Wednesday, January 28, 2026

ကွတ်ခိုင်-သိန္နီ လမ်းမကြီးပေါ် စစ်ကောင်စီ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်

သျှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်- သိန္နီ လမ်းမပေါ် သိန္နီမြို့ အဝင် ယနေ့ (ဇွန် ၁၀)ရက် မနက် ၉ နာရီကျော်တွင် စစ်ကောင်စီမှ လက်နက်ကြီးဖြင့် တဖက်သတ်ပစ်ခတ်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ မှ ယနေ့ မနက် (၉ )နာရီကျော်မှ (၁၀)နာရီခွဲကျော်ထိ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် တဖက်သတ် ပစ်ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်သည့်အချိန် ကားလမ်းယာယီပိတ်ထားကြောင်း ကွတ်ခိုင်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့် က ပြောသည်။

“ တစ်ဖက်အသံပဲကြားရတယ်။ သူတို့လမ်းပေါ်နေပြီး မှန်းပြီးပစ်နေတာ။ ဘယ်သူ့ကို ထိချင်ထိအဲ့လို ပစ်သွားတာ။ သူများ သူတို့ကို ချောင်းပစ်တယ်လို့ပြောတယ်။ ကားလမ်းတော့ ခဏပိတ်လိုက်ရတယ်” ဟု ကွက်ခိုင် ဒေသခံ တစ်ဦး က ပြောသည်။

ကွတ်ခိုင်မြို့နယ် အတွင်း ယနေ့ရမ်းသတ်ပစ်ခတ်သည့် တပ်သည် စစ်ကောင်စီ ၏ တပ်မ (၉၉) ဖြစ်ကြောင်း၊ ပစ်ခတ်သည့် အချိန်တွင် ကားလမ်းများ အတက်အဆင်း များ ပိတ်ထားကြောင်း သိရသည်။

“လမ်းတွေလည်း ပိတ်ထားတယ်။ သူတို့ပစ်ပစ်ပြီး ကားလမ်းတွေ ပြန်ဖွင့်ပေးတယ်။ သူတို့ပစ်တဲ့ အနီးနားရွာတွေက တော့ စိုးရိမ်ကြတယ်။ သူတို့က ရမ်းသမ်းပစ်တော့ ပြည်သူတွေကို ထိမှာကို ဂရုမစိုက်ဘူး။” ဟု ၎င်း က ဆိုသည်။

ကွက်ခိုင်မြို့နယ်တွင် စစ်ကောင် နှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်များသည် ကိုးကန့် (MNDAA)၊ တအာင်း(ပလောင်) TNLA နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ လှုပ်ရှားသည့် နယ်မြေဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...