Wednesday, January 28, 2026

ကရင်နီပြည် စစ်ရှောင်များအတွက် စားနပ်ရိက္ခာ၊ဆေးဝါး ခက်ခဲနေ

ကရင်နီပြည် (ကယားပြည်) တွင်းရှိ စစ်ရှောင်များသည် စားနပ်ရိက္ခာများ၊ဆေးဝါးများ အခက်အခဲ နေကြောင်း စုံစမ်းသိရှိရသည်။

စစ်ကောင်စီ နှင့် ကယားပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့ တို့တိုက်ပွဲကြောင်း စစ်ရှောင်များ နေရပ်သို့ အများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သတင်းရရှိသည်။

“တစ်ချို့နေရာမှာ စစ်ရှောင်တွေကတော့ ရိက္ခာပြတ်၊ ဆေးဝါးပြတ်နေတယ်။တစ်ချို့နေရာကျတော့ တစ်ပတ်စာလောက်ပဲကျန်တော့တယ်။ နေရာတိုင်းမှာ စစ်ကောင်စီတွေ နေရာယူထားတယ်။ တပ်စွဲထားတယ်” ဟု ဒီမော့ဆို စစ်ရှောင်တစ်ဦး ကပြောသည်။

မေလနှောင်းပိုင်း မှစတင်ပြီး နှစ်ဖက်တိုက်ပွဲကြောင့် ကရင်နီပြည်ရှိ ဒီမော့ဆို၊ဖရူဆို၊ မိုးဗြဲ နှင့် လွိုင်ကော် စသည်မြို့များ သည် ဒေသခံ ပြည်သူများ ထွက်ပြေး ယနေ့ချိန်ထိ ထွက်ပြေး တိမ်းရှောင်ခဲ့ရ ကြောင်း စုံစမ်းသိရှိရသည်။

“တောထဲမှာပဲ အဆင်ပြေသလို နေကြတာ။ စစ်ရှောင်စခန်းက ခုထိ အတည်တကျ မထောင်နိုင်သေးဘူး။မြို့ပေါ် နဲ့ မြို့နဲ့ နီးတဲ့ ရွာတွေ အကုန်ရှောင်ကြတယ်။ ဘုရားကျောင်းတွေမှာလည်း အစက စစ်ရှောင်တွေ သွားကြတယ်။ လက်နက်ကြီးတွေ နဲ့ချလို့ ထပ်ရွေ့လိုက်ရတယ်။ အလံဖြူထောင်ထားတဲ့ ဘုရားကျောင်းတွေကိုလည်း ပစ်တာ။ တစ်ချို့လည်း အိမ်တွေ ပျက်ကုန်ပြီ” ဟု ဒီမော့ဆို စစ်ရှောင် တစ်ဦးကပြောသည်။

ဇွန် (၁၁) ရက်တွင် သျှမ်း – ကရင်နီနယ်စပ်ဖြစ်သည့် မိုးဗြဲမြို့အနီးရှိ လွယ်ယင်းတောင်ခြေမှာ စစ်ဘေးရှောင်ပြည်သူများ အတွက် ပေးပို့သည့် ဆန်၊ ဆေးဝါးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည်။

“သူတို့ မီးရှို့ ဖျက်ဆီးတာ ဆန်အိတ် (၈၀) လောက်ရှိမယ်။ စစ်ရှောင်အတွက် ပို့တဲ့ပစ္စည်းသွားထုတ်လည်း ဖမ်းခံရတယ်။ စစ်ကောင်စီက စစ်ရှောင်အတွက် လှူလည်း ဖမ်းနေတယ်” ဟု စစ်ဘေးရှောင်ကူညီပေးနေသူတစ်ဦးက ထပ်လောင်းပြောသည်။

လက်ရှိမှာ ကရင်နီစစ်ရှောင်တွေ အားလုံး (၁) သိန်းကျော်လောက်ရှိလာပြီဖြစ်ကြောင်း၊ စစ်ရှောင်စခန်းသီးသန့်မရှိဘဲ တောထဲတွင်သာ ရှောင်နေရကြောင်း စစ်ဘေးရှောင် ကူညီပေးသည့် သူ တစ်ဦးကပြောသည်။

ကရင်နီပြည် တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေသူ တစ်သိန်းကျော်ရှိပြီး ဒီးမော့ဆိုမြို့နယ်သည် စစ်ရှောင်ဦးရေ အများဆုံးဖြစ်ပြီး တစ်ချို့သော စစ်ဘေးရှောင်များသည် အသက်လွတ်ရုံသာ ပြေးနေရသည့်အတွက် နေရာထိုင်ခင်း အခက်ခဲရှိကြောင်း စုံစမ်းသိရှိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်ဘေးရှောင် တစ်ထောင် ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ရှောင် ၅၀၀...

နေရပ်မပြန်နိုင်သေးသည့် ပင်လောင်းမြို့နယ် စစ်ဘေးရှောင် ၆,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာ အကူညီလိုအပ်

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် (၂) နှစ်ကျော်ကြာ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင် ဦးရေ (၆,၀၀၀) ဝန်းကျင်အတွက် စားနပ်ရိက္ခာ အကူအညီများလိုအပ်နေကြောင်း သိရသည်။ အဆိုပါ စစ်ဘေးရှောင်များသည် ပြီးခဲ့သော ၂၀၂၃ ခုနှစ် နှစ်ဦးပိုင်းက ပင်လောင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNA) ပူးပေါင်းတပ်နှင့်...

လားရှိုးရောက်စစ်ရှောင်များကို သျှမ်းပြည်ဝန်ကြီးချုပ် က ဆန်၊ဆီ ဟန်ပြ လာလှူ

0
သျှမ်းပြည် လားရှိုးမြို့ရောက် စစ်ဘေးရှောင်များအတွက် သျှမ်းပြည်ဝန်ကြီးချုပ် လှူဒါန်းခဲ့သည့် ဆန်အိတ်နှင့် ဆီပုံးများကို စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာများက ပြန်သယ်ယူသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၆ ရက်) တွင် လားရှိုးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များအတွက် စစ်ကော်မရှင်ခန့် သျှမ်းပြည်ဝန်ကြီးချုပ် ဦးအောင်အောင် လှူဒါန်းခဲ့သည့် ဆန်အိတ် (၁၄၀)...

တန့်ယန်းမြို့ လွယ်လွမ့်ပရဟိတပညာရေးကျောင်းတွင် စားနပ်ရိက္ခာအကူအညီလိုအပ်နေ

0
သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်းရှိ လွယ်လွမ့်ပရဟိတ ပညာရေးကျောင်းတွင် ကျောင်းသားဦးရေ များပြားလာခြင်းကြောင့် စားနပ်ရိက္ခာနှင့် စာရေးကိရိယာ အကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့ ရပ်ကွက်(၉) ဝမ်ကောင်းတွင် ဖွင့်လှစ်ထားသည့် လွယ်လွမ့်ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် တက်ရောက်နေသော မိဘမဲ့ကလေးများ၊ စစ်ဘေးရှောင်ကလေးများ စုစုပေါင်း (၂၀၀) ကျော်အတွက် စားနပ်ရိက္ခာနှင့်...

ပင်လောင်းမြို့နယ် တိုက်ပွဲကြောင့် အိမ်ခြေတစ်ထောင်ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် တိုက်ပွဲများကြောင့် အိမ်ခြေတစ်ထောင်ကျော် အတွက် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ အကူညီလိုအပ်နေကြောင်းစုံစမ်းသိရသည်။ ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာတွင် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ်နှင့် တော်လှန်ရေး အင်အားစုတို့ ပြီးခဲ့သည့် မေလ (၁၇)ရက်မှစ၍ တိုက်ပွဲများပြင်းထန်ခဲ့ပြီး၊ တိုင်ပွဲများကြောင့် ဆောင်းပြောင်းကျေးရွာရှိ အိမ်ခြေ ၁၀၀၀ ဝန်းကျင်ရှိ ဒေသခံများ...