Tuesday, January 27, 2026

နမ္မတူမြို့နယ် အမျိုးသမီးတစ်ဦး လက်နက်ကြီးကျည်စထိမှန်ပြီး ဆေးကုသရန် ခက်ခဲနေ

သျှမ်းပြည် နမ္မတူမြို့နယ်မှ အမျိုးသမီးတစ်ဦးသည် လက်နက်ကြီကျည်စထိမှန်ပြီး ခွဲစိတ်ကုသနေရသဖြင့် ငွေကြေးအခက်အခဲလိုအပ်နေကြောင်း ၎င်း၏ မိခင်ဖြစ်သူက ပြောသည်။

ဖြစ်စဉ်မှာ ပြီးခဲ့တဲ့ (ဒီဇင်ဘာလ ၂၅ ရက်) တွင် နမ္မတူမြို့နယ်ရှိ ၎င်းတို့နေအိမ်ခြံဝန်းအတွင်းသို့ လက်နက်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၉ နှစ်အရွယ် သမီးဖြစ်သူ မရွှေရည်လင်း၏ တင်းပါး၌ လက်နက်ကြီးကျည်စထိမှန်ပြီး အရေးပေါ်ဆေးရုံသို့ပို့ဆောင်ကုသခဲ့ရကြောင်း ဆိုသည်။

လက်ရှိတွင် ပြင်ဦးလွင်မြို့ ပြည်သူဆေးရုံမှာ လာရောက်ကုသမှုခံယူနေပြီး ဆေးဝါးကုန်ကျစရိတ် ခက်ခဲနေသဖြင့် အကူညီလိုအပ်နေသည်ဟု မိခင်ဖြစ်သူ မဒိန်ခေါက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခက်ခဲတာတော့ အကုန်ခက်ခဲတယ်။ ဘာမှလည်း မပါလာတော့ အမျိုးမျိုးကနေ ကူညီပေးကြ ပါတယ်။ စောင်တောင် တစ်ထည်တည်း ပါလာတယ်။ ဆေးလည်း နေ့တိုင်းဝယ်ရတယ်။ ငွေကြေးလိုအပ်တယ်။ ဆေးကုသဖို့ ငွေမရှိတော့ဘူး” ဟု ၎င်းမိခင်ဖြစ်သူက ပြောသည်။

လက်နက်ကြီးကျည်စထိမှန်အပြီး (ဒီဇင်ဘာလ ၂၇ ရက်) တွင် လူနာဖြစ်သူ မရွှေရည်လင်းသည် ခွဲစိတ်ခန်းဝင်ပြီး တစ်ကြိမ်ခွဲစိတ်ခဲ့ရသည်။

အလားတူ (ဇန်နဝါရီလ ၉ ရက်)တွင် ခွဲစိတ်ထားသော ဒဏ်ရာများကို ပြန်ချုပ်ထားလိုက်ပြီး လက်ရှိအချိန်ထိ ကုတင်ပေါ်သို့ လှဲလှောင်းကာ ဆေးဝါးကုသနေရဆဲကြောင်း ဆိုသည်။

ထို့အပြင် မရွှေရည်လင်း၏ ဖခင်ဖြစ်သူကလည်း မူဆယ်မြို့တွင် မြေမြုပ်မိုင်းနင်းမိပြီး ၎င်း၏ညာဘက် ခြေထောက်တစ်ဖက် ဖြတ်လိုက်ရသဖြင့် လက်ရှိအချိန်ထိ အလုပ်မလုပ်နိုင် သေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...