RCSS နှင့် SSPP တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ

သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် လွယ်ဟွန်းတောင်ကြောတစ်လျောက်တွင် သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA) နှင့် သျှမ်းပြည်တိုး တက်ရေးပါတီ(SSPP/SSA) တို့ တိုက်ပွဲသည် ယမန်နေ့ (ဇွန် ၁၀)ရက် ညနေပိုင်းထိ တိုက်ပွဲပြင်းထန်နေသေးကြောင်းသိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့မှ စတင်ကာ အပြန်အလှန်နယ်မြေလုသည် ဆိုသည့် အကြောင်းပြချက်ဖြင့် ဖြစ်ပွားနေသည့် တိုက်ပွဲသည် ယနေ့ထိ ၁၀ ရက်တိုင်တိုင် အချင်းချင်း ပစ်ခတ်နေကြပြီး အနီးနားရှိ ကျေးရွာပြည်သူလူ ၁၀၀၀ နီးပါးခန့်က ထွက်ပြေးတိမ်းရှောင် နေကြရသည်။

“ပစ်ခတ်မှုကတော့ ဇွန် ၁ ရက်နေ့ကစပြီး နေ့တိုင်းရှိနေပါတယ်၊ ညှိနှိုင်းဆွေးနွေးမှုတွေအနေနဲ့ ကျနော်တို့ အချင်းချင်းကြားမှာ နှစ်ဖက်ကိုယ်စားလှယ်တွေ လွှတ်ပြီးဆွေးနွေးတာရယ်။ CSSU ကနေ ဆွေးနွေးတာရယ် ရှိခဲ့ပါတယ်။ ဒါပေမယ့် အခုလို တိုက်ပွဲဖြစ်ပွားနေတဲ့ကာလမှာတော့ဆွေးနွေးညှိနှိုင်းမှုတော့ လုပ်မရဘူး” ဟု RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခမ်းစံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းတပ် (၂)တပ် ဆွေးနွေးညှိနှိုင်းရန် အတွက် RCSS/SSA အနေဖြင့် အမြဲအဆင်သင့်ဖြစ်ကြောင်း၊ အပစ်ခတ်ရပ်တန့်ရန် အတွက် တပ် (၂)တပ် ရပ်မှသာလျှင် ဖြစ်နိုင်ကြောင်းလည်း ဗိုလ်မှူးခမ်းစံ က ပြောသည်။

“ကျနော်တို့ နှစ်ဖက်လုံးက ဆွေးနွေးညှိနှိုင်းမှုအတွက် အမြဲအသင့်ရှိတယ်လို့ ပြောကြတယ်၊ ဒါပေမယ့် သူတို့ဖက်ကလာလာပစ်နေတော့ ကျနော်တို့ကလည်း ပြန်တိုက်ရတာ။ အပစ် အခတ်ရပ်ဖို့ဆိုတာက နှစ်ဖက်လုံးရပ်မှဖြစ်မယ်။” ဟု ဗိုလ်မှူးခမ်းစံ က ဆိုသည်။

ယခုကာလသည် စိုက်ပျိုးရေး လုပ်ဆောင်ရမည့် အချိန်ကာလဖြစ်သည့်အတွက် သျှမ်းတပ်(၂)တပ် ခေါင်းဆောင် များအနေဖြင့် တိုက်ပွဲများအမြန်ဆုံး ရပ်တန့်ပေးရန် သျှမ်းသံဃာများ၊ သျှမ်းပြည်သူများက အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။

အဆိုပါ သျှမ်းတပ် ၂ တပ်တိုက်ပွဲဖြစ်ပွားနေသည့် ကိစ္စနှင့်ပက်သက်ပြီး “ပြောရရင် ဒီကစ္စ ပြဿနာတွေက ကျနော်တို့ဘက်က စလို့ဖြစ်တာ မဟုတ်ပါဘူး၊ ကျနော် တို့အချင်းချင်း ၁၀ နှစ်ကျော်ကာလ ညှိနှိုင်းဖြေ ရှင်းနေခဲ့ကြတာပြည်သူတွေအတွက်ပါ၊ စားပွဲပေါ်မှာ ဖြေရှင်းလို့မရတော့မှ လက်နက်ကိုင်ဖြေရှင်းရတာ” ဟု SSPP/SSA ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျေးသီးမြို့နယ် လွယ်ဟွန်းတောင် ကြောတွင် RCSS နှင့် SSPP တို့သည် ၁၀ ရက်ကျော်ကြာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် (၁၀၀၀ )ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ် နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများအတွက် အကူအညီများ လိုအပ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းမြောက် BRI စီမံကိန်း အမြန်ဖော်ဆောင်နိုင်ရန် တရုတ် နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ့ဆုံ

0
တရုတ်နိုင်ငံ၏ ဘီလီယံနှင့်ချီတန်သော (BRI) ပိုးလမ်းမစီမံကိန်းထဲမှ ရထားလမ်း အကောင်အထည်ဖော်နိုင်ရေး အတွက် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် စစ်ကောင်စီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို တွေ့ဆုံခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ သျှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းတို့ကို ဖြတ်သန်းကာ ရခိုင်ပြည်နယ် ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအထိ ပေါက်ရောက်မည့် အဆိုပါ ပိုးလမ်းမစီမံကိန်းသည် အာဏာသိမ်းပြီး...

ငြိမ်းချမ်းရေး မျှော်လင့်ချက်ကြားက လွိုင်တိုင်းလျန်း

0
ဖုန်တထောင်းထောင်း ထနေသည့် မြန်မာ-ထိုင်းနယ်စပ်တစ်နေရာ မြေသားလမ်းပေါ်ရှိ ထိုင်းဘက်ခြမ်း စစ်ဆေးရေးဂိတ်ရှေ့တွင် စာရေးသူတို့ စီးနင်းလာသောကား ရုတ်တရက် ရပ်တန့်သွားသည်။ “အားလုံး ကားပေါ်က ဆင်းပေးကြပါ” ဟူသော ထိုင်းဘာသာစကားဖြင့် ပြောသည့် ညွှန်ကြားသံနှင့်အတူ ခရီးသည်အားလုံး ကားပေါ်မှ ဆင်းလိုက်ကြရသည်။ စစ်ယူနီဖောင်းဝတ် ထိုင်းစစ်သားများကို ရုတ်တရက် မြင်လိုက်ရချိန်မှာတော့ ကားပေါ်ပါလာသည့် ခရီးသည်များ၏...

ရပ်စောက်-နောင်ချိုကြား SSPP စစ်ဆေးရေးဂိတ်များကို စစ်ကော်မရှင်တပ်ဆုတ်ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်များ ဖြုတ်သိမ်း ဆုတ်ခွာခဲ့ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်အတွင်း ရပ်စောက်နှင့် နောင်ချိုမြို့နယ်ကြား ပြည်ထောင်စုလမ်မကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) စစ်ဆေးရေးဂိတ်အချို့ကို ဖယ်ရှားပေးရန် စစ်ကော်မရှင်တပ်က ဖိအားပေးခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ် တစ်ဦးက...

MNDAA နှင့် TNLA တို့ကြား စစ်ရေးတင်းမာမှု လူထုအခက်အခဲကြုံတွေ့

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တို့ကြား နှစ်ဖက်စစ်ရေး တင်းမာမှုကြောင့် ပြည်သူလူထု အခက်အခဲ ကြုံတွေ့နေကြောင်း စုံစမ်းသိရသည်။ လက်ရှိတွင် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ကြား...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...