Wednesday, January 28, 2026

မိုင်းနောင်မြို့အနီး ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီက လမ်းများပိတ်ထား

သျှမ်ပြည် မိုင်းနောင်မြို့အနီးတွင် ယနေ့ (ဇန်နဝါရီ ၁၀ရက် ) နံနက် ၂နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီက လမ်းများကို ပိတ်ထားကြောင်း စုံစမ်းသိရသည်။

ယနေ့ ( ဇန်နဝါရီလ ၁၀ ရက် ) နံနက် ၂ နာရီဝန်းကျင် ကျေးသီးမြို့နှင့် မိုင်းနောင်မြို့ကြားရှိ မိုင်းနန်းကျေးရွာ အနီးတွင် ဗုံးပေါက်ကွဲမှုကြောင့် ထိုရွာရှိစစ်ကောင်စီ စစ်ဆေးရေးဂိတ်က ယနေ့ မနက်ပိုင်းတွင် လမ်းများကို ပိတ်ထားကြောင်း ကျေးသီးမြို့ ‌ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့က နေ့လည်ကော ဒီနေ့ မနက်ကော ဗုံးတွေကွဲလို့ စစ်ကောင်စီက သူတို့လူကြီးတွေနဲ့ အစည်းဝေး လုပ်နေတယ် ပြောပြီး ဒီမနက်ကပဲ ပေးမဖြတ်တာ။ကျနော်တို့က ကျေးသီးကနေ လဲချားကိုသွားတာက သွားလို့ရတယ်။ လဲချားကနေ ကျေးသီးကို သွားရင်သွားလို့မရတာ။”ဟု ကျေးသီးမြို့ ‌ဒေသခံအမျိုးသား တစ်ဦးကပြောသည်။

ထို မိုင်းနန်းကျေးရွာရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်က ကျေးသီးသို့သွားမည့်ကားများကို ပေးမဖြတ်သည့် အတွက်ကြောင့် ၎င်းကျေးရွာတွင် ဘုရားဖူးယာဉ်နှင့် ခရီးသည်ယာဉ်များ ပိတ်မိနေကြောင်း ကျေးသီးမြို့ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

မိုင်းကွဲသည့် မိုင်းနန်းကျေးရွာအနီး

“ဒီနေ့ မနက် ကျနော်တို့ ကျေးသီး ကနေ လဲချားကိုလာတုန်းကတော့ အဲ့ရွာမှာဘုရားဖူးကားတွေ နဲ့ ခရီးသွားကားတွေ လမ်းဘေးမှာ အစီး ၂၀ ၊ ၃၀ လောက်က ကွင်းပြင်ထဲမှာ ထိုးရပ်ထားတာ။ ပိတ်တာက ရွာထဲမှာကို ပိတ်ထားတာ။ မိုင်းဖုန်းကတွေပြန်လာတဲ့ ကားတွေက စပိတ်မိနေတာပေါ့”ဟု ၎င်းက ပြောသည်။

ထို့ပြင် ကျေးသီးမြို့အနီး စစ်ကောင်စီ၏ ကောင်းလန်း စစ်ဆေးရေးဂိတ်တွင် ‌ထောက်ခံစာများ နှင့် ကုန်ပစ္စည်းများကို စစ်ဆေးမှု ကြမ်းတမ်းနေပြီး၊ တားမြစ်ထားသည့် ကုန်ပစ္စည်းများတင်လာသည့် အချို့ကားများကို ပြန်လှည့်ခိုင်းနေကြောင်း သိရသည်။

“အဲ့ဘက်မှာကတော့ သူတို့ မြောက်ပိုင်းဘက်ကို ကုန်ပစ္စည်းတွေ သယ်ဖို့တားမြစ်ကတည်းက ဖြစ်နေတာ။ သူတို့က စက်သုံးဆီနဲ့ ကုန်ပစ္စည်းတချို့တွေကို လုံးဝပေးမဖြတ်တာ ပြီးတော့ ပြန်လှည့်ခိုင်းတာပေါ့။ မြောက်ပိုင်းနဲ့ တောင်းပိုင်း ကိုသွားတဲ့ ကောင်းလန်းတံတားမှာပါ။”ဟု ကျေးသီးမြို့ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်ထပ်များထံ ဆုံးရှုံးထားသည့် သျှမ်းပြည်မြောက်ပိုင်းရှိ မြို့ကြီးများကို ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေသည့်အပြင် ယခုကဲ့သို့ လမ်းပိတ်ဆို့ခြင်းဖြင့် ဒေသနေ ပြည်သူများကို စားနပ်ရိက္ခာ ဖြတ်တောက်နေခြင်းဖြစ်သည်။

မိုင်းနောင်မြို့နှင့် ကျေးသီးမြို့တို့တွင် ရှမ်းပြည်တိုးတက်ရေးပါတီ-ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်နှင့် စစ်ကောင်စီတို့သာ သွားလာလှုပ်ရှားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူ နည်းပါး

0
သျှမ်းပြည်တောင်ပိုင်း ကျေးသီးနှင့် မိုင်းရှူးမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးသူ နည်းပါးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၂၅ ရက်) တွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲ၌ ကျေးသီးမြို့နယ်မှ ဆန္ဒမဲပေးသူ နည်းပါးခြင်းကြောင့် ရပ်ကွက်အတွင်း သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက ဆန္ဒမဲထည့်ရန် လိုက်လံဆော်သြခဲ့ရကြောင်း ကျေးသီးမြို့နယ်...
MongNawng_ID_Check

နိုင်ငံရေးပုဒ်မ ၅၀၅-က ဖြေလျော့သော်လည်း စစ်တပ်ဂိတ်များတွင် PSMS စနစ်ဖြင့် စစ်ဆေးတင်းကြပ်နေဆဲ

0
စစ်ကော်မရှင်မှ နိုင်ငံရေးပုဒ်မဖြစ်သည့် ၅၀၅-က ကို ဖြေလျှော့ပေးခဲ့သော်လည်း သျှမ်းပြည်အတွင်း ကျေးသီးမြို့နယ် မိုင်းနောင်မြို့ရှိ စစ်ဆေးရေးဂိတ်များတွင် PSMS အက်ပလီကေးရှင်းသုံး၍ စစ်ဆေးမှု တင်းကြပ်နေဆဲဖြစ်ကြောင်း စုံစမ်းသိရသည်။
Mong_Nawng_Intersection

သျှမ်းပြည်အလယ်ပိုင်းတွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လှုပ်ရှားနေ

0
စစ်ကော်မရှင် ထိန်းချုပ်ထားသည့် သျှမ်းပြည်အလယ်ပိုင်းဒေသတွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ ဆက်လက်လည်ပတ် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

မိုင်းနောင် ပြည်သူ့စစ်ထမ်းရမည့်သူများကို ကျေးသီးမြို့နယ်သို့ ပို့ဆောင်မည်ဟုဆို

0
သျှမ်းပြည် တောင်ပိုင်း ကျေးသီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မိုင်းနောင်မြို့ပေါ်နေ ဒေသခံများကို ပြည်သူ့စစ်မှုထမ်းအပတ်စဉ်သစ်အတွက် လူတောင်းခံခဲ့ကြောင်း သတင်းရရှိသည်။ ကျေးသီးမြို့နယ် စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဇွန်လ နောက်ဆုံးပတ်အတွင်း မိုင်းနောင်မြို့ပေါ်ရပ်ကွက်နေ ပြည်သူများကို စစ်မှုထမ်းအပတ်စဉ်သစ် အတွက် ခေါ်ယူရာရန်ကိစ္စနှင့်ပတ်သက်ပြီး မြို့လယ်ခန်းမတွင် အစည်းဝေးခေါ်ခဲ့ကြောင်း မိုင်းနောင်မြို့ဒေသခံမျိုးသား တစ်ဦးက...

ကျေးသီးမြို့နယ် စစ်ကောင်စီ စစ်ဆေးရေးဂိတ် စစ်ဆေးတင်းကြပ်ပြီး ငွေညှစ်နေ

0
သျှမ်းပြည် ကျေးသီးမြို့နယ်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုတင်းကြပ်၍ ငွေညှစ် တောင်းခံနေကြောင်း သတင်းရရှိသည်။ ကျေးသီးမြို့နယ် မိုင်းနန်းကျေးရွာရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၂၈၆) စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာနေသည့် ကားသမားနှင့် ခရီးသွား ပြည်သူများကို စစ်ဆေးမှု တင်းကြပ်၍ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ကားသမားတစ်ဦးက သျှမ်းသံ‌တော်ဆင့်ကို...