နမ္မတူမြို့နယ် စစ်ကောင်စီ နှင့် TNLA တိုက်ပွဲဖြစ်၊ ဒေသခံများ စစ်ရှောင်ထွက်ပြေးရ

သျှမ်းပြည် ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ တပ်နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများက စစ်ရှောင် ထွက်ပြေး နေရကကြောင်း စုံစမ်းသိရသည်။

နမ္မတူ တိုက်ပွဲ ပြည်သူထွက်ပြေးနေရ

ယမန်နေ့ (ဒီဇင်ဘာလ ၂၀) ရက် ညနေပိုင်း ၅ နာရီဝန်းကျင် မှစတင်ကာ နမ္မတူမြို့နယ်၊ စစ်ကောင်စီတပ် ခမရ ၃၂၄ ကို ဝိုင်းရံတပ်စွဲနေယူထားသည့် တအာင်းတပ် TNLA နှင့် စစ်ကောင်စီ ခြေမြန်တပ်ရင်း တပ်အမှတ် ၃၂၄ တို့က လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း အသက် (၄၀) ဝန်းကျင် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ညသန်းခေါင်အထိ လက်နက်ကြီးနဲ့ အပြန်အလှန်ပစ်ကြတာ။ ဒီနေ့မနက် အာရုဏ်တက်ချိန် ကနေစပြီး မနက်မိုးလင်းတဲ့အချိန်ထိလည်း ၁၀ လုံးလောက် ပစ်ခဲ့ကြသေးတယ်။ ရွာသားတချို့ကတော့ မနေ့က တည်းက ထွက်ပြေးကြတာ။ တချို့ကလည်း ဒီနေ့မနက်မှ ထွက်ပြေးကြတာလည်း ရှိတယ်” ဟု နမ္မတူမြို့ခံ အသက် (၄၀) ဝန်းကျင်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ နှင့် TNLA တပ်တို့ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှုများကြောင့် ဆိုင်းခေါင်ကျေးရွာ အုပ်စုမှ ဆိုင်ဂျာကျေးရွာ (ဝၢၼ်ႈသႅင်ႇၸႃႇ)၊ မန်ဖွေးကျေးရွာ (ဝၢၼ်ႈၽုၺ်း) ၊ ကောင်းဆာကျေးရွာ (ဝၢၼ်ႈၵွင်းသႃႇ)၊ ဟတ်လင်ကျေးရွာ (ဝၢၼ်ႈႁၢတ်ႇလႅင်) ၊ ပိန်းလောင်းရွာ (ဝၢၼ်ႈပဵင်းလွင်း)၊ မြန်မာရွာ (ဝၢၼ်ႈပၢင်မၢၼ်ႈ) ၊ နမ့်ကန်ကျေးရွာ (ဝၢၼ်ႈၼမ်ႉၵၢၼ်ႇ) ၊ ဆိုင်းခေါင်ကျေးရွာ (ဝၢၼ်ႈသၢႆးၶၢဝ်) ၊ နမ့်မိုင်းဆော့ကျေးရွာ (ဝၢၼ်ႈၼမ်ႉ မႅင်းသေႃႉ) ၊ ပန်ဝိုးကျေးရွာ (ဝၢၼ်ႈပၢင်ဝူဝ်း) စသည့် ကျေးရွာအပါအဝင် ကျေးရွာပေါင်း ၂၀ နီးပါးက ဒေသခံများ စစ်ရှောင်ထွက်ပြေးနေရသည်။

ထို့အပြင် မြို့ပေါ်ရပ်ကွက်များဖြစ်ကြသည့် အမှတ် (၁) နှင့် (၈) တို့မှ ဒေသခံများသည်လည်း တအာင်းတပ် (TNLA) နေရာယူထားသည့် နေရာနှင့် နီးစပ်သည့်အတွက် စစ်ရှောင်ထွက်ပြေးရကြောင်း သိရသည်။

ထို့အပြင် လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်မှု မဖြစ်ခင် မွန်းလွဲပိုင်း အချိန်၌ TNLA တပ်သားများသည် ကျေးရွာအတွင်းသို့ ရောက်လာပြီး ညနေ ၄ နာရီမတိုင်ခင် စစ်ရှောင်သွားကြရန် ညွှန်ကြားမှုပြုသည့်အတွက် တချို့ဒေသခံများက မန်စံကျေးရွာဘက်အထိ စစ်ရှောင်သွားကြကြောင်း အထက်ပါ ဒေသခံက ဆက်ပြောသည်။

“စစ်ရှောင်ရတဲ့ အများစုက ယာခင်းတဲတွေ၊ လယ်တွေထဲမှာ တဲထိုးပြီး စစ်ရှောင်ကြတာပါ။ တချို့ကလည်း စစ်တပ်နဲ့ ဝေးရာ၊ TNLA တပ်နဲ့ ဝေးရာကို စစ်ရှောင်ကြတာ၊ မန်စံ၊ မိုင်းရင် အထိလည်း သွားကြတာ ရှိတယ်။ လောလောဆယ် ခန့်မှန်းချေအရာ စစ်ရှောင်က ရာနဲ့ချီရှိပါတယ်” ဟု အထက်ပါ နမ္မတူမြို့ခံ အမျိုးသားက ဆက်ပြောသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့ ညအချိန်မှ ၂၁ ရက်နေ့ မနက်ပိုင်းအထိ လက်နက်ကြီးဖြင့် အပြန်အလှန် ပစ်ခတ်ကြသည့် အတွက် နှစ်ဖက်တပ်ဖွဲ့၏ ထိခိုက်ကျဆုံးမှုများ၊ ဒေသအတွင်း ထိခိုက်ပျက်စီးမှုများ နှင့် ပတ်သက်ပြီး သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်း အတည်ပြုနေဆဲဖြစ်သည်။

ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ပြီး နမ္မတူမြို့နယ်အတွင်း အာဏာသိမ်း စစ်ကောင်စီ နှင့် တအာင်း (ပလောင်) TNLA တပ်တို့ စစ်ရေးတင်းမာမှု ရှိခဲ့ခြင်းဖြစ်ပြီး နမ္မတူအခြေစိုက် ခမရ ၃၂၄ မှ အရာရှိ နှင့် တာဝန်ရှိသူများသည် ၎င်းတို့၏ သားသမီးနှင့် အမျိုးသမီးများကို ရဟတ်ယာဥ်ဖြင့် လားရှိုးမြို့သို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိ စစ်ဘေးတိမ်းရှောင်နေရသည့် နမ္မတူမြို့မှ ဒေသခံများသည် အများစုက လယ်ယာစိုက်ခင်း အတွင်းရှိ တဲများ၌သာ ခိုလှုံနေထိုင်ရသည့်အတွက် လေယာဥ်ဖြင့် တိုက်ခိုက်မှု ပြုပါက လက်နက်ကြီး ထိိမည်ကို စိုးရိမ်ရကြောင်း ဒေသခံများက ပြောဆိုသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...