Wednesday, January 28, 2026

စစ်တပ်ဝိုင်းရံသည့် မိုင်းယောင်းမြို့နယ် ကျောင်းတက်သူများ ရက်သတ်မှတ်ပြီး စာသင်

စစ်ကောင်စီ တပ်စခန်း ဝန်းရံထားသည့် သျှမ်းရှေ့မိုင်းယောင်းမြို့နယ်အတွင်း ကျောင်းသားဦးရေ အလိုက် ရက်သတ်မှတ်ပြီး စာသင်နေပြီး၊ ကျောင်းတက်သူဦးရေသည် တခြားမြို့နယ်ထက်များကြောင်း စုံစမ်းသိရသည်။

ဇွန် (၁)ရက် မှစတင်ကာ စစ်ကောင်စီ ၏ အမိန့်အရ မြန်မာတဝှမ်းလုံးရှိ ပညာသင်ကျောင်းများပြန်ဖွင့်ခဲ့ပြီး သျှမ်းပြည်အတွင်းရှိ တခြားမြို့နယ်များတွင် ကျောင်းတက်သူအများစု စစ်တပ်မိသားစုဝင်များဖြစ်ကြပြီး၊ ကျောင်းတွင် စစ်ကောင်စီ အုပ်စုမှ လုံခြုံရေးလာရောက်ယူထားရကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် သည် စစ်ကောင်စီ တပ်စခန်းဝန်းရံထားသည့် မြို့ဖြစ်ပြီး ယခုနှစ် စာသင်နှစ်တွင် စစ်တပ်မိသားစုဝင်များ ကျောင်းတက်နေရသဖြင့် တခြားမြို့နယ်ထက် ကျောင်းတက်ဦးရေပိုများသည်။

“ ကျမတို့ ဘက်မှာက စစ်တပ်တွေ များတယ်။ နောက်ပြီး စစ်အာဏာရှင်ဆန့်ကျင်မှု က လှုပ်ရှားရခက်တယ်။ ကျောင်းမတက်ရင်လည်း ပြဿနာဖြစ်နိုင်တယ်။ နေရာတိုင်းမှာ တပ်တွေရှိတယ်။ ကလေးတွေ ကျောင်းပို့ရတာရှိတယ်။ တချို့ကတော့ ကိုဗစ် အကြောင်းပြချက်နဲ့ မပို့ကြဘူး” ဟု မိုင်းယောင်း ဒေသခံတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားချိန်နှင့် နိုင်ငံရေး အကြပ်အတည်း ချိန်ကြား ကလေးများကို ကျောင်းလွှတ်ရသော်လည်း စိုးရိမ်မှုများကြောင်း၊ ကျောင်းတွင် ကိုဗစ် စံနှုန်းဖြင့် ကျောင်းသားဦးရေ အကန့်လိုက် သင်ကြားပေးနေကြောင်းလည်း သိရသည်။

လက်ရှိ မိုင်းယောင်းမြို့နယ်အတွင်းကျောင်းတက်သည့်သူများသည် တပ်မိသားစုဝင်များသာမက ပြည်သူများပါကြောင်း၊ စစ်တပ်များစွာ ဝန်းရံသည့်မြို့ ဖြစ်သည့်အတွက် စိုးရိမ်မှုများစွာရှိကြောင်း လည်း မိုင်းယောင်းဒေသခံ က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

သျှမ်းရှေ့ တောတောင်ပြုန်းတီးမှုတွေကြောင့် ရေကြီးရေလျှံမှုတွေ ပိုများလာ

0
သျှမ်းပြည် အရှေ့ပိုင်း တွင် တောတောင်ပြုန်းတီးမှုများကြောင့် ရေကြီးရေလျှံမှုများ ယခင်ကထက် ပိုများလာ ကြောင်းသိရသည်။ ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကာ မိုင်းယောင်းမြို့နယ်၊ မိုင်းဖြတ်မြို့နယ် အတွင်းရှိ သီးနှံစိုက်ခင်းများ လမ်းတံတားများ ပျက်စီးမှု ဖြစ်ပေါ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကိုပြောသည်။ ပြီးခဲ့သည့် ဇူလိုင် ၉...