Sunday, May 5, 2024

လားရှိုး Fully Light ဟိုတယ် အနီးပေါက်ကွဲမှုနောက် စစ်ကောင်စီ လုံခြုံရေးတင်းကြပ်ထား

Must read

သျှမ်းပြည် လားရှိုးမြို့၊ အမှတ် (၂) ရပ်ကွက်တွင် ရှိသည့် Fully Light ဟိုတယ် အနီး၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက လုံခြုံရေး တင်းကြပ်လာကြောင်း စုံစမ်းသိရသည်။

Full Light ဟိုတယ်

ယမန်နေ့ ဇွန်လ ၉ ရက်နေ့ ည ၇ နာရီဝန်းကျင် တွင် လားရှိုးမြို့ ၊ အမှတ် (၂) ရပ်ကွက်ရှိ Fully Light ဟိုတယ် အနီး၌ ဗုံးနှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းကြောင့် လုံခြုံရေး အင်အားများ တိုးချဲ့ချထားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“လူသွားလူလာများတဲ့ အချိန်ကိုမှ ဗုံးပေါက်ကွဲမှုဖြစ်တာ။ လူ ထိခိုက်မှုတော့ မရှိပေမယ့် အဲ့နားမှာ ရပ်ထားတဲ့ ကားတွေကိုတော့ ထိသွားတယ်။ ၃ စီးပျက်စီးတယ်လို့ သိရတယ်။ ဗုံးနှစ်လုံးက ရှေ့ဆင့်နောက်ဆင့် ပေါက်တာ၊ မနေ့ညကနေ ဒီနေ့ အထိ အဲ့နားတစ်ဝိုက် စစ်ကောင်စီ လုံခြုံရေးအင်အား ချထားတယ်” ဟု လားရှိုးမြို့နေ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုသည် မည်သည့် အဖွဲ့အစည်း၏ လက်ချက်ဖြစ်သည်ကို သျှမ်းသံတော်ဆင့်မှ ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါသည်။

ယင်းဗုံးပေါက်ကွဲမှု ပြီးသည့်နောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ကားဖြင့် မြို့ပတ်ခြင်းများ ၂ ကြိမ်ထက် မနည်း လုပ်ဆောင်လာခဲ့ကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။

“လားရှိုးမှာကလည်း ဗုံးပေါက်ကွဲက မကြာခဏတော့ ဖြစ်လေ့ရှိပါတယ်။ မနေ့ကတော့ ပုံမှန်အခြေအနေကနေ ရုတ်တရပ် ဗုံးပေါက်တော့ လန့်ကြတာပေါ့။ စစ်ကောင်စီကလည်း ကားနဲ့ မြို့တွေပတ်တယ်။” ဟု အထက်ပါ ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့တွင်လည်း လားရှိုးမြို့ပေါ်ရှိ စစ်ကောင်စီ လက်အောက်ခံ အမှတ် (၂) ရဲစခန်း အပါအဝင် စစ်ကောင်စီ စခန်း နှစ်နေရာက တိုက်ခိုက်ခြင်း ခံခဲ့ရသည်။

ပြီးခဲ့သည့် ဇွန်လ ၄ ရက်တွင်လည်း သိန္နီမြို့နယ်အတွင်း နှင့် သိန္နီမြို့အဝင် တံတားနား၌ ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article