သျှမ်းရှေ့ ကျောင်းလုံးခြုံရေးအတွက် ပြည်သူများအလှည့်ကျ ကင်းစောင့်ရ

သျှမ်းပြည် အရှေ့ပိုင်းရှိ ကျောင်းလုံခြုံရေးအတွက် ဟုဆိုပြီး စစ်ကောင်စီမှ ပြည်သူများကို အလှည့်ကျ ကင်းစောင့်ခိုင်းနေကြောင်း စုံစမ်းသိရသည်။

ကျောင်းလုံခြုံရေး မစောင့်နိုင်ပါက တရက်လျှင် ကျပ်ငွေ (၈၀၀၀) ပေးဆောင်ရပြီး၊ လူအစားထိုးသွားစောင့်ရမည် ဖြစ်ကြောင်းလည်း စစ်ကောင်စီ က အမိန့်ထုတ်ပြန်ထားကြောင်း သျှမ်းရှေ့ ပြည်သူများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ သူတို့ကျောင်းတွေကို သွားစောင့်ခိုင်းနေတာ။ ရဲ နှင့်စစ်သားတွေလဲရှိတယ်စောင့်နေတာ။ သူတို့နဲ့ အတူ စောင့်ရတာ။ မစောင့်နိုင်ရင် တစ်ရက်ကို ၈၀၀၀ ပေးရတယ်။ လူစားထိုးခိုင်းရတာပေါ့” ဟု ကျိုင်းတုံမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ထိုအပြင် ကျိုင်းတုံမြို့တွင် စစ်တပ်ပိုင်း အထက်တန်း အမှတ် ၅ ကျောင်းကိုပါ ပြည်သူများက သွားရောက်ကင်းစောင့် ပေးနေရကြောင်း၊ ကျောင်းသား မိဘ မဟုတ်သည့် ပြည်သူများလည်း အလှည့်ကျ စောင့်ပေးနေရကြောင်းသိရသည်။

“ ကျိုင်းတုံမှာ မစောင့်မနေရ တစ်ရွာကို တစ်ပတ် နှစ်ယောက်စောင့်ခိုင်းပါတယ်။ ကျောင်းသွားအပ်တဲ့ မိဘတွေမှ မဟုတ်ဘူး။ ကျောင်းသားမိဘ မဟုတ်တဲ့သူတွေကလည်း‌စောင့်ပေးရတယ်။ ကိုယ်စရိတ်နဲ့ကိုယ်စောင့်ရတာပါ။ အိမ်ဝေးရင် ထမင်းဗူးနဲ့လာစောင့်ရတယ်” ဟု ကင်းသွားစောင့် သည့် အမျိုးသား တစ်ဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အလားတူ သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့၊ ကျိုင်းတုံးမြို့၊ တာချီလိတ်မြို့၊ မိုင်းဖြတ်မြို တို့တွင်လည်း ကျောင်းလုံခြုံရေး သာမက မြို့၊ ဌာန ဆိုင်ရာတွင်လည်း စောင့်ပေးရကြောင်း သိရသည်။

“ ကျနော်တို့ ဒီမှာက မေ ၂၄ ရက်နေ့ကတည်းက စောင့်ပေးနေရတာ။ ဘယ်နေ့ထိစောင့်ပေးရမလည်းမသိသေးဘူး။ မစောင့်နိုင်ရင် လူစားထိုးခိုင်းတယ်။ နောက်လူစားထိုးခ တစ်ရက်ကို ၈၀၀၀ ကျပ်ပေးရတယ်” ဟု မိုင်းဆတ်မြို့ ဒေသခံတစ်ဦး ကပြောသည်။

သို့သော် သျှမ်းပြည်မြောက်ပိုင်းနှင့် သျှမ်းတောင်ပိုင်း တွင် ကျောင်းလုံခြုံရေးအတွက် ကင်းစောင့်ပေးရခြင်းမရှိကြောင်း သိရသည်။

“ကျနော်တို့ရပ်ကွက်မှာ ကင်းစောင့်ဖို့ခေါ်တာ မရှိဘူး။ အဓိကတော့ စစ်သားနဲ့ ပြည်သူစစ်စောင့်နေတယ်။ တစ်ချို့က အရပ်ဝတ်တွေနဲ့။ ကျောင်းအပ်တုန်းက တော့ခေါ်တယ်။ ကိုယ်ကလေးတောင်းကျောင်းမထားတာ ဘာလို့သွားစောင့်ပေးရမလဲ” ဟု သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ဒေသခံ တစ်ဦး ကပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီမှ ပြည်သူများကို နည်းလမ်းမျိုးစုံဖြင့် ခြိမ်းခြောက်ကာ ၎င်းတို့စေလိုရာအတိုင်းလုပ်ဆောင်နေလျက်ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းအရှေ့ ကော်ဖီစိုက်ပျိုးရေး နည်းပညာပံ့ပိုးပေးရန် NSPNC နှင့် LDU နေပြည်တော်တွင်ဆွေးနွေး

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံ-ပန်ဝိုင်-ဝိုင်လီဒေသရှိ လားဟူတိုင်းရင်းသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာရေးဗီးကား ကော်ဖီစိုက်ပျိုးရေးတို့ကို ကူညီပံ့ပိုးပေးရန် NSPNC နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ဇူလိုင်လ ၂၄ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...