မင်းအောင်လှိုင် တရုတ်ခရီးစဉ် နေပြည်တော်လေဆိပ်၌ ဗုံးကွဲမှု ဘယ်သူ့လက်ချက်လဲ

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်လေဆိပ်မှ တရုတ်နိုင်ငံသို့ ထွက်ခွာသည့် ယနေ့ (နိုဝင်ဘာလ ၅ ရက်) နံနက်ပိုင်းတွင် လေဆိပ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က အတည်ပြုသည်။

တရုတ်နိုင်ငံတွင် မနက်ဖြန် ကျင်းပမည့် မဟာမဲခေါင်နှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် ယနေ့ နံနက် ၈ နာရီတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်ဝန်ကြီးများအဖွဲ့ နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် အတွင်းရှိ စစ်တပ် လေဆိပ် ဘက်မှ MAI အထူး လေယာဥ်နှင့် ထွက်ခွာပြီးနောက် မိနစ် ၂၀ ခန့် အကြာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု သတင်းရင်းမြစ်က ဆိုသည်။

“၅နာရီ၄၅ လေယာဉ်တက်တယ်။ ၈ နာရီ ၂၀ မှာ ဗုံးကွဲတယ်။ ပြေးလမ်းနဲ့ ကားပါကင်ကြား ကွဲတာ၊ လက်လုပ်ဗုံးလို့ သတင်းတက်တယ်။ ခုဒီမှာ (နေပြည်တော်) လှုပ်နေတာကိုး” ဟု ၎င်းကရှင်းပြသည်။

စစ်ခေါင်းဆောင် ခရီးစဉ်တွင် အသုံးပြုသည့် MAI လေကြောင်းလိုင်းပိုင် AIRBUS- 19 လေယာဉ်ကို ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန် မဂ်လာဒုံလေဆိပ်တွင် အသေးစိတ် စစ်ဆေးခဲ့သည့် နည်းတူ နေပြည်တော် လေဆိပ်ကိုလည်း အကြိမ်ကြိမ် စစ်ဆေးပြီး ဖြစ်ကြောင့် ယနေ့ လေဆိပ် နားကပ်ရန် မလွယ်ကူကြောင်း စစ်ရေးသတင်းရင်းမြစ်က ရှင်းပြသည်။

“လေယာဉ်ကော ခရီးစဉ်မှာ သုံးမဲ့ ပစ္စည်းတွေကော အထပ်ထပ် စစ်ဆေးထားတာ၊ ပြေးလမ်းမပြောနဲ့ လေဆိပ်နားတောင် ကပ်ဖို့မလွယ်ဘူး။ ရာထူးကြီးတဲ့လူတောင် မဆိုင်ရင် ကပ်လို့ မရဘူး။ ခုဗုံးကွဲတာမျိုးက အရင် စစ်ထောက်လှမ်းရေးက စစ်တပ်ကို ချုပ်ကိုင်တဲ့ ပုံစံမျိုးနဲ့ ဆင်တာ” ဟု ဗုံးကွဲမှုနှင့် ပတ်သက်၍ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။

လက်ရှိ စစ်ခေါင်းဆောင် ခရီးထွက်နေစဉ် နေပြည်တော်၌ တစုံတရာ ဖြစ်ပွားနိုင်သည့် အရိပ်အယောင်တွေ့ပါက ဗုံးခွဲ လုပ်ကြံရန် ကြိုးပမ်းမှု ခေါင်းစဉ်ဖြင့် ဖမ်းဆီးခံရမည်ဟု ၎င်းက သုံးသပ်သည်။

နေပြည်တော် လေဆိပ် ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ နီးစပ်သည့် တော်လှန်ရေး သတင်းရင်းမြစ်များအား မေးမြန်းရာ ၎င်းတို့လက်ချက် မဟုတ်ကြောင်း ပြန်လည် ဖြေကြားထားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ တရုတ်ခရီးစဉ် မတိုင်မီ PARAGON ဆိုသည့် ယခင် ဗိုလ်ချုပ်ကြီးခင်ညွှန့် ၏ စစ်ထောက်လှမ်းရေး အကြီးအကဲများဖြင့် ဖွဲ့စည့်ထားသည့် အဖွဲ့က တရုတ်သို့ ကြိုတင် သွားရောက်၍ တရုတ် အစိုးရ မူဝါဒရေးရာ အကြံပေးများနှင့် ဆွေးနွေးမှုများ ရှိခဲ့သည်။

ယခုအခါ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သည် တရုတ်နိုင်ငံ သို့ ရောက်ရှိနေပြီး ပေကျင်းမြို့ရှိ Hualuxe Hotel တွင် တရုတ် လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ လျှပ်စစ် ထုတ်လုပ်ရေး ဦးစားပေး ဆွေးနွေးနေသည်ဟု သိရသည်။

အဆိုပါ ခရီးစဉ် အတွင်း စစ်ခေါင်းဆောင်၏ လူယုံတော်များ ဖြစ်သည့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဗိုလ်ချုပ်ကြီး ညိုစော တို့လိုက်ပါသွားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...