လာရှိုးတက္ကသိုလ်အနီး ဗုံးပေါက်ကွဲ ၂ ဦးဒဏ်ရာရရှိ

0

သျှမ်းပြည်မြောက်ပိုင်း လာရှိုးတက္ကသိုလ် အနီးတွင် ယနေ့ (ဇွန် ၁၀) မနက် ၈ နာရီခွဲ၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး၊ ၂ဦး ဒဏ်ရာရရှိကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အရပ်သား ‌ဈေးသည် ၂ ဦးကို ဗုံးစထိမှန်းခဲ့ပြီး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

“ ဟုတ်ပါတယ်။ အဲ့နားက ရှိတဲ့ အကြော်ဈေးသည်လာမသိဘူးထိသွားတယ်။ သူတို့ကို စစ်ဆေးရုံထဲကို သူတို့ယူသွားလိုက်ပြီး။ ဘယ်သူလာထားတာလဲတော့ မသိရဘူး။” ဟု လာရှိုးမြို့ ဒေသခံတစ်ဦးက ပြောသည်။

ယခုရက်ပိုင်း နေရာအနှံ့ဗုံးပေါက်ကွဲမှုဖြစ်ပွားနေသဖြင့် လားရှိုးပြည်သူများအနေဖြင့် စိုးရိမ်ပူပန်စိတ် ဖြင့် သွားလာနေရကြောင်းလည်း သိရသည်။

“ ဈေးသည် တွေက စထိတော့ အသွားအလာ သတိထားနေရတယ်။ အပြင်မထွက်လို့လည်း မရ။ ထွက်ရင်လည်း စိုးရိမ်ပူပန်နေရ။ သတိထားတဲ့ကြားက ဖြစ်မှာလည်း ကြောက်ရတယ်” ဟု လားရှိုး ဈေးသည် တစ်ဦး ကပြောသည်။

ဖေဖော်ဝါရီ ၁ ရက်နေ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ဈေး၊ ကျောင်းများ စသည့် နေရာများသည် မကြာခဏ ဗုံးပေါက်ကွဲမှုရှိကြောင်းသိရသည်။

Leave a Comments