Tuesday, January 27, 2026

နမ့်လန် တောင်သူပိုင် မြေယာဧက (၆၀၀)ကျော် RCSS/SSA တပ်မှ သိမ်းယူ

သျှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့ အနောက်ဖက်ရှိ တောင်သူလယ်သမားများ၏ လယ်ယာမြေဧက ( ၆၀၀) ကျော်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ သိမ်းယူသည် ဟု ဒေသခံများ ပြောပြချက် အရ သိရသည်။

RCSS/SSA မှ သိမ်းယူထားသည့် မြေယာများသည် နမ့်လန်မြို့ အနောက်ဖက် နမ့်လန်- နားမခေါ် ကားလမ်းမကြီးမှ သီပေါ-ကုန်းသာ အထိရှိ မြေနေရာများသည် ဘိုးဘွားပိုင် လယ်ယာမြေ ဧကပေါင်း (၆၀၀) ကျော် အတင်းအဓမ္မ သိမ်းယူသွားကြောင်း သိမ်းဆည်းခံရသည့် တောင်သူများက သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ ကျနော်တို့ နှစ်စဉ်လုပ်စားနေတဲ့ မြေယာမြေကို RCSS က မတရားသိမ်းသွားတယ်။ ဘာကြောင့်သိမ်းလည်း မေးတော့လည်း မပြောဘူး။ ကျနော်တို့ ဝမ်းရေးအတွက် ၊ မိသားစုအတွက်တော့ အခက်အခဲဖြစ်တာပေါ့” ဟု လယ်ယာမြေ သိမ်းခံရသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

သိမ်းခံရသည့် လယ်ယာမြေပိုင်ရှင်ပေါင်း (၁၅၀) ကျော်ရှိပြီး၊ ဧကပေါင်း (၆၀၀) ကျော်ရှိကြောင်းလည်း သိရသည်။

လွန်ခဲ့သည့် ဧပြီ ၂၁ ရက် တွင် RCSS/SSAမှ လယ်ယာမြေ ပိုင်ရှင်များကို နမ့်လန်မြို့နယ်အတွင်းရှိ တောအုပ်ထဲသို့ ခေါ်ဆောင်သွားပြီး လယ်ယာမြေသိမ်းဆည်းသွားမည့် ကိစ္စကို ပြောဆိုခဲ့ရာ၊ တောင်သူများက မည်သည့်အကြောင်းကြောင့် သိမ်းဆည်းသည်ကို မေးမြန်းခဲ့သော်လည်း အထက်အမိန့်အရ ဟု ဖြေကြားခဲ့ကြောင်း သိရသည်။

ထိုသိမ်းဆည်းထားသည့် မြေယာပေါ် လာရောက်စိုက်ပျိုးမည်ဆိုပါက တအိမ်လျှင် စစ်သားတယောက် လုပ်ပေးရမည် သို့မှ မဟုတ် ပစ်သတ်မည်ဟုလည်း တောင်သူများကို ခေါ်တွေ့ခဲ့စဉ်က RCSS/SSA တပ်မှ ပြောဆိုခဲ့ကြောင်း လယ်ယာသိမ်းဆည်းခံရသည့် သူများက ပြန်ပြောပြသည်။

“ သူတို့ (RCSS) က အစည်းအဝေးခေါ်ပြီးပြောတယ်၊ ဒီမြေနေရာတွေကို သူတို့ သိမ်းယူပြီပေါ့၊ ဒီမြေနေရာတွေကို လာရောက်စိုက်ပျိုးနေထိုင်ချင်တယ် ဆိုရင် အိမ်သား တစ်ယောက်က စစ်သားလုပ်ရမယ်တဲ့၊ ခုလို သတိပေး ပြောထားရက်နဲ့ လာလုပ်နေသေးတယ် ဆိုရင် ပစ်သတ်မယ်လို့တောင် ပြောတယ်” ဟု လယ်ယာသိမ်းခံရသည့် အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။

ပုံစာ- RCSS မှ သိမ်းယူထားသည့် နမ့်လန် လယ်ယာမြေများ

ဆက်လက်ပြီး ထိုသူ က “ ဒီမြေနေရာတွေ က ကျနော်တို့ ဝမ်းရေးအတွက်လုပ်ကိုင်စား သောက်တဲ့နေရာ ဖြစ်တယ်၊ ခုလို လာသိမ်းလိုက်တော့ ကျနော်တို့ထမင်းအိုးကို ရိုက်ခွဲလိုက်တာပဲသလိုပါပဲ၊ ခုက ကျနော်တို့ မြေနေရာကို သိမ်းယူသွားတော့ ကျနော်တို့က ဘာနဲ့ ဘယ်လို လုပ်ကိုင်စားသောက်ရမလဲ” ဟု ထပ်မံပြောသည်။

RCSS/SSA အနေဖြင့် တောင်သူလယ်သမားများထံ မြေယာ အတင်းအဓမ္မသိမ်းဆည်းခွင့်မရှိကြောင်း၊ သိမ်းဆည်းသည့်သူကိုလည်း ပေါ်လစီ အရ အရေးယူသွားမည်ဖြစ်ပြီး၊ ထိုကဲ့သို့ ကျေးရွာပြည်သူများပိုင်ဆိုင်သည့် မြေယာကို သိမ်းဆည်းသည့်သတင်းရှိပါက RCSS/SSA ၏ ဗဟိုဌာနကို တိုင်ကြားနိုင်ကြောင်း လည်း RCSS/SSA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ခမ်းစံ က သျှမ်းသံတော်ဆင့်ကို ပြောသည်

နမ့်လန်မြို့ ပြည်သူပိုင်မြေယာနှင့် ပတ်သက်ပြီး ဗိုလ်မှူးခမ်းစံ က “ဒီကိစ္စက ကျနော်တို့မသိရသေးပါဘူး၊ အရင် တုန်းက ရွာနယ်မြ ပြဿနာကို ရွာသူ/ရွာသားတွေက မဖြေရှင်းနိုင်တဲ့အခါတွေဆိုလည်း (RCSS/SSA) နာမည်ကို အသုံးပြုပြီးဒီလို မြေယာသိမ်းမှုတွေရှိခဲ့ဖူးပါတယ်၊ ။ကျွန်တော်တို့ ပေါ်လစီမှာ ဒီလိုမျိုးလုပ်ဖို့ ခွင့်မပြုနိုင်ပါဘူး၊ ကျနော်တို့ အဖွဲ့ကလူ တကယ်လုပ်ကြောင်း ကျနော်တို့က စစ်ဆေးပေါ်ပေါက်ခဲ့ရင်တော့ ကြီးလေးစွာ အပစ် ပေးခံရမှာဖြစ်ပါတယ်” ဟု ဆိုသည်။

နမ့်လန်မြို့ မြေယာ သိမ်းဆည်းခံရသည့် ပြည်သူများသည် RCSS/SSA၏ တာဝန်ရှိသူကို ဖုန်းဆက် အကြောင်းကြားခဲ့ သော်လည်း RCSS/SSA ၏ နယ်မြေမှူးဖြင့်သာ ရှင်းလင်းရန် ပြောဆိုလာခဲ့ကြောင်း သိရသည်။

“ ကျနော်တို့ပြည်သူတွေ RCSS ရဲ့ အထက်ပိုင်းကို ဖုန်းဆက်တယ်။ အကျိုးကြောင်းတင်ပြတယ်။ အသနားခံတယ်။ ဒါပေမယ့် သူက နယ်ခံလှုပ်ရှားရေး အဖွဲ့နဲ့ ညှိနှိုင်းပါလို့ ပြန်ပြောတယ်။ ကျနော်တို့က ဘယ်သူ့ကို အားကိုးရမှာလဲ” ဟု လယ်ယာသိမ်းခံရသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို စိတ်မကောင်စွာ ပြောသည်။

ထိုသိမ်းဆည်းသည့် မြေယာသည် နမ့်လန်မြို့နေ ပြည်သူများက ဝမ်းရေးအတွက် စိုက်ပျိုးထွန်ယက်မှုများ လုပ်ဆောင်ရာ မြေနေရာများလည်း ဖြစ်သည့် အတွက် ယခုလို မြေနေရာများ မတရားသိမ်းပိုက်ခံရခြင်းကြောင့် ဝမ်းရေးများစွာ ထိခိုက် နေကြောင်း ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြည်သူများအနေဖြင့် RCSS/SSA မှ သိမ်းဆည်းထားသည့် လယ်ယာမြေကို ပြန်လည်ပေးစေချင်ကြောင်း၊ လက်ရှိမှာတော့ ပြည်သူများအနေဖြင့် စိုးရိမ်ထိန်လန့်မှုဖြင့် နေထိုင်နေရကြောင်း သိရသည်။

နမ့်လန်မြို့သည် သျှမ်းလက်နက်ကိုင် တပ်(၂)ဖွဲ့ ကျင်လည်ကျက်စားရာ နေရာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

SAC Arrested 3 SSPP in Namlan

သီပေါ ကျားဖြန့်ကိစ္စ တရုတ်နိုင်ငံသား ၅ ဦးနှင့် SSPP တပ်ဖွဲ့ဝင် ၃ ဦးကို ဖမ်းဆီးဟု စစ်ကော်မရှင်ထုတ်ပြန်

0
သျှမ်းပြည် သီပေါမြို့နယ် နမ့်လန်မြို့အနီးတွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား (၅) ဦးနှင့်အတူ SSPP တပ်ဖွဲ့ဝင် ၃ ဦးတို့ကို လက်နက်နှင့်အကွ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကော်မရှင်ဘက်မှ သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၇ ရက်) နံနက်ပိုင်း ၉ နာရီကျော်တွင် သီပေါမြို့နယ် နမ့်လန်မြို့အထွက်...
RCSS_Chairman_Arrived_LangKhur

သျှမ်းနှစ်သစ်ကူးအကြို RCSS ဥက္ကဋ္ဌ လင်းခေးမြို့ရောက်ရှိ

0
သျှမ်းပြည်တောင်ပိုင်း လင်းခေးမြို့နယ် ဝမ်ဟတ်တိုက်နယ်တွင် ကျင်းပပြုလုပ်နေသည့် ၂၁၂၀ ပြည့်နှစ် သျှမ်းနှစ်သစ်ကူးပွဲနှင့် ဓမ္မစကူးလ် သင်တန်းဆင်းပွဲသို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

ထိုင်းနိုင်ငံရှိ သျှမ်းလူမျိုးများ ဥပဒေကိုလိုက်နာရန် RCSS တိုက်တွန်း

0
ထိုင်းနိုင်ငံရှိ သျှမ်းလူငယ်ဂိုဏ်း၏ လုပ်ရက်များကြောင့် ထိုင်းနိုင်ငံရောက် သျှမ်းလူမျိုးများသည် အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ ထိခိုက်နစ်နာသည့်အပြင် ထိုင်းလူမျိုးတို့၏ အထင်မှားခြင်း၊ အထင်သေးခြင်းခံခဲ့ရသည့်အတွက် ဥပဒေကိုလိုက်နာရန် RCSS က ယနေ့တွင် ထုတ်ပြန်တိုက်တွန်းလိုက်သည်။ ပြည်တွင်းနိုင်ငံရေး၊ စစ်ရေး အခြေအနေ၊ စားဝတ်နေရေးနှင့် အသက်မွေးဝမ်းကြောင်း အခက်အခဲကြောင့် သျှမ်းလူမျိုးအများအပြားသည် ထိုင်းနိုင်ငံအတွင်းသို့ ရွေ့ပြောင်းဝင်ရောက်ခိုလှုံပြီး အသက်မွေးဝမ်းကြောင်း...

မိုင်းယောင်းမြို့နယ် RCSS တပ်စခန်းအနီး စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ် စစ်ကြောင်းထိုးပြီး တိုက်ပွဲဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်ထဲ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်စခန်းအနီးသို့ စစ်ကော်မရှင်တပ်နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့ စစ်ကြောင်းထိုးလာပြီး တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၈ ရက်) နေ့လယ်ပိုင်းတွင် မိုင်းယောင်းမြို့နယ်အခြေစိုက် စစ်ကော်မရှင်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ-၃၃၅ နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်မှ စစ်အင်အား...

နိုင်ငံရေး ပြဿနာနှင့် အမြင်မတူခြင်းကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲခဲ့ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်ပြော

0
သျှမ်းပြည်တော်လှန်ရေး (၆၇) နှစ်ကာလအတွင်း နိုင်ငံရေး ပြဿနာကြုံတွေ့ရခြင်း၊ အမြင်မတူခြင်းတို့ကြောင့် သျှမ်းတော်လှန်ရေးအဖွဲ့များအကြား သွေးကွဲမှုများရှိခဲ့သည်ဟု သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။ ယနေ့ မေလ ၂၁ ရက်တွင် ကျရောက်သော (၆၇) နှစ်မြောက် သျှမ်းပြည်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် သဝဏ်လွှာထဲတွင်...