Tuesday, January 27, 2026

လားရှိုးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ တာဝန်မှရပ်နားရန် KIA/KIO ညွှန်ကြား

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူး များအားလုံး CDM ဝင်၊ အလုပ်နားကြရန် ကချင်လွတ်လပ်ရေး တပ်မတော်တပ်ဖွဲ့ (KIA/KIO) က စာထုတ်ညွှန်ကြားထားကြောင်း စုံစမ်းသိရသည်။

ဇွန်လ ၆ ရက်နေ့က သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့အရှေ့ဘက် မိုင် ၃၀ ခန့်အကွာရှိ မိုင်းယော် တိုက်နယ် နောင်ပစ်ကျေးရွာတွင် အုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာလူကြီးများ အပါအဝင် ရွာသူ/ရွာသား၂၀၀ ခန့်ကို KIA/KIO ကအစည်း အဝေးခေါ်ပြီး မိုင်းယော်မြို့ နယ်အတွင်းရှိ အုပ်စုအုပ်ချုပ်ရေးမှူးများ အားလုံးကို လက်ရှိတာဝန်မှ ရပ်နားရန် ညွှန်ကြားကြောင်း သိရသည်။

“၆ ရက်နေ့ကစပြီး KIO/KIA က မိုင်းယော်မြို့နယ်ထဲမှာရှိနေတဲ့ အုပ်စုအုပ်ချုပ်ရေးမှူးတွေကို ခေါ်ယူတွေ့ဆုံပြီး တာဝန်ကနေ ရပ်နားခိုင်းတယ်၊ ရွာသားတွေကို ကော်မတီ အသစ်ဖွဲ့ခိုင်းပြီးတော့ အုပ်စုအုပ်ချုပ်ရေးမှူး အသစ်ရွေးခိုင်း တယ်၊ ပြီးတော့ အုပ်စုအုပ်ချုပ်ရေးတံဆိပ်တုံးအားလုံးကိုလည်း သူတို့ကိုအပ်ဖို့ပြောတယ်” ဟု မိုင်းယော် တိုက်နယ်အတွင်းမှ ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ တာဝန်ထမ်းဆောင်နေသော မိုင်းယော်မြို့နယ်အတွင်းရှိ အုပ်စုအုပ်ချုပ်ရေးမှူးများ အားလုံးသည် ပြည်သူမှ ရွေးကောက်တင်မြှောက်ထားသူများ ဖြစ်သည့်အတွက် ညွှန်ကြားချက် အတိုင်းသာ လုပ်ဆောင်မည် ဆိုပါက ပြည်သူများ ပိုမိုခက်ခဲကြပ်တည်းမည်ကို စိုးရိမ်ရကြောင်းလည်း ဒေသခံတစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“လက်ရှိကျနော်တို့ရဲ့ အုပ်စုအုပ်ချုပ်ရေးမှူးက စစ်ကောင်စီတွေ ရွေးထားတဲ့သူတွေ မဟုတ်ပါဘူး၊ ကျနော်တို့ ပြည်သူတွေကနေ တင်မြှောက်ထားတဲ့သူတွေပဲဖြစ်တယ်၊ အခု KIO/KIA ခိုင်းသလို အုပ်စု အုပ်ချုပ်ရေးမှူးတွေက CDM လုပ်ခိုင်းပြီး အုပ်ချုပ်ရေးမှူးအသစ်တင်လိုက်ရင် စစ်ကောင်စီက ကျနော်တို့ ပြည်သူတွေကို ထင်တိုင်းကြဲပြီး နှိပ်စက်ကြမှာ” ဟု ၎င်းကပြောသည်။

KIO/KIA အနေဖြင့် အမိန့်ပေး ညွှန်ကြားထားသလို လုပ်ဆောင်လျှင် လုံခြုံရေးအတွက် တာဝန်ယူကြောင်း နှင့် အကယ်၍ လိုက်နာလုပ်ဆောင်ခြင်းမပြုပါက အရေးယူ အပြစ်ပေးခြင်းခံရမည်ဟု ဆိုသည်။

“KIO/KIA အခုလို လုပ်တာက အုပ်စုအုပ်ချုပ်ရေးမှူးတွေမကဘဲ ရွာသူ/ရွာသားတွေကလည်းအခက်တွေ့ စေပါတယ်၊ အုပ်စုအုပ်ချုပ်ရေးမှူးတံဆိပ်တုံးအားလုံးကို အပ်ဖို့ဆိုတာကလည်း သူတို့က အဲ့တံဆိပ်တုံးနဲ့ ဘာသွားလုပ်မလဲဆိုတာ တွေးစရာဖြစ်လာတယ်” ဟု မိုင်းယော်ဒေသခံ လူငယ်တစ်ဉီးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

အုပ်စုအုပ်ချုပ်ရေးမှူးသစ်ရွေးကောက်တင်မြှောက်ပါက စစ်ကောင်စီတို့၏ မတရားဖမ်းဆီးမှုများနှင့် အကြမ်းဖက် တိုက်ခိုက်မှုများခံရမည်ကို ဒေသခံများကစိုးရိမ်နေကြပါသည်။

ဇွန်လ ၁၀ ရက် နောက်ဆုံးသိရသည့်သတင်းအရ လက်ရှိတွင် မိုင်းကျက် ၊ မိုင်းဟက်၊မိုင်းတင်၊ မိုင်းယော်၊ မိုင်းယန်းအုပ်စုအုပ်ချုပ်ရေးမှူးများ လုပ်ငန်းတာဝန်ရပ်ထားရပြီးဖြစ်ကြောင်း၊ ဒေသတွင်းကျန်းမာရေးဌာနများတွင်လည်း ၎င်းတို့မှ ကျန်းမာရေးဝန်ထမ်းများ ဖြည့်စွက်ခန့်အပ်ပေးမည်ဟုပြောဆိုထားကြောင်း သိရသည်။

အဆိုပါ ကိစ္စနှင့်ပက်သက်ပြီ မိုင်းယော်တိုက်နယ်အတွင်း သွားလာလှုပ်ရှားနေသည့် KIO/KIA တာဝန်ရှိသူများနှင့် အဆက်အသွယ် ရရှိနိုင်ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း ဆက်သွယ်နိုင်ခြင်းမရှိပါ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

လားရှိုးမြို့နယ် ကျေးရွာအချို့တွင် MNDAA လုံခြုံရေးဖြင့် ရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ဆောင်နေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင် ရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်နိုင်ရန် စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ သွားရောက်ကြည့်ရှုခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဒီဇင်ဘာလ ၁၄ ရက်) နံနက်ပိုင်းတွင် လားရှိုးမြို့နယ်အတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် လားရှိုး-မိုင်းရယ် လမ်းမကြီးတလျှောက်ရှိ ကျေးရွာများတွင် ရွေးကောက်ပွဲ...

လားရှိုးမြို့နယ် MNDAA မှ ကျေးရွာတိုင်းနီးပါး တပ်သားသစ် အတင်းအကြပ် စုဆောင်းနေ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA မှ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း စုံစမ်းသိရသည်။ ကိုးကန့်တပ်ဖွဲ့ MNDAA သည် လားရှိုးမြို့ပေါ် ရပ်ကွက် (၁၂) ခုကို စစ်ကောင်စီထံ ဧပြီလအတွင်း ပြန်လည်အပ်နှံရပြီးနောက် လားရှိုးမြို့ပြင်ရှိ ကျေးရွာအားလုံးနီးပါးတွင် တပ်သားသစ် အတင်းအကြပ် စုဆောင်းနေကြောင်း...

လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စု FPNCC မဟာမိတ် (၃) ပွင့်ဆိုင် နယ်မြေစိုးမိုးမှုပြဿနာ

0
သျှမ်းပြည် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာအုပ်စုတွင် FPNCC အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ် များဖြစ်သည့် UWSA ၊ KIA နှင့် TNLA တို့အချင်းချင်းကြား နယ်မြေကိစ္စနှင့် ပတ်သက်ပြီး အငြင်းပွားနေကြောင်း စုံစမ်းသိရသည်။ ဖေဖော်ဝါရီ (၁၁) ရက်နေ့တွင် လားရှိုးမြို့နယ် ပန်ရှော်ကျေးရွာတွင် ကချင်လွတ်လပ်ရေးတပ် KIA မှ...

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် (KIO/KIA) ဌာနချုပ်လိုင်ဇာ ပြာကျသွားပြီဟု သတင်းအမှားဖြန့်

0
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့အစည်း (KIO/ KIA) ၏ဌာနာချုပ်ရှိရာ လိုင်ဇာမြို့သည် ပြာကျသွားပြီဟု ဖြန့်ချိနေလျက်ရှိသည်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် နေပြည်တော်အကောင့်မှ “ လိုင်ဇာပြာကျ ပြီပြောတယ်။ ဒီအချိန်ကတော့တစ်လမ်းဘဲရှိတော့တာ။ မပခနဲ့နယ်မြေအားလုံးသေဆုံး၊ ကျရှုံးတဲ့အထိ အဖြစ်ခံမလား၊ မြစ်ကြီးနား-ရွှေဘိုထိပြာကျခံမလား..”ဟု ရုပ်သံတစ်ခုဖြင့် ဖြန့်ချိထားသည်။ ထိုဝါဒဖြန့်ချိပိုစ့်ကို ကြည့်ရှူ့သူပေါင်း ၉ ထောင်ကျော်ရှိသည်။...