Monday, February 2, 2026

CATEGORY

လူ့အခွင့်အရေး

တောင်ကြီး ရိုးမဘဏ်အနီး ဗုံးပေါက်ကွဲမှု ဖြစ်

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ရိုးမဘဏ် အနီးတွင် ယနေ့( မေ ၁၇)ရက် နေ့လည် ၁နာရီကျော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ နေ့လည် (၁)နာရီ ဝန်းကျင်တွင် တောင်ကြီးမြို့ ရတနာသီရိ ရပ်ကွက်ဘက်ရှိ ရိုးမဘဏ် ဘေး ရေမြောင်းတွင်ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး လူထိခိုက်မှုမရှိကြောင်း တောင်ကြီး...

နမ္မတူမြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိပြီး ပွဲချင်းပြီးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး အမျိုးသား တစ်ဦး မြေမြုပ်မိုင်းနင်းမပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ မေ (၁၆)ရက် နေ့လည် ၁၂နာရီတွင် နမ္မတူမြို့နယ် ပန်လုံကျေးရွာအနီး တွင် လင်မယား (၂)ဦး ခြံသွားနေစဉ်၊ အမျိုးသားဖြစ်သူက ကျွဲသွားကျောင်းနေချိန် မြေမြုပ်မိုင်း နင်းမိကာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ အမျိုးသမီးလည်း...

မူဆယ်မြို့ IELTS အင်္ဂလိပ်စာသင်တန်းကျောင်း ကို စစ်ကောင်စီမှ ဝင်ရောက်ဖျက်ဆီး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် IELTS အင်္ဂလိပ်စာသင်တန်းကျောင်း ကို စစ်ကောင်စီ အုပ်စု မှ ယမန်နေ့ ( မေ ၁၆)ရက် နေ့လည်ပိုင်းတွင် ဝင်ရောက်ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ နေ့လည် (၁)နာရီ ကျော်တွင် စစ်ကောင်စီ ဝင်ရောက်ဖျက်ဆီးသွားသည့် IELTS အင်္ဂလိပ်စာသင်တန်းကျောင်း မှ ဆရာသည်...

နောင်ချိုမြို့ CDM ပညာရေးဝန်းထမ်းများကို နည်းမျိုးစုံ ခြိမ်းခြောက်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့၊ အာဏာဖီဆန် ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်နေသည့် ပညာရေးဝန်းထမ်းများကို မြို့နယ်ပညာရေးမှူး ရုံးက နည်းမျိုးစုံသုံးကာ ခြိမ်းခြောက်နေကြောင်း သတင်းရရှိသည်။ CDM လုပ်ဆောင်နေသည့် ပညာရေး ဝန်ထမ်းများကို မေ ၁၅ ရက်တွင် ကျောင်းသို့ လာပြီး ညှိနှိုင်းဆွေးနွေးရန် အတွက်ဆင့်ခေါ်စာများ နေအိမ်ထိ...

စစ်ကောင်စီတပ် ဝန်းရံထားသည့် မိုင်းယောင်းမြို့ ဗုံးပေါက်ကွဲမှု ထပ်မံဖြစ်ပွား

သျှမ်းရှေ့ စစ်ကောင်စီ ၏ တပ်စခန်းများ ဝန်းရံထားသည့် မိုင်းယောင်းမြို့နယ် ဟောင်ကြန့်အုပ်စု ကုက္ကိုလ်ပင်ရွာ တွင် ယနေ့ (မေ ၁၄)ရက် ည ၇နာရီခွဲဝန်းကျင် တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် အလံအလွန်ကျယ်ပြီး မြေကြီးတုန်ခါသွားကြောင်း၊ လူထိခိုက်မှုမရှိကြောင်းလည်း မျက်မြင်တွေ့ရှိသည့် မိုင်းယောင်းမြို့ ဒေသခံအမျိုးသား...

ဟုန်ပန်းကုမ္ပဏီ တာချီလိတ်လယ်မြေများ အဓမ္မခြံခတ်သိမ်း

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ် ဟောင်လိတ် ရပ်ကွက် ဝမ်းဟောင်ရွာ ရှိ ပြည်သူပိုင် လယ်ယာမြေများကို ဟုန်ပန်း ကုမ္ပဏီ ကခြံစည်းရိုးခတ် သိမ်းယူေနကြောင်း သတင်းရရှိသည်။ ဧပြီ ၉ ရက်တွင် ဟုန်ပန်းကုမ္ပဏီသည် စစ်ကောင်စီ အုပ်စုဖြစ်သည့် ရဲတပ်ဖွဲ့ကို အကာအကွယ်ယူပြီး တာချီလိတ် ပြည်သူများ ပိုင်ဆိုင်ပြီး သီးနှံစိုက်ပျိုးသည့်မြေပေါ်...

မိုးမောက်မြို့နယ်ထွေအုပ်ရုံး ဗုံးပေါက်ကွဲ ဝန်ထမ်း (၄)ဦး ဒဏ်ရာရ

ကချင်ပြည် မိုးမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးအတွင်း ဗုံး ပေါက်ကွဲမှုဖြစ်သဖြင့် ဝန်ထမ်း (၄) ဦး ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မေ (၁၄) ရက် မနက် ၁၁ ခန့်တွင် မြို့နယ်ထွေအုပ်ရုံးတွင်း မြို့နယ်စစ်ကောင်စီ နှင့် ရပ်ကျေး အုပ်ချုုပ်ရေးမှူးများ အစည်းဝေးပြီးချင်း၊ အစည်းအဝေး...

စစ်ကောင်စီ စစ်ဆေးမှု ကို လက်မခံသည့် အမျိုးသမီး သေနတ်ပစ်ခံရ

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အာဏာသိမ်းစစ်ကောင်စီ မှစစ်ဆေးမှုကိုလက်မခံသဖြင့် အမျိုးသမီး တစ်ဦး သေနတ်ပစ်ခံရကြောင်းသိရသည်။ တောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းတွင် မေ (၁၂)ရက် ညနေ (၃)နာရီတွင် စစ်ကောင်စီမှ ကား၊ဆိုင်ကယ်များကို ရပ်တန့်စစ်ဆေးနေစဉ် အမျိုးသမီးသမီး က ဆိုင်ကယ်လှည့်ထွက်သွားသဖြင့် စစ်ကောင်စီမှ သေနတ်ဖြင့် ပစ်လိုက်ကြောင်း၊ အမျိုးသမီး လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...

နမ့်ခမ်း ဈေးဆိုင်များထံ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ က ဆက်ကြေးကောက်

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ရှိ ဈေးဆိုင်များ ထံ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များက ဆက်ကြေးလိုက်လံ ကောက်ခံနေကြောင်း သတင်းရရှိသည်။ နမ့်ခမ်းမြို့ရှိ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ အအေးဆိုင်များ၊ စာရေးကိရိယာဆိုင်များ စသည့် ဆိုင်ဖွင့်ထားသည့် ဈေးသည်များထံ တိုင်းရင်းသားလက်နက်ကိုင်များက စာပို့ပြီး ဆက်ကြေးကောက်နေကြောင်း နမ့်ခမ်းဒေသခံများက ပြောဆိုကြသည်။ “မနေ့ညက ဖုန်းဆက်လာပြီး စားသောက်ဆိုင် တစ်ဆိုင်ကို...

နည်းပညာတက္ကသိုလ်(တောင်ကြီး) စစ်ကောင်စီလုံခြုံရေးယူထားချိန် ပေါက်ကွဲမှုဖြစ်၊ အရပ်သား တစ်ဦးသေ

တောင်ကြီးမြို့ နည်းပညာတက္ကသိုလ်အနီးတွင် ယနေ့ (မေ ၁၄)ရက် မနက် (၁၀)နာရီခွဲကျော်၌ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူတစ်ဦးသေဆုံး၊ တစ်ဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။ “ တစ်ယောက်သေတယ်။ သေသွားတဲ့ တယောက်က စိတ်သိပ်မမှန်ဘူး။ ကျန်တဲ့တစ်ယောက် ဒဏ်ရာရထားတယ်။ လက်ရှိတော့ဆေးရုံးမှာ။ ခြေနေဘယ်လိုရှိလဲတော့မသိရသေးဘူး။” ဟု တောင်ကြီးမြို့ ဒေသခံတစ်ဦးက...

Latest news