မိုးနဲ့မြို့ ကုန်တင်ကားနှစ်စီး ဓားပြတိုက်ခံရ

သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ်အတွင်း တစ်ရက်တည်း ကုန်တင်ကားကြီး နှစ်စီး ဓားပြတိုက်ခံရကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် မေလ ၃၁ ရက် တွင် သျှမ်းပြည်တောင်ပိုင်း မိုးနဲ-နမ့်စန် ပြည်ထောင်စု လမ်းမကြီးပေါ် မောင်းနှင်လာသည့် ကားတစ်စီးနှင့် မိုးနဲ-ကျိုင်းတောင်း ကားလမ်းပေါ် ပြောင်း (ပြောင်းဖူး) တင်လာသည့် ကားတစ်စီး ဓားပြတိုက်ခံရကြောင်း မိုးနဲဒေသခံတစ်ဦး က ပြောသည်။

“ နှစ်စီး ဓါးပြတိုက်ခံရတယ်ဆိုတာ အမှန်ပါပဲ၊ ဓားပြတိုက်လာတဲ့လူတွေက ဗမာစကား ပြောကြတယ်၊ မျက်လုံးဖော်ရုံသာ မျက်နှာကို အဝတ်မည်းကြီးနဲ့ စည်းထားတယ်၊ ပါလာသမျှ ရွှေငွေပစ္စည်း အကုန်ပေး၊ မပေးရင် အကုန်ပစ်သတ်မယ်လို့ ကားသမားတွေကို ခြိမ်းခြောက်ပြီးတော့ ငွေတွေကို အကုန်ယူသွားတယ်” မိုးနဲ ဒေသခံတစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။

မိုးနဲ-နမ့်စန် ကြား ဓါးပြတိုက်ခံရသော ပြောင်းဖူးတင်ကားသည် မြန်မာငွေကျပ်သိန်းပေါင်း ၃၀၀ ကျော်ခန့် ပါသွားပြီး၊ မိုးနဲ -ကျိုင်းတောင်းကြား ဓါးပြတိုက်ခံရသော ကုန်တင်ကားက အနည်းဆုံး မြန်မာငွေကျပ် သိန်း ၁၀၀ နီးပါးခန့် ပါသွားကြောင်းသိရသည်။

စစ်ကောင်စီမှ နိုင်ငံတော် သိမ်းယူသည့်( ၄) လ ကာလအတွင်း နိုင်ငံနှင့်အဝှမ်း အကြောင်းရင်းမသိရဘဲ နှင့် ဗုံးပေါက်၊ မီးလောင်၊ အသတ်ခံရ၊ အဖမ်းခံရစသည့် မတည်မငြိမ် ဆူပူထကြွမှုများဖြစ်ပေါ်နေသည်။

ထိုနည်းတူ သျှမ်းပြည် အတွင်းမှာလည်း ခိုးမှု လုယက်မှု ဓါးပြတိုက်မှုသာမက လောင်းကစားဝိုင်းများလည်း များပြားလာသောကြောင့် လုံခြုံမှုမရှိသည့် အတွက် ပြည်သူများ စိုးရိမ် ထိတ်လန့်နေကြာင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးနဲမြို့နယ် စေတီထီးတင်ပွဲ၌ လောင်းကစားဝိုင်းများ ထည့်သွင်းကျင်းပ

0
သျှမ်းပြည် တောင်ပိုင်း မိုးနဲမြို့နယ် စေတီ ထီးတင်ပွဲကို အကြောင်းပြပြီး လောင်းကစားဝိုင်း ဖွင့်လှစ်ကျင်းပနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (မေလ ၁၄ ရက်)တွင် မိုးနဲမြို့နယ် ကန်တုံ (ကင်တုံ) ကျေးရွာ ကန်တုံကျေးရွာတွင် မြို့နယ်အုပ်ချုပ်ရေးဌာနနှင့် မိုင်းနဲမြို့ခံများ ပူးပေါင်းကာ စေတီထီးတင်ပွဲကို ၄ ရက် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ...

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...

မိုင်းရှူးမြို့ ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရ ရွှေ ၆၀ကျပ်သားနှင့် ကျပ်သိန်း ၂၀၀ ပါသွား

0
သျှမ်းပြည် တောင်ပိုင်း မိုင်းရှူးမြို့တွင် ရွှေဆိုင်တစ်ဆိုင်သည် ယနေ့ (သြဂုတ် ၁၂)ရက် ညနေ ၄နာရီခွဲဝန်းကျင်၌ ဓားပြတိုက်ခံရပြီး ရွှေ ၆၀ ကျပ်သား နှင့် မြန်မာကျပ်သိန်း (၂၀၀) ကျော်ပါသွားကြောင်း သတင်းရရှိသည်။ ယနေ့ (သြဂုတ်လ ၁၂ ရက်) ညနေ ၄ ခွဲဝန်းကျင်တွင်...

ကျိုင်းတုံတွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရေးခက်ခဲနေ

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ခိုးဆိုးလုယက်မှု ပိုများလာသောကြောင့် ဒေသခံများ သွားလာရန်အတွက် စိုးရိမ်ပူပန်နေကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇွန်လ ၂ ရက်)တွင် ကျိုင်းတုံမြို့နယ် ပန်ဆံကျကျေးရွာ အဝင်တွင် အမျိုးသမီးတစ်ဉီးကို အမည်မသိ အမျိုးသားမှ ဓားဖြင့်ခုတ်၍ ဆိုင်ကယ်လုယက်သွားသည့်အပြင်၊ ကတ်ဖကျေးရွာအုပ်စု ယမ်းလှကျေးရွာအနီးတွင်လည်း အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဉီးက လက်သီးဖြင့်...