Tuesday, January 27, 2026

နမ္မတူမြို့နယ် စစ်ကောင်စီ နှင့် TNLA တိုက်ပွဲဖြစ်၊ ဒေသခံများ စစ်ရှောင်ထွက်ပြေးရ

သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများက စစ်ရှောင် ထွက်ပြေး နေရကကြောင်း စုံစမ်းသိရသည်။

နမ္မတူ တိုက်ပွဲ ပြည်သူထွက်ပြေးနေရ

ယမန်နေ့ (ဒီဇင်ဘာလ ၂၀) ရက် ညနေပိုင်း ၅ နာရီဝန်းကျင် မှစတင်ကာ နမ္မတူမြို့နယ်၊ စစ်ကောင်စီတပ် ခမရ ၃၂၄ ကို ဝိုင်းရံတပ်စွဲနေယူထားသည့် တအာင်းတပ် TNLA နှင့် စစ်ကောင်စီ ခြေမြန်တပ်ရင်း တပ်အမှတ် ၃၂၄ တို့က လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း အသက် (၄၀) ဝန်းကျင် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ညသန်းခေါင်အထိ လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ကြတာ။ ဒီနေ့မနက် အာရုဏ်တက်ချိန် ကနေစပြီး မနက်မိုးလင်းတဲ့အချိန်ထိလည်း ၁၀ လုံးလောက် ပစ်ခဲ့ကြသေးတယ်။ ရွာသားတချို့ကတော့ မနေ့က တည်းက ထွက်ပြေးကြတာ။ တချို့ကလည်း ဒီနေ့မနက်မှ ထွက်ပြေးကြတာလည်း ရှိတယ်” ဟု နမ္မတူမြို့ခံ အသက် (၄၀) ဝန်းကျင်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ နှင့် TNLA တပ်တို့ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုများကြောင့် ဆိုင်းခေါင်ကျေးရွာ အုပ်စုမှ ဆိုင်ဂျာကျေးရွာ (ဝၢၼ်ႈသႅင်ႇၸႃႇ)၊ မန်ဖွေးကျေးရွာ (ဝၢၼ်ႈၽုၺ်း) ၊ ကောင်းဆာကျေးရွာ (ဝၢၼ်ႈၵွင်းသႃႇ)၊ ဟတ်လင်ကျေးရွာ (ဝၢၼ်ႈႁၢတ်ႇလႅင်) ၊ ပိန်းလောင်းရွာ (ဝၢၼ်ႈပဵင်းလွင်း)၊ မြန်မာရွာ (ဝၢၼ်ႈပၢင်မၢၼ်ႈ) ၊ နမ့်ကန်ကျေးရွာ (ဝၢၼ်ႈၼမ်ႉၵၢၼ်ႇ) ၊ ဆိုင်းခေါင်ကျေးရွာ (ဝၢၼ်ႈသၢႆးၶၢဝ်) ၊ နမ့်မိုင်းဆော့ကျေးရွာ (ဝၢၼ်ႈၼမ်ႉ မႅင်းသေႃႉ) ၊ ပန်ဝိုးကျေးရွာ (ဝၢၼ်ႈပၢင်ဝူဝ်း) စသည့် ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၂၀ နီးပါးက ဒေသခံများ စစ်ရှောင်ထွက်ပြေးနေရသည်။

ထို့အပြင် မြို့ပေါ်ရပ်ကွက်များဖြစ်ကြသည့် အမှတ် (၁) နှင့် (၈) တို့မှ ဒေသခံများသည်လည်း တအာင်းတပ် (TNLA) နေရာယူထားသည့် နေရာနှင့် နီးစပ်သည့်အတွက် စစ်ရှောင်ထွက်ပြေးရကြောင်း သိရသည်။

ထို့အပြင် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှု မဖြစ်ခင် မွန်းလွဲပိုင်း အချိန်၌ TNLA တပ်သားများသည် ကျေးရွာအတွင်းသို့ ရောက်လာပြီး ညနေ ၄ နာရီမတိုင်ခင် စစ်ရှောင်သွားကြရန် ညွှန်ကြားမှုပြုသည့်အတွက် တချို့ဒေသခံများက မန်စံကျေးရွာဘက်အထိ စစ်ရှောင်သွားကြကြောင်း အထက်ပါ ဒေသခံက ဆက်ပြောသည်။

“စစ်ရှောင်ရတဲ့ အများစုက ယာခင်းတဲတွေ၊ လယ်တွေထဲမှာ တဲထိုးပြီး စစ်ရှောင်ကြတာပါ။ တချို့ကလည်း စစ်တပ်နဲ့ ဝေးရာ၊ TNLA တပ်နဲ့ ဝေးရာကို စစ်ရှောင်ကြတာ၊ မန်စံ၊ မိုင်းရင် အထိလည်း သွားကြတာ ရှိတယ်။ လောလောဆယ် ခန့်မှန်းချေအရာ စစ်ရှောင်က ရာနဲ့ချီရှိပါတယ်” ဟု အထက်ပါ နမ္မတူမြို့ခံ အမျိုးသားက ဆက်ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ညအချိန်မှ ၂၁ ရက်နေ့ မနက်ပိုင်းအထိ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်ကြသည့် အတွက် နှစ်ဖက်တပ်ဖွဲ့၏ ထိခိုက်ကျဆုံးမှုများ၊ ဒေသအတွင်း ထိခိုက်ပျက်စီးမှုများ နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်း အတည်ပြုနေဆဲဖြစ်သည်။

ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး နမ္မတူမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) TNLA တပ်တို့ စစ်ရေးတင်းမာမှု ရှိခဲ့ခြင်းဖြစ်ပြီး နမ္မတူအခြေစိုက် ခမရ ၃၂၄ မှ အရာရှိ နှင့် တာဝန်ရှိသူများသည် ၎င်းတို့၏ သားသမီးနှင့် အမျိုးသမီးများကို ရဟတ်ယာဥ်ဖြင့် လားရှိုးမြို့သို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ စစ်ဘေးတိမ်းရှောင်နေရသည့် နမ္မတူမြို့မှ ဒေသခံများသည် အများစုက လယ်ယာစိုက်ခင်း အတွင်းရှိ တဲများ၌သာ ခိုလှုံနေထိုင်ရသည့်အတွက် လေယာဥ်ဖြင့် တိုက်ခိုက်မှု ပြုပါက လက်နက်ကြီး ထိိမည်ကို စိုးရိမ်ရကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...