တောင်ကြီးမြို့ ဓာတ်ပုံဆရာတစ်ဦးကို ညသန်းခေါင်ချိန် စစ်ကောင်စီ မှ ရိုက်နှက်ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် ဈေးပိုင်းရပ်ကွက် နေထိုင်သည့် ဓာတ်ပုံဆရာ တစ်ဦး ကို စစ်ကောင်စီမှ ယမန်နေ့ (ဇွန် ၃)ရက် ညသန်းခေါင်ချိန်၌ ရိုက်နှိက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။

ယမန်နေ့ ညသန်းခေါင် (၁၂)နာရီချိန်တွင် စစ်ကောင်စီ အုပ်စု သည် ဓာတ်ပုံဆရာ ခွန်အောင်ဆန်း (ကိုမင်းဇာနည်) ၏ နေအိမ်ထိ ကား(၆)စီး၊ လူအင်အား (၂၀)ဝန်းကျင်တို့ဖြင့်ရောက်ရှိလာပြီး၊ ဓာတ်ပုံဆရာ ကို ရိုက်နှက် ကာ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ထိုဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။


“ ည ၁၂ နာရီအချိန်မှာလာဖမ်းတာ။ အိမ်ကို ကား(၆)စီး၊အင်အား (၂၀)လောက်ရှိမယ်။ ဘာကြောင့်ဖမ်းလဲမသိဘူး။ ရိုက်ပြီးဖမ်းသွားတာ” ဟု ဖြစ်စဉ်ကို မြင်တွေ့ခဲ့သူတစ်ဦး ကဆိုသည်။

ဓာတ်ပုံဆရာ ခွန်အောင်ဆန်းကို လာရောက်ဖမ်းဆီးချိန်တွင် ၎င်း၏ မိသားစုဝင်များကိုလည်း စစ်ကောင်စီ မှ ရိုက်နှက်ခဲ့ကြောင်း သိရသည်

“ သူတို့အိမ်မှာက ၆ ယောက်လောက်တော့ရှိမယ်ထင်တယ်။ သူရဲ့ အမေကိုလည်းရိုက်တယ်။ ပြီးတော့ သူအမ၊ညီမနဲ့ ပြီးတော့ ယောင်္ကျားလေးတစ်ယောက်ပါရိုက်ခံရတယ်။ယောင်္ကျားလေးရဲ့ မျက်နှာနဲ့ ခြေထောက်ရောင်နေတယ်” ဟု အထက်ပါ မျက်မြင်တွေ့ရှိသူက ဆက်ပြောပြသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ည မထွက်ရ အမိန့်ကိုထုတ်ပြန်ခဲ့သော်လည်း ည နက်ချိန်တွင် စစ်ကောင်စီမှ ပြည်သူများကို နေအိမ်ထိ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်နေလျက်ရှိနေသည်။

ထိုသို့ အာဏာသိမ်းစစ်ကောင်စီတို့မှ ည မထွက်ရ အမိန့်ကို ထုတ်ပြီး ၎င်းတို့ ကိုယ်တိုင် ချိုးဖောက်နေသောကြောင့် အယုံကြည်လုံးဝမရှိကြောင်း တောင်ကြီးမြို့ဒေသခံတစ်ဦးကပြောသည်။


“ သူတို့က ထုတ်ပြီးသူတို့ကပဲ ပြည်သူတွေကိုလိုက်ဖမ်းနေတယ်။ တအားယုတ်မာတာ။ ။ သူတို့လုပ်ရပ်တွေက ခွင့်လွှတ်ပေးလို့ရတဲ့လုပ်ရပ်မဟုတ်ဘူး။ ကျနော်တို့ပြည်သူတွေက ည ကော မနက်ကော သတိထားနေရတယ်။ စိုးရိမ်းစိတ်နဲ့နေရတယ်” ဟုတောင်ကြီးမြို့ Generation Z လူငယ်တစ်ဦးက ပြောသည်။

အလားတူ ယမန့်နေ့ည တွင် တောင်ကြီးမြို့ပေါ်တွင် ဖမ်းဆီးခံရသူ စုစုပေါင်း (၇) ဦးရှိကြောင်း ဒေသခံများက သတင်းပေးပို့ချက်အရသိရသည်။

သို့သော် သျှမ်းသံတော်ဆင့်သတင်းဌာန အနေဖြင့် ခွန်အောင်ဆန်း တဦးမှ လွှဲပြီး ကျန်ဖမ်းဆီးခံရသည့် သူများကို လိုက်လံမေးမြန်းစုံစမ်းနေဆဲ။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ ဇွန် (၃)ရက် ထိ စစ်ကောင်စီမှ ပြည်သူ (၈၄၅ )ဦး ကိုသတ်ဖြတ်ပြီး ဖမ်းဆီးထားသူ စုစုပေါင်း (၅၆၅၂ ) ဦးရှိကြောင်း နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေး (AAPP ) ထုတ်ပြန်ချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...