင်း သတင်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ကျောက်မဲမြို့ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင် တစ်ဦးဖြစ်သည့် နန်းအေးယိင်းသည် ကျောက်မဲမြို့...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ကို TNLA ဖမ်းဆီး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲတွင် ကျောက်မဲမြို့...