ဆီဆိုင်တပ်နယ်မြေ အတွင်း မိုင်းများထောင်မည်ကို ဒေသခံများ စိုးရိမ်မှုဖြစ်နေ

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် တပ်ပိုင်နယ်မြေဧရိယာအတွင်း မိုင်းများထောင်ထားမည်ဆိုသည့်သတင်းကြောင့် ဒေသခံများစိုက်ပျိုးရေး လုပ်ဆောင်ရန် ခက်ခဲနေကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ ဇွန် (၃) ရက် မှ စပြီး အာဏာသိမ်းစစ်ကောင်စီ သည် တပ်နယ်မြေအတွင်း တပ်ပိုင်ဧရိယာများ မိုင်းထာင်ထားသဖြင့် ဖြတ်သန်းသွားလာခြင်း မပြုရန် အသိပေးကြေညာချက်ထုတ်ခဲ့သည်။

“မိုင်းထောင်ထားတယ်လို့တော့ ကြားရတယ်။ တကယ် ဟုတ်မဟုတ်တော့ မသိရဘူး။ အဲ့နေရာတွေက တောင်သူတွေ စိုက်ပျိုးတဲ့ မြေယာတွေဖြစ်တယ်။စိုက်ပျိုးရာသီလည်း ရောက်ပြီဆိုတော့ အခက်ခဲဖြစ်နေမှာပေါ့။”ဟု ဆီဆိုင်မြို့ဒေသခံ တစ်ဦး က ပြောသည်။

ဆီဆိုင်မြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်ပိုင်မြေအဖြစ် အမှတ် (၄၂၃) ခြေမြန်တပ်ရင်း၊ အမှတ် (၄၂၄) ခြေမြန်မတပ်ရင်း နှင့် ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဆွယ်တို့အပြင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် (၁) စစ်ဗျုဟာ၏ မြေဧက (၃၀၀) တို့တွင် တိုက်မိုင်း၊ နင်းမိုင်း၊ ရှေ့ထွက်မိုင်း နှင့် စွန့်လွှတ်မိုင်းများ တပ်ဆင်ထားမည်ဟု စစ်ကောင်စီ မှ အသိပေးထားကြောင်း ထုတ်ပြန်ထားသည်။

“စိုက်ပျိုးရာသီဆိုတော့ အရင်နှစ်လိုပဲလာစိုက်မှာစိုးလို့နေမှာ၊ တောင်သူတွေက ခြံမှမစိုက်ရင်စားဖို့ မရှိဘူးလေ၊ အရင်နှစ်ကဆိုရင် တောင်သူတွ လာစိုက်လို့ထွန်စက်တွေသိမ်းသွားတာလည်းရှိတယ်၊ အခုလည်း မစိုက်ရဲအောင် လုံခြုံရေး အရပါလို့ပြောပြီး တောင်သူတွေမလာရဲအောင် မိုင်းထောင် တာနေမှာပေါ့” လို့ အမည် မဖော်လိုသည့် ဆီဆိုင်မြို့ တောင်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

တချို့ ကျေးရွာ ဒေသခံများသည် တပ်ပိုင်နယ်မြေကို ဖြတ်ပြီး ရေခပ်၊ ဈေးသွားခြင်း ကို ပြုလုပ်နေရသဖြင့် ဒေသခံများအနေဖြင့် ထိုလမ်းကို အသုံးပြုရန် စိတ်ပူနေရကြောင်း သိရသည်။

“ကောင်တောင်ရွိုးရွာက ရေခပ်သွား၊ ဈေးသွားရင် ဧကသုံးရာ (စစ်ဗျူဟာ၏ မြေဧက၃၀၀) နားက လမ်းကနေ ဖြတ်သွားရတယ်၊ တကယ်လို့မိုင်းထောင်ရင် အဲ့ရွာအတွက် စိတ်ပူရတယ်၊ ပြီးတော့အခုက ကျောင်းပိတ်ရက်တွေ ဆိုတော့ ကလေးတွေက နေ့တိုင်း မှိုထွက်ရှာတယ်၊ ကလေးတွေအတွက်လည်း စိတ်ပူရတယ်” လို့ အမည် မဖော်လိုသည့် နောက်ထပ် ဒေသခံတစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။

အဆိုပါ တပ်ပိုင်ဧရိယာများအနီးပတ်ဝန်းကျင်တွင်လည်း ဒေသခံများအနေဖြင့် ဖြတ်သန်းသွားလာခြင်း မပြုကြ ရန်နှင့် ဖြတ်သန်းသွားလာပါက ဖြစ်လာသည်များကို တာဝန်ယူမည်မဟုတ်ကြောင်း ရပ်ကွက်/ကျေးရွာ အုပ်ချုပ် ရေးမှူးများမှတစ်ဆင့် အသိပေးထားသည်ဟု သိရသည်။

မေ (၂၉ ) ရက်တွင် ပအိုဝ်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (PNDF) ကိုဖွဲ့စည်းလိုက်ကြောင်း ကြေညာချက် ထုတ်အပြီးတွင် ဆီဆိုင်မြို့ အနီးတဝှက်တွင် ပြည်သူ့စစ်အဖြစ် ရပ်တည်နေသော (PNO) အင်အားဖြည့်တင်းလာကြောင်း ဆီဆိုင်ဒေသခံများက ပြောဆိုကြသည်။

ဆီဆိုင်မြို့တွင် ပအိုဝ့်အမျိုးသား အစည်းအရုံး (PNO) ထိန်းချုပ်နယ်မြေထဲပါဝင်နေသည့်အတွက် စစ်ကောင်စီမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နှင့် တိုက်ခိုက်နှိမ့်နင်းမည်ဆိုပါက PNO ကိုသာ ညွှန်ကြားတိုက်ခိုက်ခိုင်းမည်ဟု သတင်းရရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဆီဆိုင်မြို့နယ် ဆိုက်ခေါင်တွင် အမျိုးသမီးတစ်ဉီး ဓားပြတိုက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာတွင် အသက် (၃၀) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက သက်ကြီးရွယ်အို အမျိုးသမီးကို ဓားပြတိုက်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ မတ်လ ပထမပတ်တွင် ဆီဆိုင်မြို့နယ် ဆိုက်ခေါင်စံပြကျေးရွာ ဘုရားဖြူရပ်ကွက်တွင် နေထိုင်သော အသက်(၆၀)ကျော် အမျိုးသမီးတစ်ဦးသည် နေအိမ်တွင် တစ်ဦးတည်း ရှိနေစဉ် အသက် (၃၀)...

ဆီဆိုင်တွင် ကျောင်းသားတစ်ဦး ၉ ရက်ကြာ ပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် သီရိရပ်ကွက်မှ အသက် (၁၇)နှစ် အရွယ်ရှိ ကျောင်းသားတစ်ဉီးသည် (၉)ရက်ကြာ ပျောက်ဆုံးနေပြီး ယနေ့ (ဖေဖော်ဝါရီ ၂၃ ရက်) အထိ အဆက်အသွယ် မရသေးကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဆီဆိုင်မြို့ သီရိရပ်ကွက်တွင် နေထိုင်သည့် အသက် (၁၇)နှစ်အရွယ် G-10 ဖြေဆိုထားသော...

ဆီဆိုင်မြို့တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်း စတင်ခေါ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် အသက် ၁၈ နှစ်ပြည့် အမျိုးသမီးများကို စစ်မှုထမ်းရန် စစ်ကော်မရှင်တပ်က စတင်ခေါ်ယူနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစပြီး အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း အမျိုးသမီးများကို စစ်ကော်မရှင်တပ်က စစ်မှုထမ်း စတင်ခေါ်ယူနေပြီး အဆိုပါ စစ်မှုထမ်းစာရင်းထဲတွင် ကျောင်းတက်နေသူများလည်း...

ဆီဆိုင်မြို့နယ် ပြောင်းစိုက်တောင်သူများ နှစ်နှစ်ဆက်တိုက် အရှုံးပေါ်ပြီး အကြွေးနွံနစ်နေ

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်ရှိ ပြောင်းစိုက်တောင်သူများသည် ပြောင်းဈေးနှုန်း အဆမတန် ကျဆင်းခြင်းကြောင့် နှစ်နှစ်ဆက်တိုက် အရင်းပြန်မရဘဲ အရှုံးပေါ်နေကြောင်း သတင်းရရှိသည်။

နေရပ်မပြန်နိုင်သေးတဲ့ ဆီဆိုင်က စစ်ရှောင် များ စားနပ်ရိက္ခာ ပြတ်လပ်နိုင်

0
သျှမ်းပြည် တောင်ပိုင်း ဆီဆိုင်မြို့နယ် အတွင်းရှိ စစ်ဘေးရှောင်များအတွက် အလှူရှင်မရှိသဖြင့် စားနပ်ရိက္ခာ ပြတ်လပ်နိုင်သည့်အဆင့်ရောက်နေကြောင်း သတင်းရရှိသည်။ ယခုနှစ် ဇွန်လ (၆)ရက် တွင် ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုထဲမှ ကောင်ထိုကျေးရွာ၊ စလောင်းထောင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် နောင်ထော်ကျေးရွာအုပ်စုထဲမှ တပူထိုးကျေးရွာ၊ လွယ်ငွန်းကျေးရွာ၊ ပင်စက်ကျေးရွာ၊ တောင်ရှေ့ကျေးရွာ မှ ဒေသခံ...