Tuesday, January 27, 2026

ဟိုပုံးမြို့ CDM ပညာရေးဝန်ထမ်းနေရာကောင်းများကို Non-CDM များလုယူနေ

သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့ စစ်အာဏာဖီဆန်ရေးလှုပ်ရှားနေသည့် CDM ပညာရေးဝန်ထမ်းများ၏ လစ်လပ်နေရာကောင်းများကို Non-CDM များက လုယက်ယူဆောင်နေကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်း အစိုးရဝန်ထမ်းများ CDM ပြုလုပ်ကြပြီး၊ ထို CDM ပြုလုပ်သူများကို စစ်ကောင်စီ က ရာထူးမှ ထုတ်ပယ်ခဲ့သည်။

ထို CDM ပြုလုပ်သည့် နေရာကောင်းများကို စစ်ကောင်စီ လက်အောက်တွင်တာဝန်ထမ်းဆောင်နေသော Non-CDM ပညာရေးဝန်ထမ်းတစ်ချို့က လာဘ်ပေးကာ ရာထူးနေရာ လုယူနေကြောင်း ဟိုပုံးမြို့ CDM ပညာရေး ဝန်ထမ်းများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဟိုပုံးမြို့နယ် ကျေးရွာဖက်တွင် တာဝန်ကျနေသည့် Non-CDM ပညာရေးဝန်ထမ်းများသည် မြို့ပေါ် အထက်တန်းကျောင်း နေရာပြောင်းရွှေ့ ရန် အတွက် စစ်ကောင်စီ အုပ်စုကို ပေးနေသည်ဟု CDM ပညာရေး ဝန်ထမ်းက ပြောသည်။

“ သူတို့က ပိုက်ဆံများများပေးနိုင်ရင် ရာထူးကောင်းကောင်းပိုရမယ်။ မြန်မြန်လာပေးနိုင်ရင် မြန်မြန်ရမယ်ပြောတယ်။ ပိုက်ဆံပိုပေးနိုင်တဲ့သူက ပိုရမယ်။ လာပေးတဲ့ဆရာမတွေလဲရှိတယ်။ မနေ့က ဆို လာကြတယ်။ ရွာဖက်ကနေဆရာမတွေ တော်တော်များများတက်လာကြတယ်” ဟု ၎င်းကဆိုသည်။

ဆက်လက်ပြီး ဟိုပုံးမြို့ CDM ပြုလုပ်သည့် အထက်တန်းကျောင်းဆရာမ တစ်ဦး က “ ကျမတို့CDM လုပ်ကတည်းကိုက အကုန်လုံးကို စွန်လွတ်ထားလိုက်ပြီး။ ဘာကိုမှ မနှမြောဘူး။ ရာထူးတွေလည်းမမက်ဘူး။ အာဏာသိမ်းပြီးကတည်းက ကျမတို့ CDM လုပ်ဖို့ဘဲသိတယ်။ ကျမတို့ အဆုံးထိတိုက်ပွဲဝင်သွားမှာပါ။” ဟုဟိုပုံးမြို့ CDM ဆရာမ တစ်ဦး ကပြောသည်။


ဟိုပုံးမြို့တွင်ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေး CDM ပညာရေးဝန်ထမ်း စုစုပေါင်း ၂၀၄ ဦးရှိကြောင်း သိရသည်။

ဟိုပုံးမြို့တွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) တည်ရှိရာနေရာဖြစ်ပြီး၊ ဟိုပုံးမြို့ လူငယ်များသည် စစ်အာဏာရှင်ကို ဆန့်ကျင်ရာ တွင် လမ်းပေါ်ဆန္ဒပြရန် ခက်ခဲသည့် ဒေသတခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MongNawng_ID_Check

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

0
စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံမြို့နယ် စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် CDM ပညာရေးဝန်ထမ်းများကို ပြန်ခေါ်နေ

0
သျှမ်းပြည် ဖယ်ခုံမြို့နယ်ကို စစ်ကောင်စီမှ ပြန်လည်းထိန်းချုပ်နိုင်ပြီးနောက် အခြေခံပညာ စာသင်ကျောင်းများ ပြန်ဖွင့်နိုင်ရန် အာဏာဖီဆန်ရေး လှုပ်ရှားမှုတွင် ပါဝင်ထားသော ပညာရေးဝန်ထမ်းများ (CDM) ကို ပြန်ခေါ်နေကြောင်း သတင်းရရှိသည်။ ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ဖယ်ခုံမြို့ နှင့် မိုးဗြဲမြို့ကို စစ်ကောင်စီက ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်အတွင်းတွင် ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။ ထို့နောက်...

သျှမ်းပြည် စစ်ကောင်စီဂိတ်အချို့ ရုရှားနည်းပညာသုံး အက်ပလီကေးရှင်းဖြင့် ပုဒ်မ ၅၀၅ နှင့် CDM များကို ရှာဖွေစစ်ဆေး

0
သျှမ်းပြည်တောင်ပိုင်း လွိုင်လင်မြို့နယ် ပင်လုံမြို့နှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့များရှိ စစ်ဆေးရေးဂိတ်များတွင် ရုရှားနည်းပညာသုံး အက်ပလီကေးရှင်း ဆော့ပ်ဝဲတစ်ခုဖြစ်သည့် (PSMS Application) သုံး၍ စစ်ကောင်စီ အလိုရှိသော CDM များ၊ ပုဒ်မ ၅၀၅ ဖြင့် စွပ်စွဲခံရသူများအား လိုက်လံ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ လွိုင်လင်ခရိုင် ပင်လုံမြို့ရှိ...

လွိုင်ကော်မြို့တွင် စစ်ဆေးမှုတင်းကြပ် CDM ဝန်ထမ်းများ ၁၀ ဦးထက်မနည်း ဖမ်းခံရ

0
ကရင်နီပြည်နယ် လွိုင်ကော်မြို့အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် မှတ်ပုံတင်စစ်ဆေးမှု တင်းကြပ်ခြင်းကြောင့် CDM ဝန်ထမ်း ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယခု ၂၀၂၅ မတ်လ ပထမပတ်မှ စတင်၍ လွိုင်ကော်မြို့ အဝင်အထွက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် တွင် မှတ်ပုံတင်များကို Tablet ဖြင့်...

ဖယ်ခုံမြို့ ကောက်လာသည့် မိုင်းပေါက်ကွဲ တစ်ဦးသေဆုံး၊ ကလေးငယ် ၃ ဦးဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဘီသူ (အထက်)ကျေးရွာတွင် ကောက်လာသည့်မိုင်းပေါက်ကွဲရာ အမျိုးသားတစ်ဉီးသေဆုံးပြီး ကလေးငယ် ၃ဉီး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် မတ် ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်တွင် ဖယ်ခုံမြို့နယ် ဘီသူ(အထက်)ရွာရှိ ကလေးငယ်သည် ရွာပြင်တွင် ကျနေသည့် မပေါက်ကွဲသေးသော မိုင်းကို ကောက်ယူလာသဖြင့် နေအိမ်ထဲ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း...