လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့ ရပ်ကွက် ၃ အတွင်းရှိ ဆိုင်ခန်းရှေ့၌ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း စုံစမ်းသိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၃၀ ရက်) မွန်းလွှဲ ၂ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် ၃ ၊ သီရိလမ်းပေါ်ရှိ DR ကုန်မာဆိုင်ရှေ့၌ ဆိုင်ကယ်အတွင်း ထည့်ထားသော ဗုံးနှစ်လုံး ပေါက်ကွဲ မှုကြောင့် လမ်းသွားလမ်းလာ ကလေးငယ်အပါအဝင် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့ဒေသခံ အမျိုးသား တစ်ဦးက ပြောသည်။

“ဗုံးကိုဆိုင်ကယ် တူးဘောက်ထဲထည့်ပြီး လာရပ်ထားတာ။ နေ့လည်ပိုင်း လူသွား၊လူလာများတဲ့ အချိန်မှာ ပေါက်ကွဲသွားတာ။ ပြည်သူ ၃ ဦးထိတယ်။ အသက် ၆ နှစ်အရွယ်ကလေးတစ်ဦးနဲ့ အသက် ၄၀ ကျော် ၅၀ ဝန်းကျင် အမျိုးသား ၂ ယောက် ဒဏ်ရာရတယ်” ဟု ၎င်းအမျိုးသားတစ်ဦးက ပြောသည်။

ယင်းပေါက်ကွဲမှု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထိခိုက်ဒဏ်ရာရသူ ပြည်သူ ၃ ဦးကို လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် လားရှိုးမြို့တွင် လုံခြုံရေးအားနည်းခြင်းကြောင့် မကြာခဏ ဗုံးပေါက်ကွဲမှု ဖြစ်ပွားနေလျက်ရှိပြီး ပေါက်ကွဲမှုဖြစ်စဉ်အများစုမှာ ဆိုင်ကယ်အတွင်း ထည့်ထားသော ဗုံးများ ဖြစ်ကြောင်း ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ စက်တင်ဘာလ ၂၇ ရက်တွင်လည်း လားရှိုးမြို့ရှိ Denko စက်သုံးဆီဆီုင်အတွင်း ဆိုင်ကယ်တူးဘောက်ထဲမှ ဗုံးပေါက်ကွဲမှုကြောင့် ပြည်သူ ၂ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လားရှိုးမြို့ ဒေသခံတစ်ဦးက “လားရှိုးမြို့မှာ ဘယ်သူ့မှလုံခြုံရေး ကောင်းကောင်းမလုပ်ပေးနိုင်ဘူး။ လုံခြုံရေး လုံးဝမရှိဘူး။ များသောအားဖြင့်တော့ အပြင်ကလူတွေဝင်လာများလို့ အခုလို ဒုစရိုက်တွေက များလာတာပေါ့။ အဲ့ဒီလိုဗုံးလာထောင်တဲ့သူတွေလည်း ပိုက်ဆံလာတောင်းတာ မရလို့ အခုလိုလုပ်ကြ တာလို့ယူဆတယ်” ဟု ပြောသည်။

လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အပြင် ပြည်သူ့စစ်အဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ကြသည့် SSPP/SSA၊ TNLA ၊ MNDAAစသည့်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့များ လှုပ်ရှားနေသည်။

သို့သော် လားရှိုးမြို့ပေါ်တွင် မကြာခဏ ဖြစ်ပွားနေသည့် ဗုံးပေါက်ကွဲမှု၊ ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှုနှင့် ဆက်စပ်သူ တရားခံများကို သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းမှ ဖမ်းဆီးဆောင်ရွက်ပေးခြင်း မရှိကြောင်း၊ အဆိုပါ တရားခံများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများက ဆက်စပ်နေသည်ဟု သံသယရှိကြောင်း ဒေသခံများက ပြောဆိုနေလျက်ရှိသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

လားရှိုးမြို့တွင်း ရှော့တိုက်ဒုံးကျပေါက်ကွဲပြီးနောက် ဒေသခံများ တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် စစ်ကော်မရှင် တပ်နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာနိုင်မည်ကို ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။ လားရှိုးမြို့ အတွင်း ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲပြီးနောက် ပြည်သူများသည် စက်သုံးဆီနှင့် အခြေခံစားသောက်ကုန်များကို အလျင်အမြန် ဝယ်ယူစုဆောင်းနေကြကြောင်း လားရှိုးမြို့...

လားရှိုးမြို့ ရှော့တိုက်ဒုံး ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဇူလိုင် ၉ ရက်) ယနေ့ ညနေ ၅ နာရီဝန်းကျင်တွင် လားရှိုးမြို့ ရပ်ကွက် (၆) နှင့် ရပ်ကွက် (၁၀) အတွင်းသို့...