Monday, February 2, 2026

CATEGORY

လူ့အခွင့်အရေး

ဒလန်ကြောင့် စစ်ကောင်စီ အုပ်စု ပြည်သူများနေအိမ် ဖျက်ဆီးဝင်ရောက် ပစ္စည်းယူ

တောင်ကြီးမြို့ ဒလန်များသတင်းပေးမှုကြောင့် စစ်ကောင်စီ အုပ်စုသည် ပြည်သူနေအိမ်များကို သော့ဖျက်ဝင်ရောက်ပြီး နေအိမ်ထဲရှိ ဆိုင်ကယ်နှင့် တခြားပစ္စည်းများ ယူဆောင်သွားကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့ ရွှေသူဌေးကုန်ရပ်ကွက်တွင် မေလ ၁၂ ရက် ညနေ (၄ )နာရီ အချိန်တွင် စစ်ကောင်စီ အုပ်စုမှ လူမနေသည့် နေအိမ်ကို ဝင်ရောက်မွှေနှောက်ပြီး...

မူဆယ်မြို့ လင်မယား စကားများရာမှ အမျိုးသမီး ခေါင်းဖြတ်သတ်ခံရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ဟိုမွန်ရပ်ကွက်တွင်းရှိ နေအိမ်တစ်အိမ် တွင် ယမန်နေ့( မေ ၁၃)ရက် ည ( ၇ )နာရီ ဝန်းကျင် ၌ အမျိုးသမီး တစ်ဦးခေါင်းသတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ည (၇) နာရီ ဝန်းကျင်ခန့်က လင်မယား (၂) ဦး...

မူဆယ် လူငယ် (၂)ဦး လက်နက်နှင့် အတူဖမ်းဆီးရမိ စစ်ကောင်စီ လုပ်ကြံသတင်းလွှင့်

မူဆယ်မြို့ တွင် အသက်မပြည့်သည့် ကလေးအပါအဝင် လူငယ်(၂)ဦး ကို လက်နက်နှင့် အတူဖမ်းဆီးရမိဟု စစ်ကောင်စီမှ လုပ်ကြံသတင်း ကြေညာခဲ့သည်။ ထိုသတင်း ကြေညာပြီးနောက် မူဆယ်ပြည်သူအားလုံးကို တုန်လှုပ်စေခဲ့သည်။ မေ ၁၁ရက် မနက် (၉ )နာရီ ဝန်းကျင်တွင် ထို လူငယ် (၂)ဦးဖြစ်သည် အသက် (၁၇)နှစ်အရွယ်...

ပင်လုံမြို့ စစ်ကောင်စီ အုပ်စု မှ လိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး ငွေကျပ် ၃သိန်း တောင်း

သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ တွင် စစ်ကောင်စီ အုပ်စုမှ လိုင်းစင်မဲ့ မော်တော်ယာဉ်တစ်စီးလျှင် ငွေကျပ် ၃သိန်း တောင်းနေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်း သျှမ်းပြည်အတွင်း လိုင်းစင်မဲ့ မော်တော်ယာဉ်များကို လိုက်လံစစ်ဆေးနေပြီး၊ လိုင်စင်မရှိသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များကို တစ်စီးလျှင် ကျပ်ငွေ ၃သိန်း ပေးဆောင်ခဲ့ရကြောင်း ပင်လုံမြို့...

မိုးမောက် စစ်ဘေးရှောင်များအတွက် အမိုးအကာနှင့် ထင်းများလိုအပ်နေ

ကချင်ပြည် မိုးမောက်မြို့နယ်တွင် စစ်ကောင်စီ နှင့် ကချင်တပ်မတော်(KIA) တို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်များအတွက် အမိုးအကာများ ချက်ပြုတ်ရန်အတွက် ထင်းများ လိုအပ်လာကြောင်း စုံစမ်းသိရှိရသည်။ ထိုတိုက်ပွဲကြောင့် စစ်ဘေးရှောင် (၄၈၀၀) ကျော် ရှိပြီး ၎င်းတို့အထဲတွင် သျှမ်းလူမျိုးများ နေထိုင်သည့် ကျေးရွာ (၅၀) ကျော် ရွာလုံးကျွတ်သည်...

တောင်ကြီးမြို့ အမျိုးသမီးတစ်ဦး ကို စစ်ကောင်စီမှ ဖမ်းဆီးသွား

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့ ယနေ့ (မေ ၁၃)ရက် မနက်ပိုင်းတွင် အမျိုးသမီးတစ်ဦးကို အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။ တောင်ကြီး မြေဖြူရပ်ကွက် တွင်နေထိုင်သည့် အမျိုးသမီး တဦး ကို သူမ၏ အိမ်အကူအမျိုးသမီးတဦးက စစ်ကောင်စီ ကို သတင်းပေးမှုကြောင့် ယနေ့(မေ ၁၃)ရက် မနက်ပိုင်းတွင်...

တောင်ကြီးမြို့ စစ်ကောင်စီမှ ဈေးဆိုင်ခန်းဌားရမ်းခ သွင်းရန် အကြောင်းကြား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် စစ်ကောင်စီမှ ဈေးဆိုင်ခန်းငှားရမ်းခ ကို မေ ၁၄ရက် နောက်ဆုံးပေးသွင်းရန် အကြောင်းကြားစာပို့ထားကြောင်း သိရသည်။ အာဏာသိမ်းစစ်ကောင်စီမှ မေလ ၅ ရက်နေ့တွင် တောင်ကြီးမြို့ပေါ်ရှိ ဆိုင်ခန်းများကို ငှားရမ်းခ သွင်းရန် အကြောင်းကြားစာပို့ခဲ့သည်။ လက်ရှိမှာ နိုင်ငံရေး အခြေအနေ ရှုပ်ထွေးမှု၊ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ရှာဖွေစားသောက်မှုခက်ခဲ...

သီပေါမြို့ ဆန္ဒပြသူ ၄ ဦးကို (၅၀၅-က)ဖြင့် ဖမ်းဆီး တရားစွဲဆိုထား

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့တွင် စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြလူငယ် (၄)ဦး ဖမ်းဆီးခံရပြီး ရာဇာသတ်ကြီး ပုဒ်မ (၅၀၅-က)ဖြင့် တရားစွဲဆို အမှုဖွင့်ထားသည်။ ထိုဖမ်းခံရသူ (၄)ဦးသည် မေ ၉ ရက် ညပိုင်းတွင် စစ်ကောင်စီမှ နေအိမ်ထဲထိ ဝင်ရောက်ကာ ဖမ်းဆီးသွားပြီး၊ မေ (၁၁)ရက်တွင်...

သျှမ်း-ကယားနယ်စပ် လာဘ်စားမှု နာမည်ကြီး ပညာရေးဝန်ထမ်းအိမ်များ ပေါက်ကွဲမှုဖြစ်

သျှမ်းတောင် မိုးဗြဲ နှင့် ဖယ်ခုံမြို့တွင် ယနေ့ (မေ ၁၂)ရက် မနက် (၂)နာရီ လာဘ်စားမှုဖြင့် နာမည်ကြီးသည့် ပညာရေးဝန်ထမ်းနေအိမ်များတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့နယ်အတွင်းရှိ လာဘ်စားမှုဖြင့် နာမည်ကြီးနေသည့် ပညာရေးမှူးရုံးဝန်ထမ်းအိမ်များ ရှေ့ဆင့် နောက်ဆင့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် စစ်ကောင်စီ...

မိုင်းယော်တွင် တိုင်းရင်းသားလက်နက်ကိုင်များ နေအိမ်ထိ စစ်သားလိုက်စုဆောင်း

သျှမ်းပြည် မြောက်ပိုင်း လာရှိုးမြို့နယ် မိုင်ယော်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များက နေအိမ်အထိ စစ်သားများ လိုက်လံစုဆောင်းနေကြောင်း သတင်းရရှိသည်။ တိုင်းရင်းသားလက်နက်ကိုင်များမှ စစ်သားများလိုက်လံစုဆောင်းမှု ကို ယခင်ကထပ် ပိုပြီးလုပ်ဆောင်နေကြောင်း၊ နေအိမ်ထဲထိ လိုက်လံဖမ်းဆီးနေသဖြင့် ထိုဒေသတွင်နေထိုင်သည့်သူများသည် ထွက်ပြေးတိမ်းရှောင်နေရကြောင်း မိုင်းယော်ဒေသခံ များက ပြောသည်။ “ အရင်တွေကတော့ သူတို့လူပို့လာပေးဖို့ပဲတောင်းတယ်။ ဒီနှစ်ကစပြီးတော့ အဲလိုမဟုတ်တော့ဘူး။...

Latest news