Wednesday, January 28, 2026

နမ္မတူမြို့နယ် ပန်လုံဘုန်းကြီးကျောင်း TNLA မှ သော့ဖျက် ဝင်ရောက်စစ်ဆေးမှု ပြုလုပ်

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံးကျေးရွာရှိ ဘုန်းကြီးကျောင်းကို တအောင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( TNLA) မှ သော့ဖျက်ပြီး ဝင်ရောက်စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။

မေ (၃၀) ရက် ညနေ (၃)နာရီအချိန်တွင် TNLA တပ်သားများသည် လက်နက်အပြည့်အစုံကိုင်ဆောင်ပြီး နမ္မတူမြို့နယ် ပန်လုံကျေးရွာ ဘုန်းကြီးကျောင်းကို အတင်းအဓမ္မဝင်ရောက်လာပြီး ကျောင်းဆောင်တချို့ကို သော့ဖျက်ကာ ဝင်ရောက်စစ်ဆေး ရှာဖွေမှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

“ TNLA တပ်သားတွေက လက်နက်အပြည့်နဲ့ ဘုန်းကြီးကျောင်းထဲဝင်လာတယ်။ နောက် ဟိုရှာ ဒီရှာလုပ်တယ်။ နောက် ကျောင်းဆောင်တချို့ ကိုလည်း သော့ဖျက်ပြီး ဝင်ရှာတာရှိတယ်။ ဘာရှာလဲတော့ မသိဘူး” ဟု ထို ဘုန်းကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော် က မိန့်ကြားသည်။

TNLA အနေဖြင့် ဘုန်းကြီးကျောင်းဝန်းထဲသို့မည်သည့် အရာကို လာရောက်စစ်ဆေး ရှာဖွေမှုပြုလုပ်သည်ကို မသိရှိကြောင်း၊ ဘုန်းကြီးကျောင်းဝင်ရောက် စစ်ဆေးရန် ငြင်းဆိုခဲ့သော်လည်း အဓမ္မဝင်ရောက်လာခြင်းဖြစ်ကြောင်း ဆရာတော် က မိန့်သည်။

“ ကျောင်းထဲမှာသူတို့ အကုန်စစ်ဆေးတယ်။ ဘုန်းကြီးနားနေဆောင်ထဲကိုလည်း သော့ဖျတ်ပြီးဝင်သွားတယ်။ သူတို့လာစစ်တဲ့ချိန် ဆရာတော်က ကျောင်းမှာမရှိဘူး။ ကျောင်းမှ အိပ်ယာခင်းတွေဘဲရှိတယ်လို့ပြောပြတာကို သူတို့က မရမချင်းဝင်ရောက်စစ်ဆေးသွားတယ်” ဟု ဆရာတော်က ထပ်မံမိန့်သည်။

TNLA အနေဖြင့် ဘုန်းကြီးကျောင်းကို ဝင်ရောက်စစ်ဆေးရခြင်းသည် လုံခြုံးရေးအရ ဝင်ရောက်စစ်ဆေးခြင်း သာဖြစ်ကြောင်း၊ ဘုန်းကြီးကျောင်းဆောင် တံခါးဖျက်ဆီးခြင်း ဝင်ရောက်မွှေနှောက်ခြင်းမရှိကြောင်းလည်း TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ အဲဖက်မှာက အရင်က RCSS တို့နဲ့တိုက်ပွဲဖြစ်ပွားတာရှိတယ်။ RCSS ကလည်း ပြည်သူတွေ မရှိတဲ့အချိန် ရွာထဲမှာနေထားတယ်။ တစ်ချို့နေရာမှ ကျနော်တို့က လုံခြုံရေးအရ ဝင်ရောက်ရှာဖွေစစ်ဆေးတာတော့ရှိတယ်။ ဟိုမွှေဒီမွှေ ဝင်ရောက်ဖျက်ဆီးတာတော့ မဟုတ်ဘူး” ဟု မိုင်းအိုက်ကျော် က ဆိုသည်။

ထိုသို့ ဝင်ရောက်စစ်ဆေးမှုများကို မပြုလုပ်ခင်တွင် သက်ဆိုင်သူများကို ခွင့်တောင်းပြီးမှဝင်ရောက်စစ်ဆေးလျက်ရှိကြောင်း၊ သို့သော် ဘုန်းကြီးကျောင်းကို ဝင်ရောက်စစ်ဆေးရာတွင် ခွင့်တောင်းခြင်ရှိ မရှိကို အသေးစိတ်မသိရှိရသေးကြောင်း မိုင်အိုက်ကျော်က ဆက်လက် ပြောသည်။

နမ္မတူမြို့နယ် ပန်လုံကျေးရွာတွင် RCSS/SSA နှင့် မြောက်ပိုင်းမဟာမိတ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲ

0
သျှမ်းပြည် နမ္မတူမြို့နယ် မန်လီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၂ ရက်) နံနက်အစောပိုင်း (၁) နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်...

နမ္မတူမြို့နယ် SSPP မှ စစ်မှုထမ်းရန် မိဘများ ဖမ်းဆီးပြီး သားသမီးနှင့် အစားထိုးလဲလှယ်ခိုင်း

0
သျှမ်းပြည် နမ္မတူမြို့နယ် မိုင်းရင်ကျေးရွာအုပ်စုတွင် သျှမ်းတပ် SSPP/SSA မှ တပ်သားသစ်စုဆောင်းရန် မိဘများကို ဖမ်းဆီးပြီး သားသမီးနှင့် လဲလှယ်ခိုင်းကြောင်း စုံစမ်းသိရသည်။ ယမန်နှစ် ၂၀၂၄ ဒီဇင်ဘာ လဆန်းပိုင်းကတည်းက နမ္မတူမြို့နယ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) မှ တပ်သားသစ် စုဆောင်းရန် မိုင်းရင်ကျေးရွာအုပ်စုအတွင်း ဖမ်းဆီးခေါ်ဆောင်သွားသည့်...

နမ္မတူမြို့နယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ပြီး ဆေးကုသရန် ခက်ခဲနေ

0
သျှမ်းပြည် နမ္မတူမြို့နယ်မှ အမျိုးသမီးတစ်ဦးသည် လက်နက်ကြီကျည်စထိမှန်ပြီး ခွဲစိတ်ကုသနေရသဖြင့် ငွေကြေးအခက်အခဲလိုအပ်နေကြောင်း ၎င်း၏ မိခင်ဖြစ်သူက ပြောသည်။ ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ (ဒီဇင်ဘာလ ၂၅ ရက်) တွင် နမ္မတူမြို့နယ်ရှိ ၎င်းတို့နေအိမ်ခြံဝန်းအတွင်းသို့ လက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူ မရွှေရည်လင်း၏ တင်းပါး၌ လက်နက်ကြီးကျည်စထိမှန်ပြီး...

နမ္မတူမြို့နယ် စစ်ကောင်စီ နှင့် TNLA တိုက်ပွဲဖြစ်၊ ဒေသခံများ စစ်ရှောင်ထွက်ပြေးရ

0
သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများက စစ်ရှောင် ထွက်ပြေး နေရကကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၀) ရက် ညနေပိုင်း ၅...

နမ္မတူမြို့ လယ်ယာများ ရေလွှမ်းမိုးမှုကြောင့် လယ်သမားများ စားဝတ်နေရေး စိုးရိမ်ရ

0
သျှမ်းပြည် နမ္မတူမြို့နယ် ကျေးရွာအချို့ရှိ လယ်ယာများ ရေလွှမ်းမိုးမှုကြောင့် နောက်လာမည့် နှစ်အတွက် စားဝတ်နေရေး အခက်အခဲဖြစ်လာမည်ကို လယ်သမားများက စိုးရိမ်နေကြောင်း စုံစမ်းသိရသည်။ နမ္မတူမြို့နယ် ရေကြီးရေလျှံ လယ်ဧက ရာချီပျက်စီး၊ လူသေဆုံးမှုထိရှိ နမ္မတူမြို့နယ်ရှိ ကျေးရွာအချို့တွင် အောက်တိုဘာလလယ်၌ လယ်ယာမြေ ဧက ၅၀၀ ကျော် ရေလွှမ်းမိုးမှုကြောင့် စပါးနှင့်...